အောင်လံမြို့၌ ကွယ်လွန်သူအစား စစ်မှုထမ်းရန်ဆင့်ခေါ်ခြင်းနှင့် အုတ်ဖိုမြို့၌ စစ်မှုထမ်းရန်ငြင်းဆိုသည့် လူငယ် ခုနစ်ဦးနှင့် မိသားစုဝင် ၁၁ ဦးကို ဖမ်းဆီးထားကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်    မေ   ၁၄
မကွေးတိုင်းဒေသကြီး အောင်လံ မြို့ တရော်ကုန်းရပ်ကွက်မှ အူမ ကြီးကင်ဆာ ရောဂါဖြင့် ကွယ်လွန် သည်မှာ ၆ လခန့်ရှိပြီဖြစ်သည့် အသက် ၂၇ နှစ်အရွယ် ဖိုးသောကြီး မှာ စစ်မှုထမ်းဆောင်ရန် အမည် စာရင်းပါရှိသည့်အတွက် ၎င်းအစား အိမ်ရှိလူငယ်တစ်ဦးကို အစားထိုး         ထည့်သွင်းပေးရန် တာဝန်ရှိသူများ က ပြောဆိုခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက ပြည်သူ များ   အထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေနေ သည်ကို တွေ့ရှိရသည်။
အဆိုပါ တရားမဝင်ပြည်ဖျက် မီဒီယာတွင် ရေးသားဖော်ပြထား သည့် ကွယ်လွန်သူ လူငယ်တစ်ဦး စစ်မှုထမ်းဆောင်ရန်     အမည် စာရင်းပါရှိသည့်အတွက် ၎င်းအစား အိမ်ရှိ လူငယ်တစ်ဦးကို အစားထိုး ထည့်သွင်းပေးရန် တာဝန်ရှိသူများ က ပြောကြားခဲ့သည်မှာ ဟုတ်မှန် မှု   မရှိကြောင်း၊   တရော်ကုန်း ရပ်ကွက်တွင် ၎င်းအမည်ဖြင့်လည်း မည်သူမျှမရှိကြောင်း    တာဝန် ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့ ချမ်းမြသာမြေရပ်ကွက် မှ  စစ်မှုထမ်းဆောင်ရန်  ငြင်းဆို သည့်      လူငယ်ခုနစ်ဦးနှင့်     မိဘ ဆွေမျိုးများကို လုံခြုံရေးတပ်ဖွဲ့ဝင်  များက    ဖမ်းဆီးထားကြောင်း မဟုတ်မမှန်      ရေးသားဖြန့်ဝေ လျက်ရှိသည်။
ထိုသို့ တရားမဝင် ပြည်ဖျက် မီဒီယာများနှင့်  ရပ်ရွာအေးချမ်း သာယာရေးကို မလိုလားသူများက မိဘပြည်သူများ၊   လူငယ်လူရွယ် များကို    စိုးရိမ်ထိတ်လန့်စေရန် အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ က   စစ်မှုထမ်းရန်    ပေါ်တာဆွဲ ခြင်း၊   လမ်းသွားလမ်းလာများကို ဖမ်းဆီးခြင်း    စသည့်   ကောလာ ဟလ      သတင်းအမှားများဖြင့် ဝါဒဖြန့်လှုံ့ဆော်နေခြင်းသာ ဖြစ် ကြောင်း သတင်းရရှိသည်။  
 သတင်းစဉ်