ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ဟားခါးမြို့နယ်၌ ဝဥတန်ဖိုးမြှင့်ကုန်ထုတ်လုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်နိုင်မှုကော်မတီ၊ ဝဥစိုက်ပျိုးသူ တောင်သူများနှင့်တွေ့ဆုံ

 

ဟားခါး    ဧပြီ   ၆
ဟားခါးမြို့နယ်၌      ဝဥတန်ဖိုးမြှင့်       ကုန်ထုတ် လုပ်ငန်း     ဆောင်ရွက်နိုင်ရေးအတွက်    လုပ်ငန်း ဆောင်ရွက်နိုင်မှုကော်မတီ၊ ဝဥစိုက်ပျိုးသူ တောင်သူ များနှင့်    တွေ့ဆုံပွဲအခမ်းအနားကို    ဧပြီ ၅ ရက်က ဟားခါးမြို့   ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး   အစည်း အဝေးခန်းမ၌    ကျင်းပရာ    ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊     ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဟားခါးမြို့နယ် ဝဥစိုက်ပျိုး ရေးကုန်ထုတ်နှင့်    အထွေထွေစီးပွားရေးလုပ်ငန်းကော်မတီမှ     ကော်မတီဝင်များ    တက်ရောက်ကြ သည်။
ကူညီထောက်ပံ့ပေးသွားမည်
ဦးစွာ       ပြည်နယ်ဝန်ကြီးချုပ်က    ဟားခါး မြို့နယ်၌ ဆောင်ရွက်မည့် ဝဥတန်ဖိုးမြှင့်ကုန်ထုတ် စီမံကိန်းသည်    ချင်းပြည်နယ်အတွင်းရှိ   ဝဥစိုက် တောင်သူများ၏    လူမှုစီးပွားဘဝမြှင့်တင်နိုင်ရေး အထောက်အကူဖြစ်စေရန်အတွက်    ရေးဆွဲသည့် စီမံကိန်းဖြစ်ကြောင်း၊ ယင်းစီမံကိန်းသည် ငွေကြေး ပမာဏများစွာ ရင်းနှီးရမည့်စီမံကိန်းဖြစ်ပြီး ဝဥစိုက် တောင်သူများ   ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ စိုက်ထုတ်၊ ပံ့ပိုးပေးနိုင်မည့်လုပ်ငန်းများတွင် ကူညီထောက်ပံ့ပေးသွားမည်ဖြစ် ကြောင်း၊  ထို့ကြောင့် အစည်းအဝေးတက်ရောက်လာ ကြသည့် ဝဥစိုက်ပျိုးရေးကုန်ထုတ်နှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်းစုဝင်များ၊ ဝဥ စိုက်တောင်သူများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက      ပွင့်ပွင့်လင်းလင်း    အကြံပြု ဆွေး နွေးတင်ပြကြစေလိုကြောင်း    အမှာစကား ပြောကြားသည်။ 
 ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်
ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်နှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး    ဦးနေလင်းအောင်တို့က ဝဥတန်ဖိုးမြှင့်ကုန်ထုတ်စီမံကိန်း အောင်မြင်အောင် အကောင်အထည်ဖော်  ဆောင်ရွက်နိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း    ဆွေးနွေးတင်ပြကြပြီး    ပြည်နယ် သမဝါယမဦးစီးဌာန   ဦးစီးမှူး   ဦးမြင့်ဇော်ထွန်းက ၂၀၂၄−၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဟားခါးမြို့နယ်တွင် ဆောင်ရွက်မည့် ဝဥတန်ဖိုးမြှင့်စီမံကိန်းနှင့် ပတ်သက် ၍ လည်းကောင်း၊  ဟားခါးမြို့နယ်  ဝဥစိုက်ပျိုးရေး ကုန်ထုတ်နှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါ ယမအသင်းစုဥက္ကဋ္ဌ    ဦးဆန်အုပ်မန်းက   ဟားခါး မြို့နယ် ဝဥစိုက်ပျိုးရေးကုန်ထုတ်နှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်းစု ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များကို  လည်းကောင်း၊   စီမံကိန်း တစ်နှစ်တာအတွင်း ငွေကြေးစီးဆင်းမှုအခြေအနေ ပြည်နယ်သမဝါယမ ဦးစီးဌာနမှ    စာရင်းကိုင်တစ်ဦးက    လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် အစည်းအဝေး တက်ရောက်လာကြသည့် ဝဥစိုက်တောင်သူများက ဆွေးနွေးမေးမြန်းကြရာ တာဝန်ရှိသူများက ဖြည့်စွက် ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)