နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

 

နေပြည်တော်    မေ    ၁၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  တပ်မတော်       ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး    မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင်   တြိဂံဒေသတိုင်း စစ်ဌာနချုပ် ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တိုင်းစစ် ဌာနချုပ် ပြည်ငြိမ်းအေးခန်းမ၌  တွေ့ဆုံ အမှာစကားပြောကြားသည်။
အဆိုပါ    တွေ့ဆုံပွဲသို့   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ           ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးဒေါ်ကြူကြူလှ၊  ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်နှင့် ဇနီး၊        ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်  ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များနှင့် ဇနီးများ၊ တြိဂံဒေသ   တိုင်းစစ် ဌာနချုပ်တိုင်းမှူးနှင့် ကျိုင်းတုံတပ်နယ်မှ အရာရှိ၊    စစ်သည်၊    မိသားစုဝင်များ တက်ရောက်ကြသည်။
တိုက်စွမ်းရည်၊ တိုက်စွမ်းအားပြည့်ဝပြီး 
စစ်ရေးအသိ၊ စစ်ရေးသတိအမြဲရှိရန်
ထိုသို့  တွေ့ဆုံအမှာစကားပြောကြား ရာတွင်    တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကျိုင်းတုံတပ်နယ်ရှိ   အရာရှိ၊   စစ်သည်၊ မိသားစုများအားလုံးကို ယခုကဲ့သို့တွေ့ဆုံ ရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ် ရေးတာဝန်များကို ထမ်းဆောင်ရန်အဓိက တာဝန်ရှိပြီး   ထိုသို့တာဝန်ထမ်းဆောင် နိုင်ရေးအတွက် တိုက်စွမ်းရည်၊ တိုက်စွမ်း အားများ      ပြည့်ဝရမည်ဖြစ်ကြောင်း၊ တိုက်စွမ်းရည်     ပြည့်ဝစေရေးအတွက်  တပ်မတော်သား    တစ်ဦးချင်းစီအလိုက်  ရှိသင့်ရမည့်အရည်အချင်းများနှင့် တပ်ဖွဲ့ တစ်ခုချင်းစီအလိုက်  အရည်အချင်းများရှိရမည်ဖြစ်ကြောင်း၊        တစ်ဦးချင်းစီ အလိုက်၊      တပ်ဖွဲ့တစ်ဖွဲ့ချင်းစီအလိုက် စစ်ရေးအသိ၊    စစ်ရေးသတိရှိရန်လိုပြီး နိုင်ငံတော်ကာကွယ်ရေး၊   လုံခြုံရေးနှင့် ပတ်သက်ပါက   ဖြစ်ပေါ်လာနိုင်သည်များ ကို ကြိုတင်မျှော်တွေး ပြင်ဆင်ဆောင်ရွက် နေရမည်ဖြစ်ကြောင်း။
ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို 
အလေးအနက်ထားဆောင်ရွက်ကြရန်လို
ရှမ်းပြည်နယ်(အရှေ့ပိုင်း)         သည် လမ်းပန်းဆက်သွယ်မှုခက်ခဲသည့် ဒေသ တစ်ခုဖြစ်သဖြင့်   နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှတာဝန်ရှိသူများက ယခင် ကတည်းကပင်  လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်လာစေရေး၊   ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း စားသုံးမှုဖူလုံရေးတို့အတွက် ဆောင်ရွက် ပေးခဲ့ကြောင်း၊ အလားတူ နယ်မြေခံတပ် များ၌   စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအောင်မြင်စေရေးနှင့်   