
နေပြည်တော် မေ ၉
၂၀၂၄ ခုနှစ် နွေရာသီအဆင့်မြင့် အားကစားသင်တန်းဆင်းပွဲ အခမ်း အနားကို ယနေ့ညနေပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော် အားကစားရုံ၌ ကျင်းပရာ နေပြည် တော်အားကစားနှင့် ကာယပညာ ကော်မတီ နာယက၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီး ဌာနမှ တာဝန်ရှိသူများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြ သည်။
ဦးစွာ နေပြည်တော် အားကစား နှင့် ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက နွေရာသီအဆင့်မြင့် အားကစား သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်ရေးအတွက် အခြေခံ ကျသော ကျောင်းသား ကျောင်း သူ လူငယ်မောင်မယ်များ ပြုစု ပျိုးထောင်ပေးနိုင်ခြင်း၊ နွေရာသီ အားလပ်ရက်များကို အကျိုးရှိစွာ အသုံးချနိုင်ခြင်း၊ အားကစား ပြုလုပ်ခြင်းဖြင့် ကျန်းမာသန်စွမ်း သော မျိုးဆက်သစ် အားကစား သမားကောင်းများ ပေါ်ထွက်လာ ခြင်း၊ အခြေခံမှသည် နိုင်ငံ့ဂုဏ် ဆောင်နိုင်သည်အထိ ထူးချွန် ထက်မြက်သော အားကစားသမား များ ပေါ်ထွန်းလာစေမည်ဖြစ် ကြောင်း၊ အားကစားနှင့် ပညာရေး အချိုးညီစွာ ပေါင်းစပ်ဆောင်ရွက် ခြင်းဖြင့် ကျောင်းသားလူငယ် များ အားကစားလှုပ်ရှားမှုများ တွင် စိတ်ပါဝင်စားမှု၊ ပူးပေါင်း ဆောင်ရွက်မှု မြင့်တက်လာစေ ပြီး ဗလငါးတန်ဖွံ့ဖြိုးမှုတို့ကို အထောက်အကူပြုစေမည် ဖြစ် ကြောင်း၊ ကျောင်းသားကျောင်းသူ လူငယ်များအားလုံး မိမိကိုယ်ကို ယုံကြည်သည့်စိတ်၊ ခိုင်မာသည့် စိတ်ဓာတ်နှင့် မိမိရည်မှန်းချက်ကို အောင်မြင်အောင် ကြိုးစားကြစေ လိုကြောင်း၊ နွေရာသီအဆင့်မြင့် အားကစားသင်တန်းများမှတစ်ဆင့် နေပြည်တော်၏ဂုဏ်၊ နိုင်ငံ့၏ဂုဏ် ကိုဆောင်နိုင်သည့် အားကစား သမားကောင်းများ ဖြစ်လာအောင် စွမ်းစွမ်းတမံ ဆက်လက်ကြိုးစား လေ့ကျင့်သွား ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များက နွေရာသီ အဆင့်မြင့်မြားပစ် သင်တန်းမှ သင်တန်းသား သင်တန်းသူများ လက်ရည်စစ် ပြိုင်ပွဲပြုလုပ်မှုကို ကြည့်ရှုအားပေး ပြီး သင်တန်းနည်းပြဆရာများ၊ မြားပစ်လက်ရည်စစ် ပြိုင်ပွဲတွင် ဆုရရှိသည့် သင်တန်းသား သင်တန်းသူများကို ဂုဏ်ပြုဆုများ နှင့် သင်တန်းသား သင်တန်းသူ များကို သင်တန်းဆင်းလက်မှတ် များ ပေးအပ်ချီးမြှင့်သည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည် တော် နွေရာသီအဆင့်မြင့် အားကစားသင်တန်းကို ဧပြီ ၂၅ ရက်မှ မေ ၉ ရက်အထိ အားကစား နည်း ၁၁ နည်းကို သင်တန်းသား သင်တန်းသူ ၈၉၀ တို့ကို သင်တန်း ကာလ ၁၅ ရက်ကြာ ဖွင့်လှစ် သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇမ္ဗူ သီရိမြို့နယ် မင်္ဂလာသိဒ္ဓိရပ်ကွက် သုတမင်္ဂလာ စာကြည့်တိုက်သို့ သွားရောက်၍ စာကြည့်တိုက် အတွင်း စာအုပ်စာစောင်များ ခင်းကျင်းထားရှိမှုအခြေအနေများ ကို ကြည့်ရှုအားပေးပြီး စာကြည့် တိုက် ကော်မတီဝင်များနှင့် တွေ့ဆုံ၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ စာဖတ်သည့် အလေ့အထများ ဖြစ်စေရေး၊ အသိပညာ၊ အတတ် ပညာဗဟုသုတ ပြည့်စုံစေရေး၊ စာအုပ်များ စနစ်တကျထားရှိရေး၊ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး ကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ကြစေလိုကြောင်း ပြောကြားပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ က သုတမင်္ဂလာစာကြည့်တိုက် အတွက် ငွေပဒေသာပင်နှင့်စာအုပ် စာစောင်များကို ပေးအပ်လှူဒါန်း သည်။
ဆက်လက်၍ ဒက္ခိဏသီရိ မြို့နယ် ရန်အောင်မြင်ကျေးရွာ အုပ်စု ရန်အောင်မြင်ကျေးရွာ ရှိ မြတ်ဆုမွန်စာကြည့်တိုက်သို့ ရောက်ရှိကာ စာကြည့်တိုက် အတွင်း စာအုပ်စာစောင်များ ခင်းကျင်းထားရှိမှု အခြေအနေများ ကို ကြည့်ရှုအားပေးပြီး စာကြည့် တိုက်အတွက် ငွေပဒေသာပင်နှင့် စာအုပ်စာစောင်များကို ပေးအပ် လှူဒါန်းသည်။
ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် နေပြည်တော်အမျိုးသမီးရေးရာ အဖွဲ့ နာယက၊ တာဝန်ရှိသူများ နှင့်အတူ ရန်အောင်မြင်ကျေးရွာ အုပ်စု တပ်ပိုးကျေးရွာ အခြေခံစာ တတ်မြောက်ရေး စာဖတ်ဝိုင်း နှင့် လယ်ဝေးမြို့နယ် အမှတ်(၅)ရပ်ကွက်၊ အင်တိုင်းသာ အခြေခံ ပညာမူလတန်းကျောင်း အခြေခံ စာတတ်မြောက်ရေး စာဖတ်ဝိုင်း အမှတ်(၆)သို့ သွားရောက်၍ စာသင်သားများကို အခြေခံမြန်မာ စာ၊ အခြေခံသင်္ချာဘာသာရပ်များ သင်ကြားပေးနေမှုကို ကြည့်ရှု အားပေးပြီး အာဟာရဖြစ် စားသောက်ဖွယ်ရာများနှင့် စာအုပ် စာစောင်များကို ပေးအပ်ခဲ့ ကြောင်း သိရသည်။ သတင်းစဉ်