
နေပြည်တော် မေ ၁၁
ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ဥပဒေ အမှတ် (၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ ပြီး ၂၀၂၄ခုနှစ် ဖေဖော်ဝါရီ ၁၀ရက် တွင် ယင်းဥပဒေအား အသက်ဝင် စေခဲ့ကာ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁)ကို တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောင်မြင်စွာ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။
ယခုအခါတွင်လည်း တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ်(၂)သို့ တက်ရောက်ရန် အတွက် သက်ဆိုင်ရာသင်တန်း ကျောင်းအသီးသီးသို့ ရောက်ရှိလာ ကြသည့် နိုင်ငံ့သားကောင်းရတနာ များအား သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူ များက အောင်သပြေများဖြင့် သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆို ခဲ့ကြသည်။ ထိုသို့ ပြည်သူ့ စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂)တွင် သင်တန်းတက်ရောက်ရန် ဝင်ရောက် လာခဲ့ကြသူများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များရှိ နယ်မြေခံသင်တန်းကျောင်း များတွင် ကျန်းမာရေးဆေးစစ်ပေး ခြင်း၊ စစ်အသုံးအဆောင်ပစ္စည်း များထုတ်ပေးခြင်း၊ ဂုဏ်ပြုချီးမြှင့် ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းများ ဆောင်ရွက်ပေး ကြပြီး တာဝန်ရှိသူများက ရင်းရင်း နှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြ သည်။
နိုင်ငံသားတိုင်းသည် ပြည် ထောင်စုမပြိုကွဲရေး၊ တိုင်းရင်း သားစည်းလုံး ညီညွတ်မှု မပြိုကွဲ ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန် အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိကြပြီး ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် စစ်ပညာ သင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှု ထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှု ထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ရခြင်း ဖြစ်သည်။
ယခုကဲ့သို့ မျိုးချစ်စိတ်ဓာတ် အပြည့်အဝဖြင့် နိုင်ငံတော်၏ ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်ရန်အတွက် ရဲဝံ့သည့် စိတ်ဓာတ်များဖြင့် ဝင်ရောက်လာ သော နိုင်ငံ့သားကောင်းရတနာ များကို အစဉ်အမြဲလေးစား ဂုဏ်ယူလျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်