
ဘန်ဒါစီရီဘီကာဝန် ဇွန် ၂၉
ဘရူနိုင်းနိုင်ငံတွင် ကိုဗစ်- ၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ တစ်ဦးရှိကြောင်းဖော်ပြမှုနှင့်အတူ စုစုပေါင်းကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၆ဝ အထိ ရောက်ရှိလာပြီဖြစ်သည်။
ဘရူနိုင်းကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားသူ ၂၆ဝ မှာ အသက် ၄၂ နှစ် ရှိသူအမျိုးသားတစ်ဦးဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှ ၂ဝ၂၁ ခုနှစ် ဇွန် ၁၆ ရက်က ပြန်လည်ရောက်ရှိလာသူဖြစ်သည်။ ၎င်းတွင် ကိုဗစ်-၁၉ ကူးစက်မှုလက္ခဏာများ အလျှင်းမရှိကြောင်း သိရသည်။
၎င်းဆိုက်ရောက်လာချိန်၌ သီးသန့်ကန့်သတ်စောင့်ကြည့်မှုခံယူခဲ့ရသည်။ စုံစမ်းစစ်ဆေးမှုများနှင့် ခြေရာကောက်စနစ်များအရ ၎င်းနှင့်နီးစပ်သူမရှိကြောင်း သိရသည်။ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား သူအားလုံးမှာ အခြေအနေကောင်းမွန်ကြောင်း သိရသည်။
ဘရူနိုင်းနိုင်ငံတွင် ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှုမရှိခဲ့သည်မှာ ၄၁၉ ရက်ကြာခဲ့ပြီဖြစ်သည်။ စုစုပေါင်း ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှု မှ ပြန်လည်ကောင်းမွန်လာသူ ၂၄၈ ဦးရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ဖြင့် သေဆုံးသူသုံးဦး ရှိလာပြီဖြစ်သည်။
ဆင်ဟွာ