အသုံးမဝင် အကျိုးမရှိ

Type
7

 

ကျော်မြင့်ထွန်း(ပါရီ)

လွယ်လွယ်ကူကူ အနွတ္ထသညာ ခေါ်စရာ အဖြစ်  သူတို့ကို   “ငို့ဘသမားတွေ” (အတ္တကြီးသူတွေ)လို့ပဲ ခေါ်လိုက်ပါရစေ။ သူတော်ကောင်းယောင်ဆောင်ထားတဲ့ ကြောင်သူတော်ကြွက်သူခိုး  အဲဒီလူတွေ ဟာ   တတိယကမ္ဘာ့နိုင်ငံတွေအပေါ် ဆရာကြီး လုပ်လိုက်၊ ဖိအားပေးလိုက် လုပ်နေကြတဲ့ ဂျီနီဗာနဲ့ နယူးယောက် မြို့ကြီးတွေမှာရှိတဲ့ ဆင်စွယ်နန်းတော် ကြီးတွေထဲက ပုဂ္ဂိုလ်ကြီးတွေပါပဲ။
သူတို့ဟာ တစ်ချိန်တစ်ခါက နာမည် တစ်လုံးနဲ့     ရပ်တည်ခဲ့ပြီးတဲ့နောက် အငြိမ်းစားဘဝမှာ ဆင်စွယ်နန်းတော် ကြီးတွေထဲ  ရောက်လာကြသူတွေပါ။ ဒီလူတွေထဲက    လူတစ်ယောက်ဟာ မြန်မာ-ထိုင်းနယ်စပ်ရှိ    ကရင်နယ်မြေ အချို့သို့ သွားရောက်ပြီးတော့ ကောက်ကာ ငင်ကာဆိုသလိုပဲ   “မြန်မာပြည်သူတွေ ရဲ့ လိုအပ်ချက်တွေကို ကုလသမဂ္ဂက ဖော်ဆောင်မပေးနိုင်ဘူး” လို့ တစ်ဖက် သတ်ပြောချလိုက်ပါတယ်။
မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်
ချနိုင်မှာ မဟုတ်ပါ
ဒီလိုပြောဆိုချက်မျိုးဟာ အဓိပ္ပာယ်ရှိ ပါရဲ့လား၊ မှန်ကန်ပါရဲ့လား၊  ပညာရှိသူ တွေသာ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက် ချနိုင်မှာ   မဟုတ်ပါလား၊   အငြိမ်းစား ယူထားတော့လည်း     ရံဖန်ရံခါ     ပျင်းရိ ထိုင်းမှိုင်းနေမှာပေါ့။ 
အမှန်တရားကတော့ သည်လိုပါ…။ 
ကုလသမဂ္ဂဟာ ဟေတီပြည်သူတွေ အတွက်  ကယ်တင်မပေးနိုင်ဘူး။  ငို့ဘ သမားတွေ ဟေတီမှာရှိနေတာ ဆယ်စု နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။ ငို့ဘ သမားတွေရဲ့   လေ့လာစောင့်ကြည့်မှု အောက်မှာပဲ  ဟေတီပြည်သူတွေဟာ ငရဲကျနေသလို  နေထိုင်နေကြရတယ်။ ဟေတီပြည်သူတွေကို  သောကအပူမီး တွေနဲ့ ကင်ထားပါလိမ့်မယ်။
ကုလသမဂ္ဂဟာ  ဆူဒန်ပြည်သူတွေ အတွက်လည်း ဖော်ဆောင်ပေးနိုင်ခြင်း မရှိဘူး   မဟုတ်လား။   ငို့ဘသမားတွေ ဆူဒန်နိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေခဲ့ပြီးပြီ။
