
ရန်ကုန် မေ ၁၆
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) နှင့် ဆော်ဒီအာရေဗျ ဘောလုံးအဖွဲ့ချုပ်(SAFF) တို့သည် ဘောလုံး တိုးတက်ရေးလုပ်ငန်း များ ပူးပေါင်းဆောင်ရွက်ရန် အတွက် နားလည်မှု စာချွန်လွှာ (MEMORANDUM OF UNDER-STANDING-MoU) လက်မှတ် ရေးထိုးခြင်းကို မေ ၁၅ ရက် ညနေပိုင်းက ထိုင်းနိုင်ငံ ဘန် ကောက်မြို့ရှိ Bangkok Marriott Marquis Queen's Park ဟိုတယ် ၌ ပြုလုပ်သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော် ဇော်နှင့် ဆော်ဒီအာရေဗျဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ Yasser Al Misehal ၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ (အကြီး တန်း) ဦးပြည့်ဖြိုးတေဇ၊ ဒုတိယ ဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစည်သူဝင်း၊ ဆော်ဒီအာရေဗျ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး Mr. Ibrahim Alkassim ၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး Mr. Majed Al Sahib ၊ အကြီးတန်း အကြံပေး အရာရှိ Mr. Hicham El Amrani တို့ တက်ရောက်သည်။ အခမ်း အနားတွင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဆော်ဒီအာရေဗျဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ Yasser Al Misehal တို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြ ပြီး MoU ရေးထိုးခြင်းကြောင့် လက်ရွေးစင်အသင်းများ စခန်းဝင် လေ့ကျင့်ရေးပြုလုပ်ခြင်း၊ လေ့ကျင့် ရေး နည်းစနစ်များနှင့် ဘောလုံး နည်းဗျူဟာများ အပြန်အလှန် ဖလှယ်ခြင်း၊ လူငယ်လက်ရွေးစင် အသင်းများ၊ အမျိုးသမီးနှင့် ဖူဆယ် လက်ရွေးစင်အသင်းများ၊ ကလပ် အသင်းများအကြား Football Calendar ချိန်ဆ၍ ခြေစမ်းပွဲများ စီစဉ်ခြင်း၊ လိဂ်ပြိုင်ပွဲများ စီမံခန့်ခွဲ မှုများနှင့် ကစားသမားများ ဖွံ့ဖြိုး တိုးတက်ရေးနည်းစနစ်များ မျှဝေ ခြင်း၊ သင်တန်းများစီစဉ်ခြင်း အစ ရှိသည့် ပူးပေါင်းဆောင်ရွက်မှုများ ဖြင့် မြန်မာ့ဘောလုံး အားကစား တိုးတက်ရေးအတွက် ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ MoU ရေးထိုးခြင်း အပြီးတွင် အာရှဘောလုံး အဖွဲ့ချုပ် AFC Senior Vice President ဦးဇော်ဇော်သည် အာရှဘောလုံး အဖွဲ့ချုပ်၏ အလုပ်အမှုဆောင် အစည်းအဝေး ဆက်လက်တက် ရောက်ခဲ့သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ကိုယ်စားလှယ် အဖွဲ့သည် ထိုင်းနိုင်ငံ ဘန်ကောက် မြို့၌ မေ ၁၆ ရက်တွင်ကျင်းပမည့် (၃၄) ကြိမ်မြောက် အာရှဘောလုံး အဖွဲ့ချုပ် ကွန်ဂရက်စ်၊ မေ ၁၇ ရက် တွင် ကျင်းပမည့် (၇၄) ကြိမ်မြောက် ဖီဖာ ကွန်ဂရက်စ်တို့ကို ဆက် လက် တက်ရောက်မည်ဖြစ်သည်။
ကိုညီလေး၊ ဓာတ်ပုံ - MFF