မြန်မာနိုင်ငံရဲ့ လှပတဲ့သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့တွေကို တရုတ်နိုင်ငံနဲ့ မိတ်ဆက်ပေးဖို့အတွက် လာရောက်ခဲ့တာဖြစ်ပါတယ်

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ    ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်ဌာနများမှ  ကိုယ်စား လှယ်များ၊   မီဒီယာများနှင့်  ခရီးသွား အေဂျင်စီများမှ  ကိုယ်စားလှယ်များ ပါဝင် သော မြန်မာ-တရုတ် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး    ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် Familiarization Trip-FAM Trip အဖွဲ့သည်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့မှ  ရန်ကုန်မြို့သို့  ယနေ့မွန်းလွဲ ပိုင်းတွင်  ရောက်ရှိခဲ့သည်။
အဆိုပါ   မြန်မာ-တရုတ်ခရီးသွား လုပ်ငန်းမြှင့်တင်ရေး   ရင်းနှီးကျွမ်းဝင်မှု ဆိုင်ရာ ခရီးစဉ် Familiarization Trip-FAM Trip အဖွဲ့ တာဝန်ရှိသူများနှင့် ခရီး သွားလုပ်ငန်း ဝန်ဆောင်မှုမှ တာဝန်ရှိသူ တို့၏ စကားသံတို့ကို စုစည်းဖော်ပြလိုက်ပါ သည်။
ဦးဇေယျာမျိုးအောင် (ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ ဟိုတယ်နှင့်ခရီးသွား 
ညွှန်ကြားမှုဦးစီးဌာန)
မြန်မာနိုင်ငံမှာ     တရုတ်ခရီးသွား လုပ်ငန်းဈေးကွက်နဲ့      ပတ်သက်ပြီး မြှင့်တင်ဖို့     မြန်မာ-တရုတ်ခရီးသွား လုပ်ငန်းမြှင့်တင်ရေး   ရင်းနှီးကျွမ်းဝင်မှု ဆိုင်ရာ Familiarization Trip-FAM Trip ခရီးစဉ်ကို   ဆောင်ရွက်တာဖြစ်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊   ပေကျင်း၊ ကူမင်း၊ ယူနန်၊ ကွေ့လင်း၊ ချုံချင့်က ခရီး သွားဧည့်သည် ၄၁ ဦးပါဝင်ပြီး နေပြည် တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံနဲ့ငွေဆောင် စတဲ့ အဓိကခရီးစဉ်ဒေသတွေကို မေ ၂၀ ရက်အထိ လေ့လာလည်ပတ်သွားမှာ ဖြစ် ပါတယ်။    မြန်မာနိုင်ငံမှာရှိတဲ့    ခရီးစဉ် ဒေသတွေ  အကြောင်းကို ပိုမိုသိရှိစေမှာ လည်းဖြစ်ပါတယ်။ ဒီအဖွဲ့မှာ တရုတ်နိုင်ငံ ရဲ့  မီဒီယာတွေလည်း  ပါဝင်တာကြောင့် မြန်မာနိုင်ငံအကြောင်းကို  ပိုမိုသိရှိပြီး လာရောက်လည်နိုင်ဖို့အတွက် ရည်ရွယ် ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့  နိုင်ငံတကာခရီးသွား ဧည့်သည် ဝင်ရောက်မှုကိုကြည့်မယ်ဆိုရင် ဗီဇာနဲ့လာရောက်လည်ပတ်တဲ့ ဧည့်သည် တွေထဲမှာ တရုတ်နိုင်ငံသားအများဆုံးဖြစ် ပါတယ်။  ထိုင်းနိုင်ငံက  ခရီးသွားဟာ ဒုတိယ    လိုက်ပါတယ်။        မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းအနေနဲ့ ထိုင်းနိုင်ငံခရီးသွားနဲ့      ပတ်သက်ပြီး Familiarization Trip-FAM Trip ကိုလုပ် ဆောင်ခဲ့ပြီးပါပြီ။ ကျွန်တော်တို့ ဝန်ကြီး ဌာနအနေနဲ့  ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်းတွေ၊ အသင်းတွေ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်  အပါအဝင် အသင်းတွေပူးပေါင်းပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံနဲ့ Familiarization Trip-FAM Trip ကို လုပ်ဆောင်ခဲ့ပြီးပါပြီ။  အခုရောက်ရှိ လာတဲ့အဖွဲ့နဲ့အတူပါလာတဲ့ မီဒီယာတွေ က သူတို့နဲ့သက်ဆိုင်ရာ  ချယ်နယ်တွေ အပြင်  လူမှုကွန်ရက်တွေမှာ  ထုတ်လွှင့် ကြတဲ့အခါ ပိုမိုသိရှိပြီးတော့ မြန်မာနိုင်ငံရဲ့ ခရီးသွားကဏ္ဍကို  နိုင်ငံတကာက စိတ်ဝင် စားလာစေမှာ ဖြစ်ပါတယ်။ 
ကျွန်တော်တို့နိုင်ငံကို အိမ်နီးနားချင်း နိုင်ငံတွေက      အများဆုံးလာရောက် လည်ပတ်နေတာ   ဖြစ်ပါတယ်။  တရုတ် ပြည်သူ့ သမ္မတနိုင်ငံက ခရီးသွားဧည့်သည် တွေကိုလည်း   ဆိုက်ရောက်ဗီဇာစနစ်နဲ့ ခွင့်ပြုထားတာကြောင့် အိန္ဒိယနဲ့အာဆီယံ နိုင်ငံတွေကလည်း လာရောက်လည်ပတ် နေပါတယ်။ မြန်မာနိုင်ငံကို ၂၀၂၃ ခုနှစ်မှာ နိုင်ငံတကာခရီးသွား ဧည့်သည် ၁ ဒသမ ၂၃ သန်း ဝင်ရောက်ခဲ့ပြီးတော့ ၂၀၂၄ ခုနှစ် ရဲ့ နှစ်ဆန်းပိုင်းမှာလည်း ခရီးသွားတွေ ဝင်နေပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာ ဆိုရင် ခရီးသွားလုပ်ငန်းဟာ ကိုဗစ်မတိုင် မီက အခြေအနေကို ပြန်လည်ရောက်ရှိနေ ပါပြီ။   မြန်မာနိုင်ငံအနေနဲ့   ခရီးသွား လုပ်ငန်းပြန်လည် မြှင့်တင်ရေးအစီအစဉ် တွေကို   လုပ်ဆောင်နေပါတယ်။  ယခု  မြန်မာ - တရုတ်  ခရီးသွားလုပ်ငန်းမြှင့်တင် ရေး    ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ   ခရီးစဉ် Familiarization   Trip-FAM    Trip ဟာလည်း  နှစ်နိုင်ငံခရီးသွားမြှင့်တင်ရေး အစီအစဉ်တစ်ခုလည်း ဖြစ်ပါတယ်။
ဦးနန္ဒအောင် (ညွှန်ကြားရေးမှူး၊ ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ 
ရန်ကုန်ရုံးခွဲ)
အခုအစီအစဉ်ဟာ မြန်မာ-တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကို အဓိက ဆောင်ရွက်တာဖြစ်ပါတယ်။ အခုခရီးစဉ် ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက ခရီး သွားတွေထဲထဲဝင်ဝင်သိရှိပြီး မြန်မာနိုင်ငံ ကို    လာရောက်လည်ပတ်ဖို့အတွက် ဖိတ်ခေါ်တာလည်း  ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းကို