ဟိုပုံးမြို့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(‌ပေါင်လင်း)နှင့် အစိုးရနည်းပညာအထက်တန်း‌ကျောင်း(ပင်းပက်)တို့တွင် ဝင်ခွင့်လျှောက်ထားနိုင်

ဟိုပုံး      မေ    ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ  ဒေသ ဟိုပုံးမြို့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေး    အထက်တန်းကျောင်း (‌ပေါင်လင်း)နှင့်  အစိုးရနည်းပညာ အထက်တန်းကျောင်း (ပင်းပက်) တွင် ကျောင်းသား ကျောင်းသူများ ဝင်ခွင့်လျှောက်ထားနိုင်ကြောင်းသိရသည်။ 
ထိုသို့ လျှောက်ထားရာတွင် ပအိုဝ်း    ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ  ဟိုပုံးမြို့နယ်၊     ဆီဆိုင် မြို့နယ်၊ ပင်လောင်းမြို့နယ်တို့မှ အခြေခံပညာ အလယ်တန်းဆင့် (Grade-9) ပြီးမြောက်အောင်မြင် ပြီးသည့် ကျောင်းသား ကျောင်းသူ များ လျှောက်ထားနိုင်မည် ဖြစ် သည်။ အဆိုပါ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊   မွေးမြူရေး အထက်တန်းကျောင်းနှင့် အစိုးရ နည်းပညာအထက်တန်းကျောင်း များတွင်    တက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများသည် အထက်တန်းအဆင့်   သင်ယူ နေစဉ်ကာလအတွင်း     စက်မှု နည်းပညာ၊ စိုက်ပျိုးရေး၊    မွေးမြူ ရေး စသည့်     အသက်မွေးဝမ်း ကျောင်း     အတတ်ပညာများကို သင်ယူ    တတ်မြောက်နိုင်မည့် အခွင့်အလမ်းများနှင့်     အလုပ် အကိုင်အခွင့်အလမ်းများ  ရရှိလာ မည်ဖြစ်သည်။  
စက်မှုနည်းပညာလမ်းကြောင်း တွင် အခြေခံပညာအထက်တန်း ဆင့်    ဘာသာရပ်များအပြင် အထူးပြု    ဘာသာရပ်သုံးမျိုး ဖြစ်သည့်   အဆောက်အဦနည်း ပညာ (Building Technology)၊ လျှပ်စစ်နည်းပညာ  (Electrical Technology) နှင့် စက်ပစ္စည်း အစိတ်အပိုင်းများ    ထုတ်လုပ် ခြင်းနည်းပညာ  (Machining Technology) ဘာသာရပ်များကို ပညာသင်ကာလ    သုံးနှစ်တွင် စာတွေ့/လက်တွေ့ဖြင့်  လုပ်ငန်း ခွင်အသင့်ဖြစ်စေမည့်   သင်ရိုး ညွှန်းတမ်းများ         အသုံးပြု၍ သင်ကြား   လေ့ကျင့်ပေးမည် ဖြစ်သည်။  အဆိုပါလမ်းကြောင်း တွင်         တက်ရောက်သည့် ကျောင်းသားများ       အတွက် ဆက်လက်သင်ယူနိုင်မည့် အခွင့် အလမ်းများမှာ အထူးအောင် (Credit) ဖြင့် အောင်မြင်သူများ သည် ပညာသင်နှစ်  ခြောက်နှစ် တက်ရောက်ရပြီး အင်ဂျင်နီယာဘွဲ့ (BE) ပေးအပ်သော    နည်းပညာ တက္ကသိုလ်များနှင့်  ပညာသင်နှစ် လေးနှစ်      တက်ရောက်ရပြီး နည်းပညာဘွဲ့ (B.Tech)  ပေးအပ် သော အစိုးရနည်းပညာ ကောလိပ် များသို့လည်းကောင်း၊  အဆင့်မီ (Qualified) ဖြင့်     အောင်မြင် သူများသည် ပညာသင်နှစ် သုံးနှစ် တက်ရောက်ရပြီး   အင်ဂျင်နီယာ  နည်းပညာဒီပလိုမာ     (AGTI Diploma) ပေးအပ်သော အစိုးရစက်မှုလက်မှုသိပ္ပံများသို့လည်းကောင်း ဆက်လက်တက်ရောက် နိုင်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)