ပဲခူးတိုင်းဒေသကြီး “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” အခမ်းအနားကျင်းပ

 

ပဲခူး   မေ    ၁၆
ပဲခူးတိုင်းဒေသကြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ် ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို  ယနေ့ နံနက် ၁၀ နာရီတွင်   ပဲခူးမြို့  မြို့တော်ခန်းမ၌ကျင်းပရာ  အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီး ဌာန  ပြည်ထောင်စုဝန်ကြီး     ဦးမောင်မောင်အုန်း၊  ပဲခူးတိုင်းဒေသကြီး  ဝန်ကြီးချုပ်  ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီး  တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊      အနုပညာရှင်များ၊   ကျောင်းသား ကျောင်းသူများ၊ ဌာနဆိုင်ရာ   တာဝန်ရှိသူများ၊   အလှူရှင်များနှင့် ဖိတ်ကြားထားသော  ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ  ပဲခူးမြို့ အမှတ်(၃)အခြေခံပညာ     အထက်တန်း ကျောင်းမှ ကျောင်းသား ကျောင်းသူ များက        “ပညာဘဏ်တိုက် စာကြည့်တိုက်သို့       သွားကြစို့” တေးသီချင်းဖြင့်     သီဆိုဂုဏ်ပြု ကြပြီး    “ရှေ့သို့ချီမည်    ပန်းတိုင် ဆီ”  နှင့်   “နိုင်ငံ့အကျိုးအတွက် မှန်းမျှော်ရည်    ခိုင်မာတိုးတက်စေ ရမည်”   ဗီဒီယို Clip တို့ကို   ပြသ သည်။
ထို့နောက်           မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက် ရေး         ပူးပေါင်းဆောင်ရွက်မှု ကော်မတီဥက္ကဋ္ဌ    ပြည်ထောင်စု ဝန်ကြီး   ဦးမောင်မောင်အုန်းက အဖွင့်အမှာစကား   ပြောကြားရာ တွင် လူငယ်လူရွယ်များအနေဖြင့် စာပေကို    အလေးထား၊   တန်ဖိုး ထားပြီး    အမြဲမပြတ်     လေ့လာ ဖတ်ရှုကြစေလိုကြောင်း၊   စာပေ ဖတ်ရှုခြင်း          အလေ့အထမှ အသိဉာဏ်ပညာ   ရင့်သန်လာပြီး အမှားနှင့် အမှန်၊ အဖြူနှင့် အမည်း၊ ဓမ္မနှင့်   အဓမ္မကို  ခွဲခြားသိမြင်နိုင် မည်ဖြစ်ကြောင်း၊  တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန်     ပညာတတ်များစွာ လိုအပ်ပြီး စာဖတ်သည့် တိုင်းပြည် သည်     ပိုမိုလျင်မြန်စွာ   တိုးတက် သည်ကို တွေ့ရနိုင်ပါကြောင်း။
 စာဖတ်ရှိန်         မြှင့်တင်ရေး ပွဲတော်များကို   တက္ကသိုလ်အဆင့်၊ အခြေခံပညာ       အဆင့်အလိုက် ကျောင်းများတွင်    တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်      ဆက်လက် ကျင်းပသွားရန်    ဖြစ်ပါကြောင်း၊ အဆိုပါ   ပွဲတော်များတွင် စကား ရည်လုပွဲ၊        ကျပန်းစကားပြော ပြိုင်ပွဲ၊   ပုံပြောပြိုင်ပွဲ၊    ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲ၊     ဖျော်ဖြေရေးအစီ အစဉ်များ    စသည့်   စာဖတ်ရှိန် မြှင့်တင်ရေး  လှုပ်ရှားမှုများအဖြစ် ဆောင်ရွက်သွားရန်     လိုအပ်ပါ ကြောင်း၊   ကျောင်းပိတ်ရက်များ တွင်  သက်ဆိုင်ရာ ကျောင်းများမှ ကျောင်းသူ ကျောင်းသားများသည် စာကြည့်တိုက်များသို့ တစ်နာရီခန့် အစုအဖွဲ့အလိုက်     သွားရောက် စာဖတ်ကြစေလိုကြောင်း၊     အမြဲ မပြတ်       ဆောင်ရွက်ခြင်းအား ဖြင့်     စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားလာမည်ဖြစ်ပါကြောင်း၊ လူငယ်များအတွက်        စဉ်ဆက် မပြတ်    သင်ယူလေ့လာနိုင်သည့် ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ် နိုင်ရန် ဖန်တီးပေးကြစေလိုကြောင်း၊ ကျောင်းသား    ကျောင်းသူများ ကျောင်းစာတွင်သာမကဘဲ   ဗလ ငါးတန်နှင့်ပြည့်စုံသော     ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင်    ကြိုးစား ဆောင်ရွက်စေလိုကြောင်း၊ ထူးချွန် ထက်မြက်သော         လူငယ်များ ဖြစ်ရန်     အမြော်အမြင်ရှိရမည်၊ မေတ္တာတရားရှိရမည်၊ ဆက်ဆံမှု ကောင်းရမည်၊        သတ္တိရှိရမည်၊ အပြုသဘောမျိုး    ဆောင်ရမည်၊ တီထွင်ဖန်တီးလိုသည့်စိတ်     ရှိရ မည်၊    ဇွဲလုံ့လရှိပြီး     စိတ်အား ထက်သန်မှုရှိရမည်ဆိုသည့် အချက် (၇)   ချက်နှင့်    ပြုမူကျင့်ကြံကြရန် လိုပါကြောင်း။
