မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ပြေးခုန်ပစ်အားကစားသမား မောင်စိုးပေ ပါရီမသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိ

ရန်ကုန်   မတ်  ၁၇
မြန်မာနိုင်ငံ မသန်စွမ်းအားကစား အဖွဲ့ချုပ်မှ   ပြေးခုန်ပစ်အားကစား သမား မောင်စိုးပေသည် ပြင်သစ် နိုင်ငံ    Paris  မြို့တွင်  ဩဂုတ်  ၂၈ ရက်မှ စက်တင်ဘာ ၈ ရက် အထိ ကျင်းပမည့် ကမ္ဘာ့မသန်စွမ်း အားကစားပြိုင်ပွဲသို့     ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။ မောင်စိုး ပေသည်  အမျိုးသားမီတာ  ၁၀၀ နှင့် ၂၀၀ ပြိုင်ပွဲတို့တွင် ဆေးအဆင့် (T 64) (ဒူး အောက်တစ်ဖက်) ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရမည်    ဖြစ် သည်။ 
မောင်စိုးပေအနေဖြင့်   (၁၁) ကြိမ်မြောက်နှင့် (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်း  အားကစား ပြိုင်ပွဲများတွင်   မီတာ  ၁၀၀  နှင့် ၂၀၀ မှ ရွှေတံဆိပ်သုံးခုနှင့် ငွေ တံဆိပ်တစ်ခု၊ မီတာ ၄၀၀ မှ ကြေး တံဆိပ်တစ်ခု၊ မီတာ ၁၀၀ x ၄နှင့်  ၄၀၀ x ၄ လက်ဆင့်ကမ်းမှ ကြေး တံဆိပ်နှစ်ခုရရှိထားပြီး  တရုတ် နိုင်ငံ (၃)ကြိမ်မြောက် အာရှမသန် စွမ်းအားကစားပြိုင်ပွဲတွင် မီတာ ၁၀၀ နှင့် ၂၀၀ တို့တွင် ကြေးတံဆိပ် နှစ်ခု     ဆွတ်ခူးရရှိထားသော အားကစားသမားတစ်ဦးဖြစ်သည်။ 
မြန်မာနိုင်ငံ       မသန်စွမ်း အားကစားသမားအဖွဲ့ချုပ် ပြေး ခုန်ပစ်အသင်းအနေဖြင့် (၁၂) ကြိမ် မြောက်    အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၂ ခု၊ ငွေတံဆိပ် ၁၃ ခု၊ ကြေး တံဆိပ် ၁၀ ခုနှင့် (၃) ကြိမ်မြောက် အာရှမသန်စွမ်းကစားပြိုင်ပွဲတွင် ကြေးတံဆိပ် သုံးခုတို့ ရရှိခဲ့ပြီး အောင်မြင်မှုများရရှိခဲ့သော အသင်း ဖြစ်သည့်အားလျော်စွာ ယခုအခါ ပါရီမသန်စွမ်းအိုလံပစ်အားကစား ပြိုင်ပွဲသို့ အုပ်ချုပ်သူတစ်ဦး၊ နည်းပြ တစ်ဦးနှင့်အတူ         သွားရောက် ယှဉ်ပြိုင်နိုင်ရန်    အပြင်းအထန် လေ့ကျင့်လျက်ရှိကြောင်း သတင်း ရရှိသည်။
မြန်မာ့အလင်း