ကုလသမဂ္ဂဟာ   တောင်ဆူဒန်မှာ လည်း ပြည်သူတွေအတွက် လုပ်မပေး နိုင်ခဲ့ဘူး    မဟုတ်လား။    နိုင်ငံအဖြစ် ထူထောင်လိုက်ချိန်မှာ တောင်ဆူဒန်ဟာ သူတို့ရဲ့ ရင်သွေးငယ်မဟုတ်ဘူးလား။ 
ကုလသမဂ္ဂဟာ ဆိုမာလီပြည်သူတွေ အတွက်ရော ဘာများလုပ်ပေးနိုင်ပါလိမ့်။ 
ကုလသမဂ္ဂဟာ လစ်ဗျားပြည်သူတွေ အတွက်ရော ဘာများဖော်ဆောင်ပေးနိုင် ခဲ့ပါလိမ့်။ 
ကုလသမဂ္ဂဟာ  ဂါဇာပြည်သူတွေ အတွက်လည်း   လုပ်ပေးရန်     တာဝန် ပျက်ကွက်ခဲ့ပါတယ်။  ဖတ်စာအုပ်ထဲ မှာတော့ ဒီလိုဒီလိုပါ၊  ဟိုလိုဟိုလိုပါလို့ ပြောလေ့ပြောထရှိတဲ့ ငို့ဘသမားတွေ။ သင်းတို့ ဘယ်ရောက်နေကြပါလိမ့်။ 
ကျွန်တော်တို့ ဘာဆက်လုပ်ကြရ မှာလဲ။  လုပ်စရာတွေကို   စာရင်းတို့ လိုက်မယ်ဆိုရင်တော့ ရှည်လျားထွေပြား လွန်းပါရဲ့။ 
သူတို့ရဲ့ “အန်ကယ်ကြီးတွေ” ပါဝင် ပတ်သက်နေတဲ့  ကိစ္စတွေဆိုရင်တော့ ဘာမှ    မလုပ်ကြတော့ဘဲ   လက်ရှောင် နေကြရဲ့။      ဒီလို      အနေအထားမျိုးမှာ ဝေးဝေးကပဲ ဝေဖန်သမှုပြုမယ်။ ဖြစ်စဉ် အများအပြားမှာတော့ ရှေ့တိုးထိပ်တိုက် ရင်ဆိုင်ခြင်းမရှိဘဲ  အနောက်ဆုတ်ပြီး ကုပ်ကုပ်လေးနေကြမယ်။ တိတ်တိတ် လေးနေကြမယ်။ လွတ်လပ်ရေး ကြေညာ လိုက်တဲ့ ပါပူဝါနယူးဂီနီကိုတော့ သူတို့ အရေးစိုက်ကြတယ်။ ဒါကတော့ သူတို့ရဲ့ “အန်ကယ်ကြီးတွေ” ရဲ့ လုပ်ဆောင်ချက် နဲ့ မကင်းတာကြောင့်ပါ။ ဒီလိုအခြေအနေ မျိုးမှာ   ဘာမှမဝေဖန်ဘဲ    အရာရာကို မျက်လုံးစုံမှိတ် လက်ခံလိုက်ကြတယ်။ သို့ပေမယ့်လည်း တတိယကမ္ဘာနိုင်ငံတွေ နဲ့ ဆက်ဆံတဲ့အခါမှာတော့ အပေါ်စီးနဲ့ ခပ်ကျောကျော ပြုမူဆက်ဆံကြတော့ တယ်။     
တတိယကမ္ဘာနိုင်ငံတွေအပေါ်   
အနိုင်အကျင့်ဆုံး
တစ်ဖက်သားကို    အနိုင်မကျင့်ဖို့ ငို့ဘသမားတွေက လက်ချာရိုက်လေ့ရှိကြ တယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင်ကတော့ တတိယကမ္ဘာနိုင်ငံတွေအပေါ်   အနိုင် အကျင့်ဆုံးပါ။ သူတို့ဟာ ကမ္ဘာမှာဆရာ အကျဆုံး      အထက်ဖား - အောက်ဖိ ကြီးတွေပါပဲ။
