မိုင်းဆတ်မြို့၌ ဂုဏ်ထူးဆောင် လူရည်ချွန်များအား ကြိုဆိုဂုဏ်ပြု

မိုင်းဆတ်   မေ  ၄
တိုင်းဒေသကြီး၊      ပြည်နယ်အသီးသီးမှ လူရည်ချွန်မောင်မယ်များနှင့်       အတူ လေ့လာရေးခရီးစဉ်များ    ပြီးဆုံး၍ ပြန်လည်ရောက်ရှိလာသော        ရှမ်းပြည်နယ် အရှေ့ပိုင်း   မိုင်းဆတ်​မြို့မှ   လူရည်ချွန် ကျောင်းသား ကျောင်းသူ ခြောက်ဦးအား ကြိုဆိုဂုဏ်ပြုပွဲကို မေ ၃ ရက်က ကျင်းပ သည်။ 
နိုင်ငံတော်အစိုးရက  နိုင်ငံတစ်ဝန်းရှိ မျိုးဆက်သစ်လူငယ်များ    ဗလငါးတန် ဖွံ့ဖြိုးပြီး ဘက်စုံထူးချွန်သော လူရည်ချွန် များ   ပေါ်ထွန်းလာစေရေး  ရည်ရွယ်၍ လူရည်ချွန်မောင်မယ်များ      ရွေးချယ် ချီးမြှောက်ပေးလျက်ရှိရာ မိုင်းဆတ်မြို့မှ  လူရည်ချွန်များဖြစ်ကြသည့်  အခြေခံပညာ အထက်တန်း(မိုင်းဆတ်)မှ  Grade-9/10/ 11/12 ကျောင်းသား ကျောင်းသူခြောက်ဦး တို့သည် တိုင်းဒေသကြီး၊   ပြည်နယ် အသီးသီးမှ      လူရည်ချွန်မောင်မယ်များ နှင့်အတူ     လေ့လာရေးခရီးစဉ်များ ပြီးဆုံး၍  ပြန်လည်ရောက်ရှိလာရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့်အတူ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ အခြေခံပညာ အထက် တန်း(မိုင်းဆတ်)   ကျောင်းအုပ်ကြီးနှင့် ဆရာ     ဆရာမများ၊    ကျောင်းသား ကျောင်းသူများက ဂုဏ်ပြုပန်းကုံးများဖြင့်  ကြိုဆိုခဲ့ကြခြင်းဖြစ်သည်။  
ယင်းနောက် ဂုဏ်ပြုပွဲကို   အခြေခံ ပညာအထက်တန်းကျောင်း၌  ဆက်လက် ကျင်းပရာ     အမှတ်(၁၄)    စစ်ဆင်ရေး ကွပ်ကဲရေးဌာနချုပ်   ယာယီနည်းဗျူဟာ မှူး ဒုတိယဗိုလ်မှူးကြီး  ဝင်းကျော်သန့်နှင့် တပ်ရင်းတပ်ဖွဲ့ဝင်များ၊    ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်     ခရိုင်/ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊  ဌာနဆိုင်ရာများ၊ ​ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြပြီး  တာဝန်ရှိသူများက လူရည်ချွန် ကျောင်းသား ကျောင်းသူများ အား    ဂုဏ်ပြုဆုငွေများ   ပေးအပ်ကာ  လူရည်ချွန် မောင်/မယ်များက လူရည်ချွန် ခရီးစဉ်အတွေ့ အကြုံများကို    ပြန်လည် တင်ပြခဲ့ကြသည်။      
 ခရိုင်(ပြန်/ဆက်)