ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်   မေ  ၁၀
ဒုတိယဝန်ကြီးချုပ်နှင့်    စီမံကိန်း နှင့်      ဘဏ္ဍာရေးဝန်ကြီးဌာန       ပြည်ထောင်စုဝန်ကြီး    ဦးဝင်းရှိန် သည်   မြန်မာနိုင်ငံဆိုင်ရာ  အိန္ဒိယ နိုင်ငံ  သံအမတ်ကြီး Mr. Abhay Thakur အား    ယနေ့  မွန်းတည့် ၁၂   နာရီတွင်  နေပြည်တော်ရှိ  စီမံကိန်းနှင့်     ဘဏ္ဍာရေးဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ်    ဒုတိယဝန်ကြီး ချုပ်နှင့်   ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးအား    မြန်မာနိုင်ငံ ဆိုင်ရာ     အိန္ဒိယနိုင်ငံသံအမတ်ကြီး အဖြစ်    ခန့်အပ်တာဝန်ပေးအပ် ခံရခြင်းအတွက်       ဝမ်းမြောက် ဂုဏ်ယူ        ကြိုဆိုပါကြောင်း၊ သံအမတ်ကြီး တာဝန်ထမ်းဆောင် ချိန်ကာလတွင်   မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီး သော ဆက်ဆံရေးကို ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်နိုင် လိမ့်မည်ဟု    ယုံကြည်မျှော်လင့် ကြောင်း ပြောကြားပြီး    ဘဏ်နှင့် ငွေရေးကြေးရေးဆိုင်ရာ   ကိစ္စရပ် များ၊     နှစ်နိုင်ငံ   ကုန်သွယ်မှုနှင့် စပ်လျဉ်း၍    ငွေပေးချေမှုဆိုင်ရာကိစ္စရပ်များ၊     ချေးငွေဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုနှင့်     အာမခံဆိုင်ရာ သင်တန်းများ ပံ့ပိုးပေးနိုင်မှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်      ဆွေးနွေးခဲ့ ကြသည်။
တွေ့ဆုံပွဲသို့    စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန     ဒုတိယ ဝန်ကြီး     ဦးမောင်မောင်ဝင်းနှင့် ဌာနဆိုင်ရာ    အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။ 
သတင်းစဉ်