ငို့ဘသမားတွေဟာ    အခွင့်ထူးခံ အလုပ်အကိုင်တွေမှာ    ရေပေါ်ဆီလို နေကြရတယ်။  ဒီစနစ်ပျက်ကြီးထဲမှာ နှစ်ပေါင်း ၂၀၊ ၃၀ ကြာအောင် နေထိုင် နေကြပြီး မထိရောက်တဲ့ စနစ်ကြီးကို ဝေဖန်ရှုတ်ချခြင်းလည်း မပြုကြဘူး။
ဒါပေမယ့်လည်း အဲဒီအဖွဲ့အစည်းက နုတ်ထွက်၊   ဒါမှမဟုတ်   အငြိမ်းစားယူ သွားတဲ့အခါ  သူတို့ကို  ကျေးဇူးပြုခဲ့တဲ့ အဲဒီအဖွဲ့အစည်းကိုပဲ   ပြန်ပြီးဝေဖန်ကြ တော့တယ်။  သူတို့မှာ  ဘာကျင့်ဝတ်မှ မရှိကြပါဘူး။ သူတို့ဟာ သူတို့ကိုယ်သူတို့ ဖြောင့်မတ်စွာ   ကျင့်သုံးသူတွေအဖြစ် ဂုဏ်တင်နေကြပြီး တတိယကမ္ဘာနိုင်ငံ တွေရဲ့ အပြစ်ကိုရှာပြီး ပြောဆိုလုပ်ကိုင် ကြတယ်။     ဒီလိုပြုမူနေထိုင်ကြရင်း အနာဂတ်ဘဝ    အလုပ်အကိုင်   အခွင့် အလမ်းတွေကို     မျှော်ကိုးကြတယ်။ အတိုင်ပင်ခံရာထူးတွေ ထပ်ယူကြတယ်။ အကြံပေး သုခမိန်အဖွဲ့တွေ၊ နိုင်ငံအကျပ် အတည်း ဖြေရှင်းရေးအဖွဲ့တွေမှာ သူတို့ ဆက်ပြီး အလုပ်လုပ်ဖို့ အသင့်ရှိနေကြ တယ်။
မကြာသေးမီကတော့      အထူး သံတမန်တစ်ဦးကို   ခန့်အပ်ခဲ့ပါတယ်။ မတူကွဲပြားသော နိုင်ငံတစ်နိုင်ငံမှ ပုဂ္ဂိုလ် တစ်ဦးကို ခန့်အပ်ခြင်းမှာ ထူးဆန်းနေပါ တယ်။ ဆစ်ဒနီမှသည်  ဂျီနီဗာနဲ့  နယူး ယောက်အထိ ခရီးတစ်ပတ်မှာ မိုင်ပေါင်း ၁၀,၀၀၀  ခန့်ရှိပါတယ်။  လေကြောင်းခရီး မိုင်နဲ့   တွက်ကြည့်ရင်   အများကြီးပါပဲ။ လှည့်ရိုးလှည့်စဉ် ဒေသဆိုင်ရာ ခရီးစဉ် တစ်ခုအတွင်းမှာ သက်ဆိုင်ရာ နိုင်ငံတွေ ရဲ့   ခေါင်းဆောင်တွေနဲ့   တွေ့ခွင့်ရဖို့ တောင်းဆိုကြပါမယ်။    ဒါပေမယ့်လည်း တတိယ      ကမ္ဘာနိုင်ငံတွေဆိုရင်ဖြင့် ဒုတိယ    လက်ထောက်အတွင်းဝန်လို ရာထူးနိမ့်တဲ့      တာဝန်ရှိသူတွေကိုပဲ တွေ့ဆုံဖွယ်ရှိပါတယ်။      မြန်မာ့အရေး အတွက် အရေးပါတဲ့ နိုင်ငံတွေရဲ့မြို့တော် တွေဆီ သူတို့သွားမယ်၊ မသွားဘူးဆိုတာ မရေရာပါ။ ဒီလို အခြေအနေမျိုး  ဖြစ်ပေါ် ဖို့ကတော့ ခဲယဉ်းသား။ 
