
မန္တလေး မေ ၁၈
၂ဝ၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီးဘော်လီဘော အားကစားပြိုင်ပွဲဗိုလ်လုပွဲတွင် နှစ်နှစ်ဆက်တိုက် ထိုက်ထိုက်တန်တန် အောင်ပွဲရရှိခဲ့သော မန္တလေး တိုင်းဒေသကြီး အမျိုးသမီးဘော်လီဘောအားကစားအသင်းသည် မန္တလေးမြို့ ကျုံးတောင်ဘက်ရှိ ၂၆ လမ်းနှင့် ၇၁ လမ်းထောင့် မန္တလးမြို့တော်ခန်းမရှေ့ ကြိုဆိုရေးမုခ်ဦးရှေ့သို့ မေ ၁၇ ရက် ညနေ ပိုင်းက နေပြည်တော်မှ မော်တော်ယာဉ်ဖြင့် ရောက်ရှိ ကြရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုး အောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရား သူကြီးချုပ်ဒေါ်ခင်သင်းဝေနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီး များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစား ဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ မန္တလေးတိုင်း ဒေသကြီး ဘော်လီဘောဆပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်း (အောင်သမာဓိစိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ ဦးထွန်းလင်း (လက်ရွေးစင်ဟောင်း)၊ အတွင်းရေးမှူး ဦးမြင့်ဆွေနှင့်အလုပ်အမှုဆောင်များ၊ မိဘပြည်သူများက အောင်ပွဲရ ဘော်လီဘောအသင်း အဖွဲ့ခေါင်းဆောင် လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးနိုင် ဦးဆောင်သော အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် တတိယဆုရ အမျိုးသားအသင်းမှ အုပ်ချုပ်သူနည်းပြများ အားကစားသမားများအား လှိုက်လှိုက်လှဲလှဲ ပန်းကုံးများစွပ်၍ ရင်းရင်းနှီးနှီး ဂုဏ်ပြုကြိုဆို နှုတ်ဆက်အားပေးကြသည်၊၊
ဆက်လက်၍ မြို့တော်ခန်းမ၌ ကြိုဆိုဂုဏ်ပြု ချီးမြှင့်ပွဲကိုကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်က ဂုဏ်ပြုအမှာစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ မန္တလေးတိုင်းဒေသ ကြီး ဘော်လီဘောအသင်းမှ အမျိုးသမီး ပထမ တံခွန်စိုက်ဆုဖလားအပ်နှံခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က နှစ်နှစ်ဆက်ပထမတံခွန်စိုက်ဆုဖလား ဆွတ်ခူးရရှိခဲ့သော အမျိုးသမီးဘော်လီဘော အသင်းအား ဂုဏ်ပြုဆုငွေကျပ် ၂၅ သိန်း၊ တတိယ ဆုရ အမျိုးသားဘော်လီဘောအသင်းအား ကျပ် ၁၀ သိန်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစား သမားဆုရရှိခဲ့သည့် မစုမွန်ဝင်းအား ကျပ်နှစ်သိန်း၊
စပေးဘော အကောင်းဆုံးကစားသမားဆုရရှိခဲ့သည့် မအိအိလင်း၊ ပင့်ထောင် အကောင်းဆုံးကစားသမားဆုရရှိခဲ့သည့် မနန္ဒာဝင်းပြည့်နှင့် အမျိုးသား ဘော်လီဘောအသင်းမှ ခုခံဆယ်မ အကောင်းဆုံးကစားသမားဆုရရှိခဲ့သည့် မောင်ဖြိုးမောင်မောင်ဦး တို့အား ဂုဏ်ပြုဆုငွေ ကျပ်တစ်သိန်းစီကိုလည်း ကောင်း၊ တိုင်းဒေသကြီး ဘော်လီဘောဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်း(အောင်သမာဓိစိန်ရွှေရတနာ ဆိုင်)က ပထမတံခွန်စိုက်ဆုဖလားရရှိခဲ့သော အမျိုး သမီး ဘော်လီဘောအသင်းအား ဂုဏ်ပြုဆုငွေ ကျပ် ၁၀ သိန်း၊ တတိယဆုရ အမျိုးသားဘော်လီဘော အသင်းအား ငွေကျပ် ငါးသိန်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုရရှိခဲ့သူ လေးဦးအား ဆုငွေကျပ်တစ်သိန်းစီ တို့ကို လည်းကောင်း ပေးအပ် ချီးမြှင့်ဂုဏ်ပြုခဲ့သည်၊၊ ထို့နောက် ပထမတံခွန်စိုက် ဆုရ အမျိုးသမီးဘော်လီဘောအသင်းမှ အသင်း ခေါင်းဆောင် မစောနန္ဒာမြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသားဘော်လီဘောပြိုင်ပွဲကို မေ ၇ ရက်မှ ၁၆ ရက်အထိ နေပြည်တော်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တင်မောင် - မန္တလေး