
နေပြည်တော် မေ ၂
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဖြည့်ဆည်းဆောင်ရွက်ပေး
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးက ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်ခဲ့သည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ခရိုင် ရုံးသိုလှောင်ရုံတွင် ထိန်းသိမ်းထားရှိသော ယာဉ်၊ ယန္တရားကြီးများ အသုံးပြုနိုင်မှုနှင့် ကြံ့ခိုင်မှုအခြေအနေ၊ သိုလှောင်ထားရှိ သည့် ဖွံ့ဖြိုးရေးဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ၏ အခြေအနေကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက် ပေးသည်။
ထို့နောက် ပြင်ဆင်ပြီး ယာဉ်ယန္တရား ဂိုဒေါင်များ၊ ယာဉ်ယန္တရားကြီးများ ထိန်းသိမ်းထားရှိမှု၊ ကြံ့ခိုင်မှု၊ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေး လုပ်ငန်းများ၏ ပြီးစီးမှုအခြေအနေနှင့် ဝန်ထမ်းမိသားစုဝင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် ရာသီသီးနှံစိုက်ခင်း များ၊ ကြက်ခြံများနှင့် ငါးမွေးမြူရေးကန် တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ကြိုတင်ပြင်ဆင်ထားရှိ
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ ဗဟို လေ့ကျင့်ရေးကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး Japan Myanmar Assosiation (JMA)နှင့် MoU လက်မှတ် ရေးထိုး၍ သင်တန်းများ အမြန်ဖွင့်လှစ် ရန်၊ သင်တန်းသား သင်တန်းသူများ အတွက် အိပ်ဆောင်များ၊ ပရိဘောဂများ၊ သင်ထောက်ကူပစ္စည်းများ ကြိုတင် ပြင်ထားရှိရန်နှင့် မကြာမီဖွင့်လှစ်မည့် ငြိမ်းချမ်းရေး၊ နယ်စပ်ဒေသနှင့် တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စဉ်ဆိုင်ရာ ခေါင်းဆောင်မှုသင်တန်း အမှတ်စဉ်(၉) အတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရှိရန် မှာကြား သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြု ရန်ပုံငွေဖြင့် ဆောက်လုပ်သည့် လေးထပ် အိပ်ဆောင်၊ သင်တန်းများ ထပ်မံဖွင့်လှစ် နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိ သည့် စားရိပ်သာများ၊ အိပ်ဆောင်၊ စာကြည့်တိုက်နှင့် စာသင်ဆောင်တို့ကို လည်းကောင်း၊ ဝန်ထမ်းအိမ်ရာ မြေလွတ် နေရာများတွင် ဆောင်ရွက်လျက်ရှိသည့် Green House များနှင့် ငါးမွေးမြူထားရှိမှု အခြေအနေကိုလည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်တွင် ဆောင်ရွက်မည့်လုပ်ငန်း များနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ဧပြီ ၃၀ ရက်က ရန်ကုန်တိုင်းဒေသ ကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ၊ ဌာနမှူး များနှင့် တွေ့ဆုံကာ ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် အသင့်ဖြစ်စေ ရေး ပြင်ဆင်ဆောင်ရွက်ရန် ကိစ္စရပ်များ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက် နှင့်အညီ ကျောင်းသား ကျောင်းသူများ ကို ဗလငါးတန်နှင့် ပြည့်စုံပြီး ပညာရည် တိုးတက်မြင့်မားရန် ပျိုးထောင်ပေးရမည့် အချက်များ၊ ကျောင်းဥပဓိရုပ်ကောင်းမွန် စေရေး၊ အိပ်ဆောင်များ၊ စာသင်ဆောင်၊ စားရိပ်သာများ ကြိုတင်ပြင်ဆင်ထားရှိ ရေး၊ ဆရာ ဆရာမများအနေဖြင့် ကျောင်း၏ ရည်ရွယ်ချက်၊ ရည်မှန်းချက် များ၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ရန် လိုအပ်သည့် ကိစ္စရပ်များ၊ မကြာမီကျင်းပမည့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄) အတွက် ကြိုတင်ပြင်ဆင်ရမည့် အချက် များကို မှာကြားကာ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
လှည့်လည်ကြည့်ရှုစစ်ဆေး
ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့်အားကစား ကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ အိပ်ဆောင်နှင့် စားရိပ်သာတို့တွင် ရေစင် တည်ဆောက်ခြင်းလုပ်ငန်း၊ အိပ်ဆောင် များတွင် ဘေစင်ကောင်တာများနှင့် အနောက်တိုင်း အိမ်သာတပ်ဆင်ခြင်း လုပ်ငန်း၊ သုံးထပ်ပင်မဆောင်အတွင်း ပန်းဥယျာဉ်ငယ် တည်ဆောက်ခြင်း လုပ်ငန်းများ ပြီးစီးမှုနှင့် ကျောင်းဝင်း အတွင်း သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက် ၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်