
နေပြည်တော် မေ ၉
(၅၉) ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ သတ္တမ နေ့ကို နေပြည်တော်ရှိ မဏိ ရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ နံနက်ပိုင်း မှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိ ရတနာကျောက်စိမ်း ခန်းမအပြင် ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက် စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှုကြသည်။
ယနေ့ပြပွဲတွင် ကျောက်စိမ်း အတွဲအမှတ် (၁၉၀၁) မှ (၂၇၅၀) အထိ ကျောက်စိမ်းအတွဲများကို ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျောက်စိမ်းအတွဲပေါင်း ၄၂၄ တွဲ ရောင်းချခဲ့ရကြောင်း ထုတ်ပြန် ကြေညာသည်။
ထို့ပြင် ပြည်တွင်း ရတနာ ကုန်သည်များကိုသာ ရောင်းချ ပေးမည့် အုပ်စု (C) မှ ကျောက်စိမ်း အတွဲအမှတ်(၂၇၅၁) မှ (၃၇၅၀) အထိ တင်သွင်းထားသော ဈေးနှုန်း တင်သွင်းလွှာများကို တာဝန်ရှိသူ များက ပြပွဲအဋ္ဌမနေ့တွင် ဖွင့်ဖောက် စစ်ဆေးကာ ရောင်းချရသည့် ကျောက်စိမ်းအတွဲများကို ပြပွဲ နဝမနေ့တွင် ကြေညာသွားမည် ဖြစ်သည်။
(၅၉) ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ မေ ၃ ရက် မှ ၁၂ ရက်အထိ ကျင်းပနေခြင်း ဖြစ်ပြီး ပြပွဲဒုတိယနေ့တွင် ပုလဲ အတွဲပေါင်း ၁၈၂ တွဲ၊ တတိယ နေ့တွင် ပုလဲအတွဲပေါင်း ၁၉၇ တွဲ၊ စတုတ္ထနေ့တွင် ကျောက်မျက်အတွဲ ပေါင်း ၈၈ တွဲ၊ ပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၅၄၆ တွဲ၊ ဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲ ပေါင်း ၅၆၉ တွဲနှင့် သတ္တမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၄၂၄ တွဲ ကို ရောင်းချပေးနိုင်ခဲ့ပြီး ကျန်ရှိ နေသည့် ကျောက်စိမ်းအတွဲများ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက် လက် ရောင်းချပေးသွားမည်ဖြစ် ကြောင်း သိရသည်။ သတင်းစဉ်