ရခိုင်ပြည်နယ်ဝန်ကြီးချုပ် တက္ကသိုလ်ဝင်စာမေးပွဲအား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် စစ်ဆေးနေမှုကို လှည့်လည်ကြည့်ရှု

စစ်တွေ   ဧပြီ    ၃၀
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် အဖွဲ့ဝင် များသည်    ယမန်နေ့က  စစ်တွေမြို့ အမှတ်(၄)    အခြေခံပညာအထက်တန်းကျောင်း   စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲအား အထူးအစီအစဉ်တစ်ရပ် အနေဖြင့်      စစ်ဆေးလျက်ရှိရာ    ကျောင်းသား ကျောင်းသူများ    အေးချမ်းစွာ    ဖြေဆိုနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
၂၀၂၄   ခုနှစ်   တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန်    မှတ်ပုံတင်ထားပြီး   ဖြစ်သော်လည်း လုံခြုံရေးအခြေအနေအရ   တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်မရခဲ့ကြသည့် စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့များမှ ကျောင်းသား ကျောင်းသူများစုစည်း၍ စစ်တွေမြို့  အမှတ်(၄)  အခြေခံပညာအထက်တန်း ကျောင်း စာစစ်ဌာနတွင် အေးချမ်းစွာ စာမေးပွဲ ဖြေဆိုနေမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ က သွားရောက်ကြည့်ရှုအားပေးသည်။
ထို့နောက်      ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး         အစည်းအဝေး ခန်းမ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ      ကြီးမှူးကျင်းပ မည့် နွေရာသီအားလပ်ရက်အတွင်း ကျောင်းသား ကျောင်းသူများအတွက်   ပညာရေး၊  ကျန်းမာရေး၊ လူငယ်နှင့် အားကစားဆိုင်ရာသင်တန်းများ ဖွင့်လှစ် နိုင်ရေး   ညှိနှိုင်းအစည်းအဝေးသို့  တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ် စစ်တွေမြို့ ၌     နွေရာသီအားလပ်ရက်များတွင်   ကရာတေး သင်တန်း၊ ကြက်တောင်ရိုက်သင်တန်း၊ ဘော်လီဘော သင်တန်း၊ အခြေခံကွန်ပျူတာသင်တန်း၊ ရှေးဦးသူနာ ပြုစုနည်းသင်တန်းများကို         ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ အနာဂတ်နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ရာတွင် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များမွေးထုတ်ပေးရန်နှင့်    အကျင့်စာရိတ္တ ကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူများဖြစ်အောင်လေ့ကျင့်ပျိုးထောင်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ပညာရေး၊ ကျန်းမာရေး၊ လူငယ်နှင့် အားကစားဆိုင်ရာ  သင်တန်းများ  ဖွင့်လှစ်နိုင်ရေး နှင့်စပ်လျဉ်း၍ ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန ဦးစီးမှူး ဦးဝင်းမောင်၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန       ဦးစီးမှူး    ဒေါက်တာ ကြည်လွင်၊ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) ဒုတိယ ပါမောက္ခချုပ် ဒေါက်တာဇော်ထွန်းတို့က ရှင်းလင်း တင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင် များက ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။     တင်ထွန်း(ပြန်/ဆက်)