ဒီပဲယင်းမြို့၌ ဆွမ်းခံကြွနေသော သံဃာတော်တစ်ပါးကို PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်သဖြင့် ထိခိုက်ဒဏ်ရာများရရှိ

နေပြည်တော်  မေ  ၁၆
NUG ၊ CRPH  အကြမ်းဖက်အဖွဲ့များ၏ သွေးထိုး   မြှောက်ပင့်ပေးမှုများကြောင့် PDF အမည်ခံ အကြမ်းဖက်သမားများ သည် ဒေသအချို့၌   အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ တာဝန်ရှိသူများ၊     နိုင်ငံ့ဝန်ထမ်း များနှင့် အေးချမ်းစွာ  နေထိုင်ကြသည့် ပြည်သူအချို့အား   အကြောင်းပြချက် အမျိုးမျိုးဖြင့်   ခြိမ်းခြောက်၊  သတ်ဖြတ်၊ လုယက်မှုများ  ကျူးလွန်လျက်ရှိသည့် အပြင် ဗုဒ္ဓဘာသာဝင်များ၏     ကိုးကွယ် ယုံကြည်မှုကို   ညှိုးနွမ်းစေရန်  ဘုရား၊   စေတီ၊ ပုထိုးများအား Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ သံဃာတော်များ အား   လုပ်ကြံသတ်ဖြတ်ခြင်း    စသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေ သည်ကို  ပြည်သူများ သိရှိပြီးဖြစ်သည်။ 
ထိုသို့     ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး   ဒီပဲယင်းမြို့   ကုန်းသာဦး   ဘုန်းတော်ကြီးကျောင်းမှ     ဘဒ္ဒန္တခေမာစာရ၊ သက်တော် ၅၀ နှစ်၊ ဝါတော် ၂ ဝါသည် မေ ၉ ရက် နံနက် ၇ နာရီခန့်တွင်    မြို့တွင်းသို့    ဆွမ်းခံ ကြွရောက်စဉ်  ချမ်းသာကြီးဘုရားအနီး အရောက်၌ PDF အမည်ခံ အကြမ်းဖက် သမားငါးဦးက   မော်တော်ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး ဆွမ်းခံကြွနေ သည့်  ဆရာတော်အား  လက်နက်ငယ် များဖြင့်  ပစ်ခတ်ခဲ့သဖြင့်     လက်နက်ငယ် ကျည် ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
ထိုသို့  လက်နက်ငယ်ကျည် ထိမှန် ဒဏ်ရာရရှိခဲ့သည့်      ဆရာတော်အား   လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒီပဲယင်းမြို့  ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်းနှင့်     ယခုကဲ့သို့ ဗုဒ္ဓဘာသာဝင်များ၏        ကိုးကွယ် ယုံကြည်နေသည့်  သံဃာတော်များအား   အကြောင်းမဲ့  ပစ်ခတ်သတ်ဖြတ်ခဲ့သည့်  အကြမ်းဖက်သမားများအား    အမြန် ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက   ဒေသခံ ပြည်သူများနှင့်    ပူးပေါင်းကာ   စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိ သည်။                               သတင်းစဉ်