ကျန်းမာကြံ့ခိုင်မှု ရှိစေရေးတို့ကိုလည်း          အလေးထား ဆောင်ရွက်ခဲ့ကြကြောင်း၊ ဒေသနှင့် ဒေသ တွင်   နေထိုင်ကြသည့်   တိုင်းရင်းသား ပြည်သူလူထုတို့၏        လူမှုဘဝဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ခဲ့ကြခြင်းပင်   ဖြစ်ကြောင်း၊  နယ်မြေခံတပ်များအနေဖြင့်လည်း မိမိတို့ တပ်များအလိုက် နယ်မြေဒေသလုံခြုံရေး၊ နယ်မြေစိုးမိုးရေးလုပ်ငန်းများကို ကြိုတင် မျှော်တွေး၍      ဆောင်ရွက်ကြရန်လိုပြီး ကြိုတင်ပြင်ဆင်မှုများ     ဆောင်ရွက်ရာ တွင်   ရေရှည်ကိုမျှော်တွေး၍   အလေး အနက်ထားဆောင်ရွက်ကြရန်  မှာကြား  လိုကြောင်း၊ တပ်မတော်သားများအားလုံး အနေဖြင့် အမြဲတိုက်ပွဲဝင်အသင့်ဖြစ်စေ ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်  လိုကြောင်း၊  တစ်ဦးချင်းကျန်းမာကြံ့ခိုင် ရေးလုပ်ငန်းများကို   နေ့စဉ်ဆောင်ရွက် ရန်လိုသကဲ့သို့ သမားစဉ်လုပ်ငန်းများကို မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်နေခြင်း  သည်  မိမိကိုယ်ကို လေ့ကျင့်နေခြင်းပင် ဖြစ်ကြောင်း၊  မည်သည့်အခြေအနေမျိုး တွင်ဖြစ်စေ  စည်းကမ်းအတိုင်းလိုက်ပါ လုပ်ဆောင်နိုင်ခြင်းသည်  မိမိတို့အရည် အသွေးကို   မြှင့်တင်ဆောင်ရွက်နေခြင်း ပင်ဖြစ်ကြောင်း။
ခေတ်နှင့်အညီ  ပြောင်းလဲလာသည့် 
စစ်နည်းဗျူဟာများအား 
မပြတ်လေ့လာပြီးတိုက်ပွဲဝင်အသင့်
ဖြစ်အောင် လေ့ကျင့်ဆောင်ရွက်
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ ရေးတာဝန်များကို  ထမ်းဆောင်ရာတွင် ခေတ်နှင့်အညီ   ပြောင်းလဲတိုးတက်လာ သည့်     စစ်လက်နက်နည်းပညာများကို လည်း မျက်ခြည်မပြတ် လေ့လာသိရှိနေရ  မည်ဖြစ်ကြောင်း၊ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို    ကြိုတင်မျှော်တွေး ပြင်ဆင်၍ လိုအပ်သည်မှန်သမျှကိုပြင်ဆင် ဆောင်ရွက်ကြရန်လိုကြောင်း၊ စစ်သည် တစ်ဦးချင်းစီအလိုက် အမြဲတမ်းတိုက်ပွဲဝင် အသင့် (Fit for Fight) ဖြစ်စေရေးအတွက် လေ့ကျင့်မှုများကို        မှန်မှန်ကန်ကန် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ စစ်သည်  များအားလုံး ကျန်းမာရေးကောင်းမွန်ပြီး ကြံ့ခိုင်သန်စွမ်းရေး၊   ရုပ်ပိုင်းစိတ်ပိုင်း ဆိုင်ရာများအသင့်ဖြစ်နေစေရေး လေ့ကျင့်  ဆောင်ရွက်ပေးနေရန်       လိုကြောင်း၊ စစ်သည်တစ်ဦးချင်းစီအလိုက် ၎င်းတို့၏  အရည်အချင်းနှင့် လုပ်ကိုင်နိုင်စွမ်းအပေါ် မူတည်၍ သင့်တော်သည့်လုပ်ငန်းတာဝန် များကို       နေရာမှန်  တာဝန်ပေးအပ်ပြီး တာဝန်ထမ်းဆောင်ရန်      အမြဲအသင့် ဖြစ်စေရေး   (Fit for Duty) ဖြစ်အောင်  ဆောင်ရွက်နိုင်မည်ဆိုပါက   လုပ်ငန်း တာဝန်များသည်လည်း    ပိုမိုတိုးတက်အောင်မြင်လာမည်ဖြစ်ကြောင်း။
စည်းကမ်းစနစ်တကျရှိပြီး 
မိမိကိုယ်ကို ထိန်းသိမ်းနေထိုင်ကြရန်
