
ညောင်ဦး မေ ၁၇
မြန်မာ - တရုတ်ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင် မှုဆိုင်ရာ ခရီးစဉ်အဖြစ် လိုက်ပါလာသည့် တရုတ် ခရီးသွားများသည် မေ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း သမိုင်းဝင် အထင်ကရဘုရားများ ဖူးမြော်လေ့လာကြပြီး သစ်ပင်စိုက်ပွဲတော်တွင် သစ်ပင်များစိုက်ပျိုးခဲ့ ကြောင်း သိရသည်။
မြန်မာ - တရုတ် ခရီးသွားမြှင့်တင်ရေးအဖွဲ့နှင့် ပူးပေါင်း၍ တရုတ်ခရီးသွားမြှင့်တင်ရေး ရင်းနှီး ကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (FAM Trip ) သည် ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ပုဂံခရီးစဉ်ဒေသသို့ ရောက်ရှိလာပြီး အာနန္ဒာဘုရား၊ ဓမ္မရံကြီးဘုရား၊ သဗ္ဗညုဘုရားတို့အား ဖူးမြော်လေ့လာကြပြီး ဦးဘငြိမ်း မြန်မာ့လက်မှု ယွန်းထည်လုပ်ငန်းအား လေ့လာခြင်းနှင့်အရောင်းပြခန်းရှိ ယွန်းထည်ပစ္စည်း များကို ကြည့်ရှုလေ့လာကြကာ ညနေပိုင်းတွင် နန္ဒာ စားသောက်ဆိုင်ရှိ မြန်မာ့ရိုးရာ အမြင့်သဘင်ရုပ်သေး ဖြင့် ကပြဖျော်ဖြေမှုများကို လေ့လာကြသည်။ မေ ၁၇ ရက် နံနက် ၇ နာရီတွင် အမှတ်(၆) ရပ်ကွက်ရှိ အောင်မြေသာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း အမှတ်တရသစ်ပင်များစိုက်ကြရာ ညောင်ဦးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် အဖွဲ့ဝင် များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ အဖွဲ့ဝင် ဦးဆန်းထွန်းဦး၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဦးဝင်းအောင်တို့က မြန်မာ - တရုတ် ခရီးသွား မြှင့်တင်ရေးအဖွဲ့ တရုတ်နိုင်ငံသူ နိုင်ငံသားများ သစ်ပင်စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ရွှေစည်းခုံဘုရားနှင့် မနူဟာဘုရား တို့အား ဖူးမြော်လေ့လာကြပြီး အမှတ်(၅)ရပ်ကွက်ရှိ ရွှေဂူ မိဘမဲ့ပရဟိတဘုန်းတော်ကြီးသင်ပညာရေး မူလွန်ကျောင်း ရှိ ကျောင်းသား ကျောင်းသူများအား စာရေးကိရိယာများ ပေးအပ်ကြသည်။ ထို့နောက် ညောင်ဦးမြို့ မဏိစည်သူဈေးကို ဆက်လက်လေ့လာ ကြပြီး ညနေပိုင်းတွင် နန်းမြင့်မျှော်စင်ပေါ်မှ ပုဂံ ဒေသ၏ နေဝင်ဆည်းဆာအလှကို ကြည့်ရှုလေ့လာ ခဲ့ကြောင်း သိရသည်။ ဒီပါလင်း