နိုင်ငံတော်အစိုးရက ဆော်ဒီအာရေဗျနိုင်ငံ Buraydah မြို့တွင် အခက်အခဲ ကြုံတွေ့နေရသော မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်

ရန်ကုန်   မေ   ၁၄ 
နိုင်ငံတော်အစိုးရအနေဖြင့်  ပြည်ပတွင် ရောက်ရှိနေသည့်     အမိနိုင်ငံသားများ အခက်အခဲ   ကြုံတွေ့နေရပါက မည်သို့ သော   အခြေအနေဖြင့်   ကြုံတွေ့နေရ သည့်တိုင် နိုင်ငံသားများအပေါ်  အလေး အနက်   တန်ဖိုးထား၍   မြန်မာသံရုံးနှင့် သက်ဆိုင်ရာသံရုံးများ     ချိတ်ဆက်၍ မြန်မာနိုင်ငံသို့  အေးချမ်းလုံခြုံစွာ အမြန် ဆုံးပြန်လည်ရောက်ရှိရေး ဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့      ဆောင်ရွက်ပေးလျက်ရှိရာ ဆော်ဒီအာရေဗျနိုင်ငံ Buraydah မြို့တွင် အခက်အခဲကြုံတွေ့နေရသည့်    မြန်မာ နိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရန်    မြန်မာသံရုံး အနေဖြင့် ရီရတ်ဒ်မြို့ရှိ အာဏာပိုင်များ နှင့်ညှိနှိုင်း၍     နိုင်ငံတော်မှ     ပြန်လည် ခေါ်ဆောင်နိုင်ခဲ့ရာ   မေ  ၁၃   ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ      ရီရတ်ဒ်မြို့မှ ဒေသစံတော်ချိန်  နံနက်  ၉  နာရီ မိနစ် ၄၀ တွင် လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာ လာခဲ့ပြီး  ဒူဘိုင်းနှင့် ဘန်ကောက်တို့မှ  တစ်ဆင့်  ဆက်လက်ထွက်ခွာလာခဲ့ရာ ရန်ကုန်မြို့သို့ ည ၈ နာရီ ၁၅ မိနစ်တွင် ရောက်ရှိခဲ့သည်။
မြန်မာနိုင်ငံသူ           မမြစံပယ်သည် ဆော်ဒီအာရေဗျနိုင်ငံ Buraydah မြို့ရှိ အလုပ်ရှင်    နေအိမ်တွင်    သုံးလကျော် အလုပ်လုပ်ကိုင်ခဲ့ပြီး ဆက်လက်အလုပ်  လုပ်ကိုင်လိုခြင်း          မရှိသည့်အတွက် ထွက်ပြေးခဲ့ပြီး      နီးစပ်ရာ    ရဲစခန်းသို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံးသို့ သွားရောက် အကူအညီ   တောင်းခံရန်     ပို့လွှတ်ခဲ့၍ မြန်မာသံရုံးမှ   သံမှူးကြီးနှင့်   ဝန်ထမ်း များက   မမြစံပယ်အား   နေရာထိုင်ခင်း၊  အစားအသောက်နှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ပြီး    မြန်မာနိုင်ငံ သို့ ပြန်လည်ပို့ဆောင်နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်၍ နိုင်ငံတော်အစိုးရ၏ ကူညီဆောင်ရွက် မှုဖြင့်  ယနေ့ညပိုင်းတွင်  ရန်ကုန်မြို့သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိ ခဲ့ခြင်းဖြစ်သည်။
ဆော်ဒီအာရေဗျနိုင်ငံ    Buraydah  မြို့တွင်     အခက်အခဲ     ရင်ဆိုင်ခဲ့ရမှုနှင့် စပ်လျဉ်း၍    မမြစံပယ်က    “ကျွန်မက ထန်းတပင်မြို့နယ်မှာ          နေပါတယ်။ Buraydah မှာ အလုပ်လုပ်ရင်း အိမ်ရှင် နဲ့အဆင်မပြေတာက အိမ်အလုပ်လည်း  လုပ်ရတယ်၊  ဈေးလည်းရောင်းပေးရတယ်၊ သက်ကြီး ရွယ်အိုကိုလည်း   ကြည့်ပေးရ တယ်။    အလွန်ပင်ပန်းလာတာကြောင့် အိမ်ရှင်ကို ဒူဘိုင်းပြန်ပို့ပေးဖို့ပြောတော့      ကားနဲ့    လမ်းခုလတ်     ရဲစခန်းနားမှာ   ထားပေးခဲ့တယ်။   ရဲစခန်းအကူအညီနဲ့ မြန်မာသံရုံးကို           ရောက်သွားတော့ သံအမတ်၊ သံမှူးကြီးနဲ့ ဝန်ထမ်းတွေက    မိသားစုလိုကြိုဆိုပြီး နေထိုင်စားသောက် မှုကအစ အကူအညီ အားလုံးပေးပါတယ်။ နိုင်ငံတော်အကြီးအကဲတွေနဲ့    မြန်မာ သံရုံးကို ကျေးဇူးဆပ်ခွင့်ရရင်  ဆပ်ချင် ပါတယ်။  အမိနိုင်ငံကို ပြန်ရောက်အောင် ဝိုင်းဝန်းစောင့်ရှောက်ပေးမှုကို တစ်သက် လုံးအမှတ်ရနေမှာပါ။ အားလုံးကျန်းမာ ချမ်းသာကြပါစေ” ဟု ပြောကြားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပ၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ ရသည့် မြန်မာနိုင်ငံသားများကို မြန်မာ သံရုံးမှ ညှိနှိုင်းဆောင်ရွက်မှုဖြင့် ကူညီ ဆောင်ရွက်ပေးခဲ့ရာ           အမိနိုင်ငံသို့ ပြန်လည်ပို့ဆောင်မှုများရှိခဲ့ပြီး ယခုတိုင် လည်း ကူညီဆောင်ရွက်ပေးလျက်ရှိရာ ထိုသို့    အမိနိုင်ငံသူတစ်ဦး    အတိဒုက္ခ ကြုံတွေ့နေစဉ် ကူညီကယ်တင်ပေးမှုအား  အလုပ်သမားနှင့်     မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရနှင့် မြန်မာသံရုံးတို့ကို လှိုက်လှဲစွာ အထူးကျေးဇူးတင်ရှိကြောင်း သိရသည်။            
ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ - ကနူး