ပြည်ပခရီးသွားဧည့်သည် ၈၀၀၀၀ ဝင် ရောက်ခဲ့ပြီး  ၂၀၂၃  ခုနှစ်မှာ ၂၄၀၀၀၀ ဝင်ရောက်ခဲ့ပြီးတော့ ၂၀၂၄ ခုနှစ် ဧပြီလ အထိ ခရီးသွား ၈၀၀၀၀ ကျော် ဝင်ရောက် ခဲ့ပြီး  ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ တရုတ် ခရီးသွားအများဆုံးဖြစ်ပြီးတော့   ဒုတိယ က ထိုင်းခရီးသွားဖြစ်ပါတယ်။   ဒါ့ကြောင့် တရုတ်နိုင်ငံကခရီးသွားတွေ ပိုမိုလည်ပတ် အပန်းဖြေနိုင်အောင်    ဆောင်ရွက်တာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ လက်ရှိလိုင်စင်ရဟိုတယ်  ၄၉၃  လုံးရှိပြီး တော့ သုံးပုံနှစ်ပုံ ဖွင့်လှစ်နေပြီး ခရီးသွား ဧည့်သည်တွေ ဝင်ရောက်နေပါတယ်။
Mr.LIUWEI ( Chairman ၊ Myanmar – 
China Culture Tourism Promotion 
Society)
အခုခရီးစဉ်ဟာ   တရုတ် -  မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအပြင် ခရီးသွား မြှင့်တင်ရေးကို  ဆောင်ရွက်တာ  ဖြစ်ပါ တယ်။    ကျွန်တော်   မြန်မာနိုင်ငံကို ရောက်ဖူးပါတယ်။ အခုပါလာတဲ့ ခရီးသွား တွေကတော့   မရောက်ဖူးသေးပါဘူး။ လေဆိပ်အဝင်မှာ   တာဝန်ရှိသူတွေက နွေးနွေးထွေးထွေး  ကြိုဆိုကြတဲ့အပြင် အိုးစည်ဒိုးပတ်တွေနဲ့ မြန်မာ့ယဉ်ကျေးမှု ကို     စတင်တွေ့ရှိမှုဟာ   ဒီခရီးစဉ်ရဲ့ ပထမဆုံး   အံ့ဩဝမ်းသာမှု   တစ်ခုပါပဲ။  မြန်မာနိုင်ငံရဲ့လှပတဲ့ သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့တွေကို တရုတ် နိုင်ငံနဲ့        မိတ်ဆက်ပေးဖို့အတွက် လာရောက်ခဲ့တာဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ 
ဦးကျော်မင်းလှိုင်(မြန်မာနိုင်ငံ ခရီးသွား 
လုပ်ငန်းအဖွဲ့ချုပ် တွဲဖက်အထွေထွေ 
အတွင်းရေးမှူး-၁) 
ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနရဲ့ ညွှန်ကြားမှုနဲ့အညီ     ခရီးသွားလုပ်ငန်း အသင်းအဖွဲ့တွေအားလုံး      စုစည်းပြီး တရုတ်ခရီးသွားဧည့်သည် ပိုမိုဝင်ရောက် လာနိုင်ဖို့အတွက်   ခရီးသွားလည်ပတ်ဖို့ ကောင်းတဲ့    နိုင်ငံအဖြစ် သိရှိဖို့ စီစဉ်တာ ဖြစ်ပါတယ်။ ခရီးသွားအေဂျင်စီနဲ့ မီဒီယာ တွေ ပါဝင်တာကြောင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံအနေနဲ့မြန်မာနိုင်ငံရဲ့ လှပတဲ့ခရီးသွား ဒေသတွေကို  ပိုမိုသိရှိပြီး   လာရောက် လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ ခရီးသွား လုပ်ငန်းဝန်ဆောင်မှုတွေ  အချင်းချင်း ချိတ် ဆက်ပြီးတော့ မြန်မာနိုင်ငံကို  ခရီး သွားပိုမိုလာရောက်လည်ပတ် နိုင်ဖို့ဖြစ်ပါ တယ်။       သတင်းစဉ်၊ ဓာတ်ပုံ - ကနူး