သဖန်းဆိပ်ရေလှောင်တမံဆည်ရေဖြင့် ယခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် နွေစပါး ၁၄၁၈၉၈ ဧကနှင့် အခြားသီးနှံ ၁၁၃၃၇၃ ဧက စိုက်ပျိုးနိုင်ခဲ့

မုံရွာ   မေ   ၁၇
နိုင်ငံတော်မှ      တည်ဆောက်ထားသည့် ဆည်၊    ကန်၊   ရေလှောင်တမံများအနက် စစ်ကိုင်းတိုင်းဒေသကြီးတွင်  ၃၅ ခု၊ စစ်ကိုင်း တိုင်းဒေသကြီးနှင့်  မကွေးတိုင်း (နယ်စပ်)တွင် တစ်ခု ထိန်းသိမ်းထားရှိပြီး  အကျိုးပြုဧရိယာ ၅၃၉၃၃၂    ဧကကို    သိုလှောင်ထားသည့် ရေပမာဏအရ   နှစ်စဉ်   မိုးစပါး၊   နွေစပါးနှင့် အခြားသီးနှံများကို ရာသီအလိုက် စိုက်ပျိုးရေ ပေးဝေလျက်ရှိရာ  ယခုနွေစပါးစိုက်ပျိုးရာသီ တွင်   သဖန်းဆိပ်ရေသောက်ဧရိယာအတွင်း ဆီထွက်သီးနှံ(နှမ်း)စိုက်ခင်းများ   အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း     တိုင်းဒေသကြီး ဆည်မြောင်းနှင့်  ရေအသုံးချမှု   စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။
သဖန်းဆိပ်ရေလှောင်တမံသည် ရေစတင် ပေးဝေသည့်  ဖေဖော်ဝါရီလတွင်   တမံအတွင်း ရေအမှတ်   အမြင့်    ၅၄၄ ဒသမ ၁၀  ပေ၊  သိုလှောင်ရေပမာဏ      ၂၇၀၇၈၂၂     ဧကပေ ရှိရာ       ယနေ့တွင်     ၅၃၁  ဒသမ  ၂၂   ပေ၊ သိုလှောင်ရေပမာဏ    ဧကပေ ၁၆၂၆၈၆၀    ရှိပြီး     ယခုနွေစပါး စိုက်ပျိုးရာသီတွင် ဆည်ရေသောက် ဧရိယာများဖြစ်သည့်   ကန့်ဘလူ၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ စစ်ကိုင်း၊ ရေဦး၊   ဒီပဲယင်း၊   အရာတော်၊ ဘုတလင်၊ တန့်ဆည်မြို့များတွင် နွေစပါး၁၄၁၈၉၈ ဧက၊ အခြား သီးနှံ ၁၁၃၃၇၃ ဧက   စိုက်ပျိုးနိုင် ခဲ့ရာမှ  ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ ဒီပဲယင်းနှင့်    အရာတော်မြို့နယ် တို့တွင်   အခြားသီးနှံ     နွေနှမ်း ၈၄၉၇၂   ဧက  စိုက်ပျိုးနိုင်ခဲ့ခြင်း ကြောင့် အခြားသီးနှံအပေါ် နွေနှမ်း စိုက်ပျိုးမှု ၇၅ ရာခိုင်နှုန်း စိုက်ပျိုး နိုင်ခဲ့ကြောင်း သိရသည်။
ဆီထွက်သီးနှံ(နှမ်း)ပန်းတိုင် အထွက်နှုန်း     အောင်မြင်ရေး အတွက် အပင်ဖြစ်ထွန်းမှုအခြေ အနေအရ   ရေလိုအပ်ချက်ကို နေရောင်ခြည်သုံး Rain Gun များ (ဖျန်းရေ)   ဖြင့်    ပံ့ပိုးပေးလျက်ရှိ သည့်အတွက်        တောင်သူများ အနေဖြင့် အဆိုပါ Rain Gun များ ကို အသုံးပြု၍ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိသည်။
သဖန်းဆိပ်   ရေလှောင်တမံ သည်     စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် တွင်    တည်ရှိပြီး    ကန်ရေပြည့် ရေလှောင်ပမာဏ        ဧကပေ ၂၈၈၀၀၀၀   ရှိရာ    နှစ်စဉ်ပျမ်းမျှ မိုးစပါးဧက  ၄၈၃၀၀၀ ၊   နွေစပါး ဧက   ၂၃၅၀၀၀   နှင့်  အခြားသီးနှံ ဧက  ၃၃၀၀၀   စုစုပေါင်းဧက ၇၅၁၀၀၀   ခန့်ကို     စိုက်ပျိုးရေ ပေးဝေလျက်ရှိပြီး ပျမ်းမျှ တစ်နှစ် ပတ်လုံး     လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း  ၁၂၀ ဒသမ ၆၅၉ခန့် ထုတ်လုပ်ပေးနိုင် သည့် ရေအားလျှပ်စစ်ထုတ်လုပ် ရေးနှင့်    လယ်ယာစိုက်ပျိုးရေး အတွက်  များစွာအကျိုးပြုသည့် ရေလှောင်တမံတစ်ခုဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး
(ပြန်ဆက်)