ဝိုင်းမော်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ၆ ဦးသေဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု မဟုတ်မမှန်စွပ်စွဲရေးသားပြီး ဝါဒဖြန့်ဝေလျက်ရှိ

နေပြည်တော်    မေ   ၂၁        ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ၌    လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KIA သောင်းကျန်းသူများ နှစ်ဖက် တိုက်ပွဲများ   ဖြစ်ပွားလျက်ရှိရာ မေ ၂၀ ရက်က ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာသို့     လုံခြုံရေး တပ်ဖွဲ့ဝင်များ      ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါပေါက် ကွဲမှုကြောင့် ပြည်သူ ခြောက်ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာ များရရှိခဲ့သည်ဟု   မဟုတ်မမှန် စွပ်စွဲရေးသားထားသည့် သတင်း တု၊ သတင်းအမှားများကို တရား မဝင်    ပြည်ဖျက်မီဒီယာများက အထင်အမြင်လွဲမှားဖွယ် လုပ်ကြံ ရေးသားပြီး    ဝါဒဖြန့်ဝေလျက်ရှိ သည်ကို တွေ့ရသည်။ 
KIA သောင်းကျန်းသူများသည် ဝိုင်းမော်မြို့နယ်အတွင်း နယ်မြေ လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေး    တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်စခန်းများကို တိုက် ခိုက်ရာတွင်      ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများကို    ထောက်ထားငဲ့ညှာမှုမရှိဘဲ ကျေးရွာများအတွင်းမှ နေအိမ်များ နှင့် ပြည်သူများကို အကာအကွယ် ယူ    တိုက်ခိုက်ခြင်း၊     ၎င်းတို့၏ လုပ်ရပ်များကို ထောက်ခံအားပေး ခြင်းမရှိသည့်     ကျေးရွာများကို လက်နက်ကြီးများဖြင့် ရည်ရွယ် ချက်ရှိရှိ      ပစ်ခတ်ခြင်းများ လုပ်ဆောင်လျက်ရှိရာ ယခုဖြစ်စဉ် မှာလည်း ခတ်ချိုကျေးရွာမှ ဒေသခံ ပြည်သူများကြောက်ရွံ့ထိတ်လန့် စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အပေါ် အထင်အမြင်လွဲမှားစေရန် အတွက်    တရားမဝင်    ပြည်ဖျက် မီဒီယာများမှတစ်ဆင့် မဟုတ်မမှန် လုပ်ကြံရေးသားကာ   လှုံ့ဆော် ဝါဒဖြန့်ဝေနေခြင်းသာ    ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက    ၎င်း ကျေးရွာအတွင်းသို့ လက်နက်ကြီး ပစ်ခတ်မှုမရှိကြောင်း   လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ သိရသည်။
သတင်းစဉ်