
နေပြည်တော် မေ ၃
၂၀၂၄ ခုနှစ်၊ (၅၉) ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ ဒေါ်ဒွဲဘူ၊ မန်းငြိမ်းမောင် နှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ် ဌာနချုပ် တိုင်းမှူး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူ များ၊ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ၊ ပြည်တွင်း၊ ပြည်ပမှ ကျောက်မျက်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် မြန်မာ့ပုလဲများ ထုတ်လုပ်မှုနှင့် ရောင်းချနိုင်မှု၊ ကျောက်မျက် ရတနာပစ္စည်းများ ထုတ်လုပ်မှုနှင့် ၂၀၂၄ ခုနှစ်၊ (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အခမ်းအနား ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့မှု ဗီဒီယို မှတ်တမ်းအား ကြည့်ရှုကြသည်။
လိုအပ်သည်များမှာကြား
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ၂၀၂၄ ခုနှစ်၊ (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ၌ ရောင်းချရန် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ပြသ ထားသော ကျောက်စိမ်း၊ ကျောက် မျက်အတွဲများနှင့် ပုလဲအတွဲများ ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က လိုအပ်သည် များ လမ်းညွှန်မှာကြားသည်။
လိုက်လံကြည့်ရှု
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ သည် ပုဂ္ဂလိက ကျောက်မျက် ရတနာအချောထည် အရောင်း ပြခန်းများ ဖွင့်လှစ်ရောင်းချနေမှု ကို လိုက်လံကြည့်ရှုအားပေးပြီး ခန်းမအပြင်ဘက်တွင် ခင်းကျင်း ပြသထားသည့် ကျောက်စိမ်းရိုင်း အတွဲများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
နိုင်ငံတော်အတွက် နိုင်ငံခြား ဝင်ငွေရရှိရန်နှင့် နိုင်ငံသားများ အတွက် စီးပွားရေးအကျိုး ဖြစ်ထွန်းမှုများ ရရှိနိုင်စေရန် အတွက် တူးဖော်ထုတ်လုပ်ထား သည့် ကျောက်မျက်ရတနာများ ကို ရောင်းချနိုင်မည့် မြန်မာ့ ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ပြီး ယခုပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀ ၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၄၅၅၀ တို့ကို ပြည်တွင်းပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့် တင်ဒါစနစ်ဖြင့် စည်းမျည်း စည်းကမ်း သတ်မှတ်ချက်များနှင့် အညီ ရောင်းချပေးသွားမည်ဖြစ် သည်။ ပုလဲအတွဲ၊ ကျောက်မျက် အတွဲ၊ (A) နှင့် (B) အုပ်စုမှ ကျောက်စိမ်းအတွဲများ ရောင်းချ ရာတွင် အခြေခံဈေးကို အမေ ရိကန်ဒေါ်လာဖြင့် သတ်မှတ် ထားရှိပြီး(C)အုပ်စုမှ ကျောက်စိမ်း အတွဲများအတွက် အခြေခံဈေးကို မြန်မာကျပ်ငွေဖြင့် သတ်မှတ်ထား ၍ ပုလဲအတွဲ၊ ကျောက်မျက် အတွဲ၊ (A) နှင့် (B) အုပ်စုမှ ကျောက်စိမ်းအတွဲများ အတွက် အာမခံစပေါ်ငွေကို ပြည်ပရတနာ ကုန်သည်များအနေဖြင့် အမေ ရိကန်ဒေါ်လာအပြင် အမေရိကန် ဒေါ်လာနှင့် ညီမျှသည့် ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် ပေးသွင်းနိုင်ပြီး ပြည်တွင်းရတနာ ကုန်သည်များက မြန်မာကျပ်ငွေ ဖြင့် ပေးသွင်းနိုင်ကာ ပြည်တွင်း ရတနာကုန်သည်များသာ ဝယ်ယူ ခွင့်ရှိသည့် (C)အုပ်စုမှကျောက်စိမ်း အတွဲများအတွက် အာမခံစပေါ်ငွေ ကို မြန်မာကျပ်ငွေဖြင့် ပေးသွင်း နိုင်မည်ဖြစ်သည်။
ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည်များအနေဖြင့် ဝယ်ယူ ခွင့်ရရှိသည့် (A) အုပ်စုမှ ကျောက် စိမ်းအတွဲများအတွက် တန်ဖိုးငွေ ကို အမေရိကန်ဒေါ်လာအပြင် အမေရိကန်ဒေါ်လာနှင့်ညီမျှသော ယူရိုငွေ၊ ထိုင်းဘတ်ငွေ၊ ယွမ်ငွေ များဖြင့် ပေးချေရမည်ဖြစ်ပြီး ပုလဲ အတွဲ၊ ကျောက်မျက်အတွဲ၊ (B) အုပ်စုမှ ကျောက်စိမ်းအတွဲများကို ဝယ်ယူခွင့်ရရှိသော ပြည်ပရတနာ ကုန်သည်များအနေဖြင့် အမေ ရိကန်ဒေါ်လာအပြင် အမေရိကန် ဒေါ်လာနှင့်ညီမျှသော ယူရိုငွေ၊ ထိုင်းဘတ်ငွေ၊ ယွမ်ငွေများဖြင့် လည်းကောင်း၊ ပြည်တွင်း ရတနာ ကုန်သည်များအနေဖြင့် အမေ ရိကန်ဒေါ်လာအပြင် အမေရိကန် ဒေါ်လာနှင့်ညီမျှသော မြန်မာကျပ် ငွေဖြင့်လည်းကောင်း တန်ဖိုးငွေ ကို ပေးချေရမည်ဖြစ်သည်။ (C) အုပ်စုမှ ကျောက်စိမ်းအတွဲများ ကို ပြည်တွင်းရတနာကုန်သည် များသာ ဝယ်ယူခွင့်ရမည်ဖြစ်ပြီး တန်ဖိုးငွေကို မြန်မာကျပ်ငွေ ဖြင့် ပေးချေရမည်ဖြစ်သည်။ ပြည်တွင်းပြည်ပ ရတနာကုန်သည် များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စည်းမျည်းစည်းကမ်းသတ်မှတ် ချက်များနှင့်အညီ ရောင်းချပေး သွားမည်ဖြစ်ပြီး ယခုကျင်းပ ပြုလုပ်သည့် (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကို မေ ၃ ရက်မှ ၁၂ ရက်အထိ ခင်းကျင်းပြသရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်