ကသာခရိုင် ဆေးရုံကြီးဝင်းအတွင်း မီးလောင်မှုဖြစ်ပွား

 

ကသာ   မတ်    ၂
စစ်ကိုင်းတိုင်းဒေသကြီး   ကသာမြို့  ဇေယျာချောင်ရပ်ကွက်  ကသာ ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း  ဧပြီ  ၃၀  ရက်  ညနေ  ၅ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ  ကသာခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးစိုးထွန်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးအောင်ဖြိုးသူတို့ ဦးစီးသည့် မီးငြှိမ်းသတ် ရေယာဉ်  ငါးစီးဖြင့်  မီးသတ်တပ်ဖွဲ့ဝင်များနှင့်  ပြည်သူများက  စုပေါင်း မီးငြှိမ်းသတ်ခဲ့ပြီး ညနေ ၆ နာရီတွင် မီးငြှိမ်းနိုင်ခဲ့ကြောင်း၊ မီးလောင်မှု ကြောင့် ခရိုင်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ (အလျား ၁၄၄ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၁၅ ပေရှိ သွပ်မိုး၊ အုတ်ကာ/နံကပ် တမံတလင်းခင်း  တစ်ထပ်)ရုံးခန်းအဆောက်အအုံတစ်လုံး (ကာလတန်ဖိုး ကျပ် ၁၀၈ သိန်း) ပျက်စီးဆုံးရှုံးခဲ့ပြီး လူနာများ ထိခိုက်မှုမရှိကြောင်း၊ မီးစတင် လောင်မှုနှင့်ပတ်သက်၍   တာဝန်ရှိသူများက  စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။      လူအောင်(ကသာ)