တပ်မတော်သားများ     အနေဖြင့် စစ်စည်းကမ်းနှင့်အညီ နေထိုင်ကျင့်ကြံရ မည်ဖြစ်ပြီး တစ်ဦးချင်းနှင့် အဖွဲ့အစည်း  အပေါ်  ထိခိုက်စေနိုင်သည့် လုပ်ကိုင်ပြုမူ နေထိုင်မှုများကို     ရှောင်ကြဉ်ကြရန် လိုကြောင်း၊ အသောက်အစား  အပျော် အပါးများကြောင့်  မိမိတို့  တစ်ဦးချင်း စွမ်းဆောင်ရည်များနှင့် မိမိတို့၏ မိသားစု၊  အဖွဲ့အစည်းအပေါ်တွင်   ထိခိုက်မှုမရှိ အောင် ထိန်းထိန်းသိမ်းသိမ်းနေထိုင်ကြရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်း ကိုယ်စီ အသိတရား၊ ဆင်ခြင်တုံတရားများဖြင့် ထိန်းသိမ်းနေထိုင်ခြင်းဖြင့် မိမိကိုယ်မိမိ တည်ဆောက်ကြရမည်ဖြစ်ကြောင်း။
သက်သာချောင်ချိရေးနှင့်ပတ်သက်၍ 
တတ်စွမ်းသရွေ့ ဖြည့်ဆည်းပေးလျက်ရှိ
တပ်မတော်အနေဖြင့်   တပ်မတော် သားများနှင့် မိသားစုဝင်များ၏ သက်သာ ချောင်ချိရေးအတွက် နေရေး၊  စားရေး၊ ဝတ်ရေး၊     ကျန်းမာရေးနှင့်    အခြား  အထွေထွေလိုအပ်ချက်များကို တတ်စွမ်း သရွေ့ အမြဲမပြတ်ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော် တွင်ဖြစ်ပေါ်နေသော   အခြေအနေများ အရ လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန် ထမ်းဆောင်နေရသည့်တပ်များမှ စစ်သည်   များနှင့်  မိသားစုဝင်များအတွက်လည်း ထိုက်သင့်သည့်ချီးမြှင့်မှုများနှင့် လိုအပ် သည့်သက်သာချောင်ချိရေး ကိစ္စရပ်များ ကို  ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊  ထို့ပြင်   တပ်ပိုင်နှင့်   တစ်ပိုင်  တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ကြရေး တိုက်တွန်းလိုကြောင်း၊  ထိုသို့ဆောင်ရွက် ခြင်းဖြင့် မိသားစု၏  စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု စေမည်ဖြစ်ပြီး သက်သာချောင်ချိမှုဖြစ်ပေါ် နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်သားများ နှင့် မိသားစုဝင်များ၏ သက်သာချောင်ချိ ရေးကိစ္စရပ်များကို    တာဝန်ရှိသူများ အနေဖြင့် စနစ်တကျဖော်ဆောင်ပေးသွား ရန်လိုကြောင်း။
တပ်မတော်သားမိသားစုဝင် 
သားသမီးများ၏ ပညာရည်မြင့်မားရေး
တပ်မတော်သားမိသားစုဝင်    သား သမီးများ၏    ပညာရေးနှင့်ပတ်သက်၍ မကြာမီတွင်          ကျောင်းအပ်နှံရေး ရက်သတ္တပတ်သို့    ရောက်ရှိတော့မည် ဖြစ်သဖြင့် မိသားစုဝင် ကျောင်းနေအရွယ်  ကလေးအားလုံး  ကျောင်းအပ်နှံနိုင်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင် ရွက်ကြစေလိုကြောင်း၊ ပညာရေး ကောင်းမွန်မှသာလျှင်   ၎င်းတို့၏   ဘဝ
တစ်လျှောက်         ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေနိုင်မည် ဖြစ်သဖြင့်   ပညာရေးကို အားပေးဆောင်ရွက်ကြစေ လိုကြောင်း၊          တပ်မတော်အနေဖြင့် တပ်မတော်သားမိသားစုဝင်   ကျောင်း သား ကျောင်းသူများ၏ ပညာရည်မြင့်မား စေရေးအတွက်   စဉ်ဆက်မပြတ်   ပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိသဖြင့်  မိဘများ အနေဖြင့်လည်း မိမိတို့ကလေးငယ်များ ၏ ပညာရည်မြင့်မားရေးကို အလေးပေး ဆောင်ရွက်ကြရန်  တိုက်တွန်းမှာကြား လိုကြောင်း၊    