၁၃၈၆ ခုနှစ်  မြန်မာ့နှစ်သစ်ကူး အထူးဓမ္မသဘင် ကျင်းပမှု MRTV မှ တိုက်ရိုက်Live ထုတ်လွှင့်ပြသမည်

 

နေပြည်တော်  ဧပြီ  ၁၄
မြန်မာ့နှစ်သစ်ကူး   အထူးဓမ္မသဘင်ကို   မြန်မာနှစ်ဆန်း တစ်ရက်နေ့ ဧပြီ ၁၇ ရက်နေ့မှစတင်၍ ဧပြီ ၁၉ ရက်အထိ နေ့စဉ်   ည ၇ နာရီမှစပြီး  ရန်ကုန်မြို့   ဒဂုံမြို့နယ်   ပြည်လမ်းရှိ   ပြည်သူ့ ရင်ပြင်တွင်   ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့   အစီအစဉ်ဖြင့် ကျင်းပမည်ဖြစ်ရာ  MRTV မှ တိုက်ရိုက် Live ထုတ်လွှင့်ပြသမည် ဖြစ်သည်။
အထူးဓမ္မသဘင်တွင် ဧပြီ  ၁၇ ရက်၊  ဗုဒ္ဓဟူးနေ့ည၌ သီတဂူ ဆရာတော် အရှင်ဉာဏိဿရ၊  ဧပြီ  ၁၈ ရက်၊ ကြာသပတေးနေ့ည၌ မဇ္ဈိမဂုဏ်ရည်ဆရာတော်  ဒေါက်တာဘဒ္ဒန္တကောဝိဒ၊  ဧပြီ  ၁၉ ရက်၊ သောကြာနေ့ည၌ အောင်ဆန်းဆရာတော် ဒေါက်တာဘဒ္ဒန္တ သဒ္ဓမ္မကိတ္တိသာရတို့က တရားတော်များ ဟောကြားကြမည်ဖြစ်ရာ ထိုသို့  ဟောကြားမှုများကို MRTV Parliament Channel ၊ MRTV NRC Channel ၊ မြန်မာ့အသံရေဒီယို၊ ပတ္တမြား FM ၊ ရွှေ FM ၊ ပဉ္စဝတီ FM ၊ ချယ်ရီ  FM ၊ မန္တလေး FM နှင့် FM ပုဂံတို့မှ တိုက်ရိုက် (Live) ထုတ်လွှင့် ပြသသွားမည်ဖြစ်သည်။              

သတင်းစဉ်