နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ Samdech Akka Moha Sena Padei Techo HUN SEN တို့ Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေး

 

နေပြည်တော်   မေ   ၇


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်       ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံ အထက် လွှတ်တော်ဥက္ကဋ္ဌ  Samdech  Akka  Moha Sena  Padei  Techo HUN SEN  နှင့်  ယနေ့နံနက်ပိုင်းတွင်  Video  Conferencing  ဖြင့်      တွေ့ဆုံဆွေးနွေးသည်။


ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌတို့သည်  နှုတ်ခွန်းဆက်စကားများ  ပြောကြားကြပြီး  နှစ်နိုင်ငံ အကြား ဆက်ဆံရေးကောင်းမွန်လျက်ရှိမှု၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်နှင့်  မိုခါမုန်တိုင်းကျရောက်ချိန်တွင် ကမ္ဘောဒီးယား နိုင်ငံမှ အကူအညီများပေးပို့ခဲ့မှု၊   မြန်မာနိုင်ငံအနေဖြင့်   အာဆီယံ အဖွဲ့အတွင်း အပြုသဘောဆောင် စွာဖြင့်   ပါဝင်ဆောင်ရွက်လျက် ရှိမှု၊    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ချမှတ်ထား သည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် အညီ        ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊  ရှေ့လုပ်ငန်းစဉ် ၅ ရပ် အကောင် အထည်ဖော်မှုအပေါ်      ခိုင်မာစွာ ရပ်တည်၍     ဆောင်ရွက်ရန် သန္နိဋ္ဌာန်ချထားမှု၊ လွတ်လပ်ပြီး တရားမျှတသည့်        ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး   လူဦးရေနှင့်အိမ် အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူမှုအပါအဝင်   အခြား လိုအပ်သည်များကို      ကြိုတင်  ပြင်ဆင်   ဆောင်ရွက်လျက်ရှိမှု၊ ရွေးကောက်ပွဲကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ  (၂၀၀၈  ခုနှစ်)   နှင့်အညီ  အောင်မြင်စွာ     ကျင်းပနိုင်ရေး  ပြင်ဆင်      ဆောင်ရွက်လျက်ရှိမှု၊ ကမ္ဘောဒီးယားနိုင်ငံမှ   အာဆီယံ တွင် မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍  ဆောင်ရွက်နေမှု၊ ကမ္ဘောဒီးယား နိုင်ငံ ရွေးကောက်ပွဲအတွေ့အကြုံ မျှဝေလိုမှု        အခြေအနေများကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့သည်။


တက်ရောက်


အဆိုပါတွေ့ဆုံပွဲသို့     နိုင်ငံ တော်     စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ     နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်း ရေးမှူး        ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊  ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန    ပြည် ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တာဝန်ရှိသူများ     တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်