
သီပေါ မေ ၁၆
ကမ္ဘာ့သာသနာပြု သီတဂူဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော် များ၏ အဓိပတိရွှေကျင်နိကာယဥပဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဉာဏိဿရအရှင်သူမြတ် ဩဝါဒကိုခံယူလျက် ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့ မဟာမြတ်မုနိဘုရားကြီးကျောင်း တိုက် ပဓာနနာယကနှင့် သီတဂူ(သီပေါ) စက္ခုဒါနဆေးရုံကြီး ကွပ်ကဲမှု တာဝန်ခံဆရာတော်ဘဒ္ဒန္တပညာသီရိ ကြီးကြပ်မှုဖြင့် အခမဲ့မျက်စိ ခွဲစိတ်မှုလုပ်ငန်းများကို ၂၀၀၈ ခုနှစ် မတ်လမှ ၂၀၂၄ မေ ၁၆ ရက်အထိ (၅၃)ကြိမ်မြောက်အဖြစ် ခွဲစိတ်ကုသပေးခဲ့ရာ ရှမ်းပြည်နယ်တွင်သာ မက မြေပြန့်ဒေသများပါ အားကိုးအားထား လာရောက်ကုသရသော စက္ခုဒါနဆေးရုံကြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ စက္ခုဒါနဆေးရုံကြီးတွင် အသုံးပြုနိုင်ရန် နှစ်ဖက်သော မိဘများကို အမှူးထား၍ ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုပန်မြို့နေ ဦးမြင့်မော်- ဒေါ်အက်တွဲ မိသားစုက HIJET မော်တော်ယာဉ်တစ်စီးကို ယနေ့ သီပေါစက္ခုဒါန ဆေးရုံတာဝန်ခံ ဆရာတော်အရှင်ပညာသီရိထံ လာရောက်လှူဒါန်းပြီး လှူဒါန်းမှုအတွက် ရေစက်သွန်းချအမျှပေးဝေ ကြောင်း သိရသည်။ စိုင်း(သီပေါ)