ရေနံချောင်းမြို့ ပင်းဘုရားလမ်းဆုံတွင် လမ်းသွားလမ်းလာ လူငယ် ၁၀ ဦးကို စစ်မှုထမ်းဆောင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်   ဧပြီ   ၂၆
မကွေးတိုင်းဒေသကြီး     ရေနံ ချောင်းမြို့ ပင်းဘုရားလမ်းဆုံတွင် ဧပြီ ၂၅ ရက်က ဆိုင်ကယ်စီးနင်း လာသည့်    လမ်းသွားလမ်းလာ လူငယ် ၁၀ ဦးကို လုံခြုံရေးတပ်ဖွဲ့ ဝင်များက စစ်မှုထမ်းဆောင်ရန် ပေါ်တာဆွဲ    ဖမ်းဆီးခေါ်ဆောင် သွားကြောင်း မှန်ကန်မှု မရှိသည့် သတင်းတု၊   သတင်းအမှားများကို ပြည်သူများစိုးရိမ်ထိတ်လန့်စေရန် နှင့်လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက်   တရားမဝင်ပြည်ဖျက်   မီဒီယာ  Khit  Thit က လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို           တွေ့ရှိရ သည်။
တရားမဝင်ပြည်ဖျက်မီဒီယာ များနှင့် အကြမ်းဖက်အဖွဲ့အစည်း များသည် နိုင်ငံသူ နိုင်ငံသားများ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားတတ်မြောက်မှု မရှိစေရန်နှင့် နိုင်ငံတော်ကာကွယ် ရေးတာဝန်များ   ထမ်းဆောင်နိုင် ခြင်း   မရှိစေရန်အတွက်  ပြည်သူ များ အထင်အမြင်လွဲမှားစေမည့် လုပ်ကြံသတင်းများ၊ ကောလာ ဟလသတင်းများကို   ရည်ရွယ် ချက် ရှိရှိ ဝါဒဖြန့်ဝေလျက်ရှိသည်။ ယခုဖြစ်စဉ်မှာလည်း သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက    မြို့ရွာများ တည်ငြိမ်အေးချမ်းမှု မပျက်ပြား စေရန်အတွက်     လုံခြုံရေးအရ လိုအပ်သည့်စစ်ဆေးဆောင်ရွက်မှုများ            လုပ်ဆောင်လျက်ရှိ သည်။ 
ထိုသို့ လုပ်ဆောင်နေမှုများကို တရားမဝင်ပြည်ဖျက်မီဒီယာများ က မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက စစ်မှုထမ်းဆောင် ရန်   လမ်းသွားလမ်းလာများကို ပေါ်တာဆွဲခြင်း၊ ဖမ်းဆီးခြင်းများ မရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်