သထုံမြို့နယ် ရန်ကုန် - မော်လမြိုင်သွား ပြည်ထောင်စုလမ်းမပေါ်ရှိ ကျုံအိတ်တံတားကို KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

 

နေပြည်တော်    မေ   ၁၁ 
အကြမ်းဖက်   သမားများသည် နိုင်ငံ   တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြား စေရန်၊     ဒေသတွင်းကုန်စည် စီးဆင်းမှုရပ်တန့်စေပြီး    လူမှု စီးပွားဘဝ    ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့်    အများ ပြည်သူ     အသုံးပြုလျက်ရှိသည့်  လမ်း၊ တံတားများအား မိုင်းထောင်  ဖောက်ခွဲခြင်း၊ ရုံးဌာနအဆောက် အဦများ၊    စာသင်ကျောင်းများ၊  အများပြည်သူ  နေထိုင်လျက်ရှိ သော   နေအိမ်များအား   မီးရှို့ ဖျက်ဆီးခြင်း၊ ကျေးရွာများအတွင်း ဝင်ရောက်၍    အဖျက်အမှောင့် လုပ်ရပ်များ    လုပ်ဆောင်ခြင်း စသည့်   အကြမ်းဖက်လုပ်ရပ်များ ကို        နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ယနေ့   နံနက်ပိုင်းတွင် အများ ပြည်သူ အားထားအသုံးပြုလျက် ရှိသည့်    မွန်ပြည်နယ်    သထုံ မြို့နယ် ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုလမ်းမပေါ်ရှိ မိုင်တိုင် အမှတ်၊ ၁၃၁/၆ နှင့် ၁၃၁/၇ ကြား၊ တံတားအမှတ်(၃/၁၃၂)၊  အရှည် ၉၅ ပေ၊ အကျယ် ၄၁ ပေ၊ ခံနိုင်ဝန် တန်   ၆၀   ရှိ     သံကူကွန်ကရစ် အမျိုးအစား    ကျုံအိတ်တံတား အနီး၌     လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်   လုံခြုံရေး တပ်ဖွဲ့ဝင်များအား KNLA အဖွဲ့မှ အကြမ်းဖက်မှု လိုလားသူများနှင့် PDF     အမည်ခံ   အကြမ်းဖက် ပူးပေါင်းအဖွဲ့များက  တံတား၏ မြောက်ဘက်    မီတာ ၃၀၀ ခန့် အကွာမှနေ၍   လက်နက်ကြီး/ လက်နက်ငယ်များဖြင့်    ပစ်ခတ် တိုက်ခိုက်ခြင်း၊ တံတား၏ အရှေ့ မြောက်ဘက်မီတာ ၁၀၀၀ ခန့်မှ နေ၍  Drop Bomb ကြဲချတိုက်ခိုက် ခြင်းတို့ လုပ်ဆောင်ခဲ့သည်။
ထို့ကြောင့်  လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့် အပြန်အလှန်ထိတွေ့  တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် သမားများသည် တံတား၏ အရှေ့ မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားစဉ်  တံတားအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သည်။  ထိုသို့ အကြမ်းဖက်သမားများ၏  မိုင်း  ထောင် ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ကျုံအိတ်တံတား၏ မြောက်ဘက် ကမ်းကပ်ခုံမှာ ၁၀၀ ရာခိုင်နှုန်းခန့် ပြိုကျပျက်စီးသွားခဲ့သည်။
၂၀၂၃ ခုနှစ်၊  ဇွန်လ ၂၉ ရက် တွင်လည်း        ၎င်းတံတားအား အကြမ်းဖက်သမားများက   မိုင်း ထောင်      ဖောက်ခွဲဖျက်ဆီးခဲ့ရာ အများပြည်သူသွားလာရေး အခက် အခဲများဖြစ်ပေါ်ခဲ့၍    ကုန်စည် စီးဆင်းမှုများ ထိခိုက်နစ်နာဆုံးရှုံး ခဲ့ရသဖြင့်   နိုင်ငံတော်အစိုးရက ဒေသခံပြည်သူများ၏   လမ်းပန်း ဆက်သွယ်ရေးနှင့်    ကုန်စည် စီးဆင်းမှု အဆင်ပြေချောမွေ့စေ ရန်   အမြန်ဆုံး    ပြန်လည်ပြုပြင် ပေးခဲ့ပြီး ယခုအခါ ထပ်မံ၍ မိုင်း ထောင် ဖောက်ခွဲဖျက်ဆီးခြင်းဖြစ် ကြောင်း သိရှိရသည်။
အကြမ်းဖက်သမားများအနေ ဖြင့်      အများပြည်သူသွားလာမှု ခက်ခဲစေရန်နှင့်   အထိတ်တလန့် ဖြစ်ပြီး      ကြောက်ရွံ့လာစေရန်၊ ကုန်စည်စီးဆင်းမှုကို   ထိခိုက် ဆုံးရှုံးမှုဖြစ်စေပြီး    တည်ငြိမ်မှု ပျက်ပြားစေရန်ရည်ရွယ်၍ စစ်ရေး နှင့်     မသက်ဆိုင်သော     အများ ပြည်သူ    အသုံးပြုလျက်ရှိသည့် လမ်းတံတားများအား   ဖောက်ခွဲ ဖျက်ဆီးခဲ့ခြင်းသည် စစ်ရာဇဝတ်မှု (War Crime)  ကို  ကျူးလွန်ခြင်း ဖြစ်သည်။
အဆိုပါ      မိုင်းခွဲဖျက်ဆီးမှု ကြောင့် လက်ရှိတွင် လူနှင့် ယာဉ် ကြီး/ယာဉ်ငယ်များ      ဖြတ်သန်း  သွားလာရန်    အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသဖြင့်    တံတား ပျက်စီးမှုကို   သက်ဆိုင်ရာ  လမ်း/တံတားဦးစီးဌာနမှ  ဝန်ထမ်းများ နှင့် တာဝန်ရှိသူများက  အမြန်ဆုံး  ပြင်ဆင်နိုင်ရေး ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့်   လိုအပ် သည့်  အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး(Counter-Terrorism Operation)    ကို   ဆက်လက် ဆောင်ရွက်လျက်       ရှိကြောင်း သတင်းရရှိသည်။      သတင်းစဉ်