KNDF အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ဖောက်ခွဲဖျက်ဆီးခဲ့သည့် ထီးစဲခါးတံတားအား ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးဖြစ်

နေပြည်တော်  မေ  ၂၁
ကယားပြည်နယ်    လွိုင်ကော် မြို့နယ်အတွင်း     လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ ဝင်များသည်  နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိစဉ် လွိုင်လင် လေးမြို့၏    မြောက်ဘက်မီတာ ၂၅၀၀ ခန့်အကွာရှိ အရှည်ပေ ၂၆၀၊ အကျယ်  ပေ ၃၀   ရှိ   ထီးစဲခါး တံတားအား KNDF အကြမ်းဖက် အဖွဲ့နှင့် PDF အမည်ခံ အကြမ်း ဖက်သမားများက       ဖောက်ခွဲ ဖျက်ဆီးထားသည်ကို  တွေ့ရှိရ သဖြင့်    လုံခြုံရေးတပ်ဖွဲ့ဝင်များက  အနီးကပ် လုံခြုံရေးဆောင်ရွက်ပြီး  ဆီဆိုင်မြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများဖြင့်    မေ    ၁၇ ရက်မှစတင်၍    ပြန်လည်ပြုပြင် ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့   ဆောင်ရွက်ခဲ့ရာတွင် ယခုအခါ    တံတားပြုပြင်ခြင်း လုပ်ငန်းများ    ဆောင်ရွက်ပြီးစီးပြီ ဖြစ်သဖြင့် ယာဉ်ကြီး/ယာဉ်ငယ် များ    ၁၃   တန်အထိ   ဖြတ်သန်း သွားလာနိုင်ပြီ          ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်