မေ ၉ ရက်က   နေပြည်တော် ကောင်စီနှင့်ပူးပေါင်း၍      ပြည် ထောင်စုနယ်မြေ     နေပြည်တော် ၌   စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှား မှုအခမ်းအနားကို    ကျင်းပခဲ့ပြီး စေတနာရှင်၊      အလှူရှင်များက ပြည်သူများ  စာပေဖတ်ရှုလေ့လာ နိုင်ရေးနှင့်   စာအုပ်စာစောင်များ လက်လှမ်းတမီ ထားရှိပေးနိုင်ရေး စာကြည့်တိုက်       တစ်တိုက်လျှင် ငွေကျပ်သိန်း    ၁၅၀     နှုန်းဖြင့် စာကြည့်တိုက်     အဆောက်အအုံ ၁၄၇  လုံးအတွက်   ငွေကျပ်သိန်း ၂၂၀၅၀   ကို    ပေးအပ်လှူဒါန်းခဲ့ပါ ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေ ဖြင့်  မူလတာဝန်အပြင်  စာကြည့် တိုက်လုပ်ငန်းများကို အလေးထား ၍       စီမံဆောင်ရွက်လျက်ရှိပါ ကြောင်း၊  စာကြည့်တိုက်တစ်တိုက် အောင်မြင်အောင်  ဆောင်ရွက်မည် ဆိုလျှင်  စာကြည့်တိုက်အဆောက် အဦ၊  စာအုပ်စာစောင်များ၊ စာအုပ် ငှားရမ်းသူ၊   ရန်ပုံငွေ၊    စာကြည့် တိုက်မှူးဆိုသည့်  အချက် ငါးချက် နှင့်    ပြည့်စုံရန်   လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းရှိ   စာကြည့် တိုက်များ   ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု များအတွက်     ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေ    လိုပါကြောင်း    ပြောကြားသည်။
ယင်းနောက်    ပြည်ထောင်စု  ဝန်ကြီး    ဦးမောင်မောင်အုန်းက      ပဲခူးတိုင်းဒေသကြီး     အတွင်းရှိ  စာကြည့်တိုက်         ခြောက်တိုက် ပြန်လည်ပြင်ဆင်   ဖွင့်လှစ်နိုင်ရန် အတွက် ငွေကျပ်သိန်း ၃၀၀ နှင့် စာကြည့်တိုက်သုံးတိုက်    အသစ်    တည်ဆောက်ရန်အတွက် ငွေကျပ် သိန်း ၄၅၀   စုစုပေါင်း  ငွေကျပ်သိန်း ၇၅၀ ကို   ထောက်ပံ့ပေးအပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုး ဆွေဝင်းက လက်ခံရယူသည်။
ဆက်လက်၍     တိုင်းဒေသကြီး ဝန်ကြီးချုပ်     ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီး      အစိုးရအဖွဲ့မှ လှူဒါန်းသည့်      စာကြည့်တိုက် အသစ်  ရှစ်တိုက်ဆောက်လုပ်ရန် အတွက်   ငွေကျပ်သိန်း   ၁၂၀၀  ကို  လည်းကောင်း၊      ပဲခူးမြို့နယ် လုပ်ငန်းရှင်များအဖွဲ့၊  တိုင်းဒေသ ကြီး    ဗီဒီယိုအခြေခံလုပ်ငန်းရှင် များအဖွဲ့၊ ပြည်မြို့နယ်လုပ်ငန်းရှင် များအဖွဲ့တို့က    စာကြည့်တိုက် အသစ်  သုံးတိုက်ဆောက်လုပ်ရန် ငွေကျပ်သိန်း ၄၅၀ ကို လည်းကောင်း       ပေးအပ်လှူဒါန်းရာ ပြည်ထောင်စု ဝန်ကြီး      ဦးမောင်မောင်အုန်းက လက်ခံရယူသည်။ 
ထို့နောက် ပဲခူးတိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေး ကော်မတီ  နာယက၊  တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမှာစကားပြောကြားသည်။
ဆက်လက်၍      တေးသံရှင် ဝိုင်းလမင်းအောင်က     “လူချွှန် လူကောင်း”   သီချင်းဖြင့်   သီဆို ဖျော်ဖြေပြီး အမျိုးသားစာပေဆုရှင် စာရေးဆရာမ  ဝတ်ရည်ခင်(ပဲခူး)က  စာပေလေ့လာဖတ်ရှုမှု အကျိုး ကျေးဇူးများကို ဟောပြောဆွေးနွေး သည်။
ယင်းနောက်  ပဲခူးမြို့ အမှတ် (၃)  အခြေခံပညာအထက်တန်း ကျောင်းမှ        ကျောင်းသား   ကျောင်းသူများက  “ဘက်စုံပညာ ရည်   တို့လှမ်းချီ”     သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး      ပြည် ထောင်စုဝန်ကြီးနှင့်   တိုင်းဒေသ ကြီး    ဝန်ကြီးချုပ်တို့က    အခမ်း အနားတွင်    သီဆိုဖျော်ဖြေခဲ့ကြ သော  ကျောင်းသား  ကျောင်းသူ များအား       ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။
ထို့နောက်     ပြည်ထောင်စု ဝန်ကြီး      ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုး ဆွေဝင်းနှင့်   တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် စာအုပ် စာစောင်များနှင့် ဓာတ်ပုံမှတ်တမ်း များကို      လှည့်လည်ကြည့်ရှုကြ သည်။ 
တိုင်းဒေသကြီး(ပြန် / ဆက်)