ကျောင်းနေအရွယ်မှစ၍ အဆင့်မြင့်တက္ကသိုလ်ပညာအထိ သင်ယူ နိုင်ရေး မိဘများမှ အခွင့်အလမ်းကောင်း များကို ဖော်ဆောင်ပေးကာ  ၎င်းတို့ဘဝ အတွက်         မှန်ကန်ကောင်းမွန်သည့် လမ်းကြောင်းမှန်ကို ညွှန်ပြပေးနိုင်ရမည် ဖြစ်ကြောင်း၊  ကျောင်းမှ သင်ကြားပေး သည့် ပညာရပ်များအပြင်  အခြားအသိ ပညာဗဟုသုတများ     ကြွယ်ဝစေရေး အတွက်လည်း မိမိကိုယ်တိုင်စာဖတ်ရန် လိုအပ်သကဲ့သို့   မိမိတို့၏ ကလေးငယ် များကိုလည်း      စာကောင်းပေမွန်များ  ဖတ်ရှုလေ့လာသည့် အလေ့အကျင့်များ ဖြစ်ပေါ်လာအောင်   တွန်းအားပေးကြရ မည်ဖြစ်ကြောင်း။
တပ်တွင်းစည်းလုံးညီညွတ်ရေးဖြင့် 
စုစည်းညီညွတ်သည့်အားကို တည်ဆောက်
ပြည်သူကအားကိုးရသည့်၊ တိုင်းပြည် က အားထားရသည့် တပ်မတော်ဖြစ်စေ ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် စုစည်း ညီညွတ်သည့်အားဖြင့် ပြည်သူ့အကျိုးကို ဖော်ဆောင်ပေးရန်၊        တိုင်းပြည်ကို  ကာကွယ်နိုင်ရန်လိုပြီး ထိုသို့ဆောင်ရွက် နိုင်ရေးအတွက်       တပ်တွင်းစည်းလုံး   ညီညွတ်ရေးသည်   အလွန်အရေးကြီး ကြောင်း၊ တစ်ဦးနှင့်တစ်ဦး ညီရင်းအစ်ကို၊ မောင်ရင်းနှမသဖွယ်စိတ်ဓာတ်၊ မိသားစု စိတ်ဓာတ်ဖြင့် စည်းစည်းလုံးလုံး နေထိုင်  ကြရန်၊   ပေးအပ်လာသည့်  အမိန့်နှင့် တာဝန်ကို ကျေပွန်စွာတာဝန်ထမ်းဆောင် ကြရန်လိုကြောင်း၊   ဦးစီးခေါင်းဆောင် များအနေဖြင့်လည်း မိမိတို့၏ လက်အောက်  မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက်  ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင် ရမည်ဖြစ်ပြီး ညီညွတ်မျှတသည့် အုပ်ချုပ် မှုပုံစံရှိရမည်ဖြစ်ကြောင်း၊      တပ်မှူး ကောင်းသဖွယ် စိတ်ဓာတ်၊  ဖခင်သဖွယ် စိတ်ဓာတ်ဖြင့်     ကွပ်ကဲအုပ်ချုပ်ရမည် ဖြစ်ကြောင်း၊   အရာရှိ၊   စစ်သည်များ၊  မိသားစုဝင်များအားလုံး ညီညီညွတ်ညွတ် ဖြင့် စည်းလုံးညီညွတ်စွာနေထိုင်ကြရန် လိုပြီး    နိုင်ငံတော်နှင့်   တပ်မတော်မှ ပေးအပ်လာသည့်တာဝန်များကို ကျေပွန် စွာ   ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း မှာကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ ၏ လိုအပ်ချက်များကို မေးမြန်းသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က      ကျိုင်းတုံတပ်နယ်မှ  အရာရှိ၊  စစ်သည်၊  မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်  ရာ တိုင်းမှူးကလည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်   ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အတွက်   ချီးမြှင့်ငွေများကို   ပေးအပ်ရာ တိုင်းမှူး၏    ဇနီးက   လည်းကောင်း လက်ခံရယူကြသည်။
တွေ့ဆုံပွဲအပြီးတွင်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင် များသည်       တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်မိသားစုများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
