ရေနံချောင်းမြို့ရှောင်လမ်း အထူးစိမ်းလန်းစိုပြည်ရေးဇုန်၌ အပင်ကြီး ၁၀၀၀ ရေလောင်းစိုက်ပျိုး

 

ရေနံချောင်း  မေ  ၁၄


မကွေးတိုင်းဒေသကြီး        ရေနံချောင်းမြို့နယ် အပူပိုင်း​ဒေသ        စိမ်းလန်းစိုပြည်ရေးဦးစီးဌာနက  မိုးကြိုကာလ စိုက်ပျိုးခြင်းအဖြစ်  မြို့ရှောင်လမ်း အထူးစိမ်းလန်းစိုပြည်ရေးဇုန်စီမံကိန်း   စိုက်ခင်း အမှတ်(၄/၂၀၂၄)တွင် အထူးစိမ်း  အပင်ကြီး ၁၀၀၀ ကို ရေလောင်းစိုက်ပျိုးထားကြောင်း သိရသည်။ 
အဆိုပါ  စိုက်ခင်းအတွင်း တမာပင် ၂၀၀၊ ရှားပင် ၂၀၀၊  မဲဇလီပင် ၂၀၀၊   ဖျောက်ဆိပ်ပင်   ၂၀၀၊ ပဲချယ်ရီပင် ၂၀၀ စုစုပေါင်း အပင်  ၁၀၀၀ ကို ယခုနှစ် ဧပြီ ၄ ရက်မှ စတင်ကာ မေ ၅ ရက်တွင် အပြီးစိုက်ပျိုး ထားပြီးဖြစ်ကြောင်း၊ မိုးကြိုကာလ စိုက်ပျိုးခြင်းအဖြစ် မိုးဦးမကျမီ  အပင်များ ရှင်သန်ကြီးထွားစေရန်အတွက် နေ့စဉ်ရေလောင်းခြင်းနှင့်   ပြုစုပျိုးထောင်ခြင်း လုပ်ငန်းများကိုလည်း  ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန   ဦးစီးအရာရှိ   ဦးသန်းစိုးဝင်းထံမှ သိရသည်။
ရေနံချောင်းမြို့နယ်     အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး   ဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်စိုက်ပျိုးခြင်းဖြင့်   ရာသီ ဥတု ဖောက်ပြန်မှုကို တားဆီးကာကွယ်နိုင် ရေး၊   ဂေဟစနစ်   ထိခိုက်ပျက်စီးမှုကို တားဆီးကာကွယ်နိုင်ရေးနှင့်    သဘာဝ ပတ်ဝန်းကျင်     စိမ်းလန်းစိုပြည်စေကာ လူသားများနှင့်   အခြားတိရစ္ဆာန်များကို အကျိုးပြုနိုင်စေရန်အတွက်  အထူးစိမ်းလန်း စိုပြည်ရေးဇုန်စီမံကိန်းများ  ဖော်ဆောင်ကာ သစ်တောသစ်ပင်များကို      နှစ်စဉ်တိုးချဲ့ စိုက်ပျိုး   ပြုစုပျိုးထောင်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)