
နေပြည်တော် မေ ၁၀
မန္တလေးတိုင်းဒေသကြီး မတ္တရာ မြို့နယ်တွင် မေ ၉ ရက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နယ်မြေ လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥဒိန် ကျေးရွာ၊ မြွေတဲအုပ်ကျေးရွာ နှင့် မြွေကူးတို့ဆိပ်ကျေးရွာတို့ကို ဝင်ရောက်မီးရှို့ခဲ့ကြောင်း၊ အဆိုပါ မီးရှို့မှုကြောင့် ဥဒိန်ကျေးရွာ၊ မြွေတဲအုပ်ကျေးရွာနှင့် မြွေကူး တို့ဆိပ်ကျေးရွာတို့မှ နေအိမ် ၂၀ ခန့်ပျက်စီးခဲ့ကြောင်း တစ်ဖက်သတ် စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက လုပ်ကြံ ရေးသား ဝါဒဖြန့်ဝေနေသည် ကို တွေ့ရှိရသည်။
သိမ်းဆည်းရမိ
အဆိုပါ သတင်းနှင့် ပတ်သက် ၍ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ မတ္တရာ မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ဥဒိန် ကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲ များ ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ ဖြစ်ပွားစဉ် မြွေကူးတို့ဆိပ်ကျေးရွာ စာသင်ကျောင်းအတွင်းမှ အကြမ်း ဖက်သမားများက လက်လုပ် လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်ရာ ဥဒိန်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် များ မီးလောင်ပျက်စီးခဲ့ရကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပြန်လည် တိုက်ခိုက်မှုကြောင့် အကြမ်းဖက်သမားများ မြွေကူး တို့ဆိပ်ကျေးရွာအတွင်းမှ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်းနှင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ် ဖြစ်ပွားသည့်နေရာနှင့် အနီး ဝန်းကျင်များကို လိုက်လံရှင်းလင်း ခဲ့ရာ မြွေကူးတို့ဆိပ်ကျေးရွာ စာသင်ကျောင်းအတွင်းမှ လက်လုပ် စိန်ပြောင်းခြောက်လက်၊ လက် လုပ်ဗုံးသီး ၄၅ လုံးနှင့် ဖောက်ခွဲ ရေးဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
ဝါဒဖြန့်ဝေလျက်ရှိ
အလားတူ မေ ၆ ရက်က တပ်မတော်မှ လက်နက်ကြီးပစ်ခတ် မှုကြောင့် မွန်ပြည်နယ် သိမ်ဇရပ် မြို့ ဇီးပြောင်းကျေးရွာရှိ ရော်ဘာခြံ အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူတစ်ဦး ထိမှန်သေဆုံးခဲ့ သည်ဟု မဟုတ်မမှန် စွပ်စွဲ ရေးသား ပြီး ဝါဒဖြန့်ဝေလျက်ရှိပြီး ၎င်းသတင်းသည် မှန်ကန်မှုမရှိဘဲ မေ ၆ ရက်တွင် လက်နက်ကြီး ပစ်ခတ်မှုမရှိကြောင်း လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ သိရသည်။
သတင်းပေးပို့
တိုင်ကြားနိုင်
အကြမ်းဖက်သမားများသည် တိုက်ပွဲများ ဖော်ဆောင်ရာတွင် စစ်ရေးနှင့် မသက်ဆိုင်သည့် ကျေးရွာနေအိမ်များ၊ ဒေသခံ ပြည်သူများနှင့် စာသင်ကျောင်း များကို အကာအကွယ်ယူ တိုက်ခိုက်ခြင်းနှင့် ဖောက်ခွဲရေး ပစ္စည်းများကို စာသင်ကျောင်း များအတွင်း ပြုလုပ်ခြင်းများ ဆောင်ရွက်လျက် ရှိသည့်အတွက် ဒေသခံပြည်သူများမှ ကြောက်ရွံ့ ထိတ်လန့်လျက်ရှိသည်။ ဒေသခံ ပြည်သူများအနေဖြင့် အကြမ်း ဖက်သမားများ၏ သတင်းများ ရရှိပါက လျှို့ဝှက်စွာသတင်းပေးပို့ တိုင်ကြားနိုင်ပါကြောင်းနှင့် တရား မဝင် ပြည်ဖျက်မီဒီယာများမှ သတင်းတု၊ သတင်းအမှားများဖြင့် ပြည်သူများ ထင်ယောင်ထင်မှား ဖြစ်စေရန် လှုံ့ဆော်ရေးသား ဝါဒဖြန့်ဝေလျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်