တိုင်းစစ်ဌာနချုပ်တွင်း စိုက်ပျိုးမွေးမြူရေး
အကောင်အထည်ဖော်ဆောင်ရွက်ထား
ရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်          အဖွဲ့ဝင်များသည် တိုင်းစစ်ဌာနချုပ်အတွင်း စိုက်ပျိုးမွေးမြူ ရေး အကောင်အထည်ဖော်ဆောင်ရွက်ထားမှုအခြေအနေများကို  သွားရောက် ကြည့်ရှုစစ်ဆေးရာ  ရှင်းလင်းဆောင်၌ တိုင်းမှူးက   တိုင်းစစ်ဌာနချုပ်စိုက်ပျိုး မွေးမြူရေးဇုန်များတွင်   စပါး၊  ပြောင်း၊ နေကြာ၊   တစ်သျှူးငှက်ပျောနှင့်   ရာသီ သီးနှံများ  စိုက်ပျိုးထားရှိသည့်အခြေအနေ များ၊ နို့စားနွား၊ ဆိတ်၊ DYL ဝက်၊ ငါး၊ ဥစား  ကြက်နှင့် အသားစားကြက်များ၊ ကာကီ ကင်းဘဲများ  မွေးမြူထားရှိသည့် အခြေ အနေများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များမှ ထွက်ရှိသည့်  အသား၊ ငါး၊ နို့၊ ဥနှင့်  ဟင်းသီးဟင်းရွက်များအား  တပ်မိသားစု များနှင့်   ဌာနဆိုင်ရာဝန်ထမ်းများကို အခမဲ့ပေးဝေခြင်းနှင့်   ပြင်ပပေါက်ဈေး ထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိသည့်  အခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး  ဦးစီးချုပ်က စပါးနှင့်  ပြောင်းများစိုက်ပျိုးရာတွင် စနစ် တကျဖြင့်   စိုက်ပျိုး၍   တစ်ဧကအထွက် နှုန်းများ    တိုးတက်အောင်ဆောင်ရွက် ရန်လိုကြောင်း၊ သီးနှံများစိုက်ပျိုးရာတွင် စားရေးကို အဓိကအထောက်အကူပြုစေ မည့် သီးနှံပင်များကိုသာ  ဦးစားပေးအဖြစ် စိုက်ပျိုးရန်လိုကြောင်း၊     အလားတူ တပ်မိသားစုများ တစ်ပိုင်တစ်နိုင် စိုက်ပျိုး ရေး   လုပ်ငန်းများဖြင့်  သီးနှံများစိုက်ပျိုး စေရေး        အားပေးဆောင်ရွက်ရန် လိုကြောင်း၊   ကြက်များမွေးမြူရာတွင် လည်း       ဒေသကြက်များကိုလည်း အောင်မြင်စွာ မွေးမြူနိုင်ရေးဆောင်ရွက် ရန်လိုကြောင်း၊ တပ်ပိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများသည် အကျိုးအမြတ်အတွက် မဟုတ်ဘဲ   တပ်မတော်သားမိသားစုဝင် များ သက်သာချောင်ချိစေရေးနှင့်စားရေး အတွက် အဓိကဆောင်ရွက်ခြင်းဖြစ်သဖြင့် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက် ကြရန်လိုကြောင်း မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်       အဖွဲ့ဝင်များသည်   တိုင်းစစ်ဌာနချုပ် စိုက်ပျိုးမွေးမြူရေးဇုန်မှ ထွက်ရှိသည့်စိုက်ပျိုးမွေးမြူရေး ထွက်ကုန် များ ခင်းကျင်းပြသထားမှုများကို ကြည့်ရှု ပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက်    နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်      အဖွဲ့ဝင်များသည်  တိုင်းစစ်ဌာနချုပ် စိုက်ပျိုးမွေးမြူရေးဇုန် အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုအခြေအနေများကို   လိုက်လံကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြ ချက်များအပေါ်       လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။                    သတင်းစဉ်