ဟားခါးမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထုတ်ချေးမှုများနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဟားခါး    မေ    ၁၇
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထုတ်ချေးမှုများနှင့် စပ်လျဉ်းသည့်    လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၄)ကို မေ ၁၆ ရက် မွန်းလွဲ  ၁ နာရီ  ခွဲက    ဟားခါးမြို့   ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ    ချင်းပြည်နယ် ဝန်ကြီးချုပ်   ဒေါက်တာဝုန်ဆွန်းထန်၊   ပြည်နယ် ဝန်ကြီးများ၊  ပြည်နယ်ဥပဒေချုပ်၊   ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ   ပြည်နယ်ဝန်ကြီးချုပ်က   နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေသည်   ချင်းပြည်နယ်၏   လူမှု စီးပွားဘဝ  ဖွံ့ဖြိုးတိုးတက်ရေး  အထောက်အကူပြု စေရန် ထုတ်ချေးပေးခြင်းဖြစ်သော်လည်း တရား ဥပဒေစိုးမိုးမှုအခြေအနေအရ    ပြည်သူလူထုထံသို့ ထုတ်ချေးပေးနိုင်မှု     အားနည်းနေသေးကြောင်း၊   ချေးငွေထုတ်ချေးပေးမှုနှင့်ပတ်သက်၍  လျင်မြန်မှု ထက်  လုံခြုံစိတ်ချရမှုကို   ဦးစားပေးမှသာ  စီမံကိန်း ရည်ရှည်တည်တံ့နိုင်မည်ဖြစ်သကဲ့သို့  မလိုအပ်ဘဲ ကြန့်ကြာမှုများမဖြစ်အောင်လည်း   အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်      ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ   ထုတ်ချေးပေးမှုနှင့်ပတ်သက်၍      မြို့နယ်အဆင့်  နိုင်ငံ့စီးပွားမြှင့်တင်ရေး      ရန်ပုံငွေစီမံခန့်ခွဲရေး ကော်မတီက     အရေးကြီးဆုံးဖြစ်ကြောင်း   ဆွေးနွေး တင်ပြသည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာ ကြသည့်   ဌာနဆိုင်ရာတာဝန်ရှိသူများက  ယခင် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် ပြီး၊ ဆောင်ရွက်ဆဲနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံ ငွေထုတ်ချေးပေးနိုင်မှုအခြေအနေ၊   တွေ့ကြုံနေရ သည့်    အခက်အခဲနှင့်   ဆက်လက်ဆောင်ရွက် ရမည့်အစီအမံများကို   ပါဝါပွိုင့်ဖြင့်  အသေးစိတ် ရှင်းလင်းတင်ပြမှုအပေါ်   ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
ခရိုင်(ပြန်/ဆက်)