တောင်ကြီး၊ ချောင်းသာ၊ ပုဂံ၊ ငွေဆောင် လူရည်ချွှန်စခန်းများမှ လူရည်ချွန်မောင်မယ်များ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

 

ရန်ကုန်     မေ     ၂


တောင်ကြီး၊   ချောင်းသာ၊   ပုဂံ၊ ငွေဆောင် လူရည်ချွှန်စခန်းများမှ  လူရည်ချွှန်          မောင်မယ်များ ရွှေတိဂုံစေတီတော်မြတ်ကြီးအားယနေ့    နံနက်ပိုင်းက    ဖူးမြော် ကြည်ညိုကြသည်။


ဦးစွာ တောင်ကြီး၊ ချောင်းသာ၊     ပုဂံ၊     ငွေဆောင်      လူရည်ချွန် စခန်းများမှ     လူရည်ချွှန်မောင် မယ်များကို         ရွှေတိဂုံစေတီ တော်မြတ်ကြီး၏     ရင်ပြင်တော် ရှေးဟောင်း         ဗုဒ္ဓရုပ်ပွားတော် များတန်ဆောင်း၌  ရွှေတိဂုံစေတီ တော်ဂေါပကအဖွဲ့မှ   တာဝန်ရှိ သူများက  စေတီတော်မြတ်ကြီး ၏   သမိုင်းကြောင်းကို    ရှင်းလင်း ပြောကြားသည်။


ထို့နောက်             လူရည်ချွှန် မောင်မယ်များသည်   စေတီတော် မြတ်ကြီးအား လှည့်လည်ဖူးမြော် ကြည်ညိုကြပြီး    ဗုဒ္ဓဝင်ပြတိုက် ကိုကြည့်ရှုလေ့လာကြသည်။


ဆက်လက်၍      ဒဂုံမြို့နယ် ရန်ကုန် - ပြည်လမ်းရှိ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုး  သားပြတိုက်ဦးစီးဌာန၏       အမျိုး သားပြတိုက်သို့         ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး      အစိုးရ အဖွဲ့    ဝန်ကြီးချုပ်   ဦးစိုးသိန်းနှင့် အဖွဲ့ဝင်များ၊     ပြတိုက်တာဝန်ရှိ သူများက       ကြိုဆို     နှုတ်ဆက် ကြသည်။


ယင်းနောက်       အမျိုးသား ပြတိုက်အတွင်း ပြသထားရှိမှုများ ကို     ကြည့်ရှုလေ့လာခဲ့ကြသည်။  အဆိုပါ     လူရည်ချွှန်မောင်မယ် များတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ကျောင်းသား ၁၀ ဦး၊ ကျောင်းသူ ၁၀ ဦးနှင့်  ကြီးကြပ် နှစ်ဦး၊  ရခိုင် ပြည်နယ်မှ ကျောင်းသား ခြောက် ဦး၊ ကျောင်းသူ ကိုးဦး ကြီးကြပ် လေးဦး၊      တနင်္သာရီတိုင်းဒေသ ကြီးမှ ကျောင်းသား ခြောက်ဦး၊ ကျောင်းသူ     ငါးဦး၊    ကြီးကြပ် နှစ်ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ ကျောင်းသား လေးဦး၊ ကျောင်းသူ  ငါးဦး၊ ကြီးကြပ် တစ်ဦး၊ ရန်ကုန် တိုင်းဒေသကြီးမှ     ကျောင်းသား ရှစ်ဦး၊      ကျောင်းသူ       ခုနစ်ဦး စုစုပေါင်း ၇၀ နှင့် ကြီးကြပ် ကိုးဦး တို့ဖြစ်ကြောင်း  သိရသည်။ 


ဆန်းကျော်ဦး(ပြန်/ဆက်)