ပေကျင်းနဲ့   မော်စကိုတို့နဲ့   ထိတွေ့ ဆက်ဆံရာမှာတော့      သူတို့အတွက် စိန်ခေါ်ချက်ဖြစ်လိမ့်မယ်။      ဒါပေမယ့် ကိုယ်ကျိုးအတ္တကြီးသူတွေဟာ သွေးကြီး မောက်မာစွာနဲ့      အခြေအနေမှန်ကို မျက်ကွယ်ပြုတတ်ကြတယ်။
သမိုင်းကြောင်းကို လေ့လာကြည့် မယ်ဆိုရင်တော့ ကိုယ်ကျိုးအတ္တကြီးသူ တွေ ပါဝင်ပတ်သက်နေတဲ့ ပဋိပက္ခတွေ ဟာ  ကျေနပ်လောက်တဲ့   ဖြေရှင်းချက် မထွက်ဘဲ၊ ငြိမ်းချမ်းရေးအဖြေမထွက်ဘဲ ဇာတ်မျောကြီးပဲ ဖြစ်သွားတယ်။ မှတ်မိ ရသလောက်   ကာလအတွင်းမှာ   သူတို့ ဖြေရှင်းနိုင်တဲ့ ပဋိပက္ခရှိခဲ့လို့လား။  ၂၀၂၄ ခုနှစ်အကုန်ထက်      နောက်မကျဘဲ အဓမ္မနေရာရွှေ့ပြောင်းခံရ၊ ဒါမှမဟုတ် နိုင်ငံမဲ့ဖြစ်ရတဲ့  နိုင်ငံသားဦးရေ  စံချိန် တင်ပါလိမ့်မယ်။ ပိုမိုလုံခြုံတဲ့ ကမ္ဘာကြီး ဖြစ်လာအောင်  ငို့ဘသမားတို့ရဲ့  မဟာ အလုပ်ကြီးကို လုပ်ကြရပါမယ်။ 
ကိုယ်ကျိုး     အတ္တကြီးသူတွေဟာ ကမ္ဘာကြီး ပိုမိုဘေးကင်းလာဖို့ မျှော်ကိုး ပြီး လုပ်ကြပါတော့။
သူတို့ဟာ    တစ်ဖက်သတ်ဆန်တဲ့ တောင်းဆိုချက်တွေနဲ့ ဆုံးဖြတ်ချက်တွေ ကိုင်စွဲပြီး  မြန်မာနိုင်ငံကို  လာကြပါဦး မယ်။ မြန်မာ့ပြဿနာတွေကို  ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲလို့       စဉ်းစား ဆင်ခြင်မှုပြုမယ့်အစား သူတို့ပိုအကြိုက် တွေ့တဲ့ လစ်ဘရယ် အရေးအရာတွေကို အချိုပေါ်သကာလောင်းပြီး ထောက်ခံ ပြောဆိုကြလိမ့်မယ်။
ကိုယ်ကျိုးအတ္တကြီးသူတွေ မြန်မာ နိုင်ငံနဲ့ ဝေးဝေးနေပေးကြပါ။  အဲဒီလို နေပေးခြင်းဖြင့် မြန်မာနိုင်ငံရဲ့ပြဿနာ တွေ     မြန်မြန်ဖြေရှင်းနိုင်မှာပါ။   အခြား နိုင်ငံတွေရဲ့         ဖြစ်စဉ်သာဓကကို ထောက်ထားပြီး  ကိုယ်ကျိုးအတ္တသမား တွေရဲ့လက်ထဲ မြန်မာပြည်သူတွေရဲ့ဒုက္ခ အတောမသတ် မဖြစ်ပါစေနဲ့။         ။