ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ သီလဝါအထူးစီးပွားရေးဇုန်ရှိ စက်ရုံများနှင့် ဆန်၊ ပြောင်း ပြည်ပပို့ရန် သင်္ဘောတင်နေမှု ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဧပြီ   ၅
စီးပွားရေးနှင့်    ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး  ဦးထွန်းအုံသည် တာဝန်ရှိသူများနှင့်အတူ  ယနေ့နံနက်ပိုင်းတွင်       သီလဝါအထူး စီးပွားရေးဇုန်   Promotion   Zone    ရှိ ကိုရီးယားနိုင်ငံမှ      ရင်းနှီးမြှုပ်နှံသည့်  Yojin Myanmar Cement Co., Ltd ၏ ဘိလပ်မြေစက်ရုံသို့ရောက်ရှိရာ ရှင်းလင်း ဆောင်၌  တာဝန်ရှိသူက   ထုတ်လုပ်ပြီး ဘိလပ်မြေများကို     ပြည်တွင်းဖြန့်ဖြူး ရောင်းချနေမှု      အခြေအနေများကို ရှင်းလင်းတင်ပြသည်။  
ထို့နောက်    ပြည်ထောင်စုဝန်ကြီးက  ပြည်တွင်းဖူလုံအောင်နှင့်      ဈေးနှုန်း တည်ငြိမ်စေရေး     ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရန်၊   သတ်မှတ်အရည်အသွေး ပြည့်မီစေရေးဆောင်ရွက်ရန်၊    ပင်လယ် ဆားငန်ရည်ခံနိုင်သည့်   Slag   Cement ထုတ်လုပ်ရာတွင်    လိုအပ်သော    Slag ကုန်ကြမ်းများကို      ပြည်တွင်းမှရရှိရေး ဆောင်ရွက်ရန်၊    သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် Environmen-tal Impact Assessment (EIA) နှင့်အညီ ဆောင်ရွက်ရန်၊ အလုပ်သမားဝန်ကြီးဌာန ၏     ဥပဒေနှင့်အညီ    အလုပ်သမားများ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ရန်တို့ကိုမှာကြားပြီး  စက်ရုံ အတွင်း     ဘိလပ်မြေထုတ်လုပ်နေမှု  လုပ်ငန်းစဉ်များကို        ကြည့်ရှုစစ်ဆေး သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် သီလဝါအထူးစီးပွားရေးဇုန်၊    Free   Zone   ရှိ သီရိလင်္ကာနိုင်ငံမှ  ရင်းနှီး မြှုပ်နှံထားသည့်  Guston Amava Ltd.  ၏  အထည်ချုပ်စက်ရုံ (CMP)သို့ ရောက်ရှိ ရာ  တာဝန်ရှိသူများက ချုပ်ပြီးအထည်များ ပြည်ပသို့ ဖြန့်ဖြူးရောင်းချတင်ပို့နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး စက်ရုံအတွင်း   ကုန်ကြမ်းများထားသိုမှု၊ Automatic Cutting ဆောင်ရွက်နေမှု၊ အရည်အသွေးစစ်ဆေးနေမှု၊  ထုပ်ပိုးနေမှု၊ ချုပ်ပြီးအထည်များ    သိုလှောင်ထားရှိမှု၊    ဝန်ထမ်းများ၏  စားသောက်ဆောင်နှင့်    ကျန်းမာရေးဆေးပေးခန်း  စီစဉ်ထားရှိမှု တို့ကို ကြည့်ရှုစစ်ဆေးသည်။ 
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်   Wilmar   Co.,Ltd   ၏   ဆန်စက်နှင့်   ဖွဲနုဆီစက်သို့ ရောက်ရှိပြီး တာဝန်ရှိသူများက ပြည်တွင်းသုံးစွဲရန် ဖြန့်ဖြူးပေးနေမှု၊     ပြည်ပသို့     တင်ပို့ ရောင်းချရန် ကြိတ်ခွဲထုတ်လုပ်နေမှုများ ကို   ရှင်းလင်းတင်ပြပြီး စက်ရုံအတွင်း ကြိတ်ခွဲထုတ်လုပ်နေမှု    အဆင့်ဆင့်နှင့် အိတ်သွပ်ထုပ်ပိုးခြင်း၊      စားသုံးဆီဘူး သွတ်သွင်းမှု၊ ဖွဲနုဆီထုတ်လုပ်မှုလုပ်ငန်းစဉ်များကို  ကြည့်ရှုစစ်ဆေးကာ  ဖွဲနုဆီ ကို စားသုံးရန်အသင့်   ထုတ်လုပ်နိုင်စေ ရေးအတွက်   Refinery     စက်များဖြင့် အရည်အသွေးမြှင့်တင်ရန်၊     ပြည်တွင်း စားသုံးမှုမှ ပိုလျှံသည်များကို   ပြည်ပသို့    တင်ပို့ရောင်းချရာတွင်   ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးအတွက်       ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရန်၊  ပုဂ္ဂလိကဏ္ဍ   ပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက်             ကြိုးပမ်း ဆောင်ရွက်ရန်တို့ကို    မှာကြားခဲ့သည်။ ထို့နောက်     ပြည်ထောင်စုဝန်ကြီးသည် Wilmar ဆိပ်ကမ်း၌   MV  Si   Chou Zhi Lu   သင်္ဘောဖြင့်      သယ်ယူလာသည့် စားအုန်းဆီရောက်ရှိမှု     အခြေအနေကို  ကြည့်ရှုစစ်ဆေးသည်။ 
ပြည်ထောင်စုဝန်ကြီးသည်    ညနေ ပိုင်းတွင် ဆူးလေဆိပ်ကမ်း၌ အိန္ဒိယနိုင်ငံ သို့ တင်ပို့မည့်  MV. MANTA  HERTIC  သင်္ဘောပေါ်သို့ ပြောင်းတန်ချိန် ၂၆၆၀၀ သင်္ဘောတင်နေမှုကိုလည်းကောင်း (ဝဲပုံ)မြန်မာစက်မှုဆိပ်ကမ်း       (Myanmar Industrial Port-MIP) ၌ အိန္ဒိယနိုင်ငံသို့       တင်ပို့ရန်နှင့်    MV.     SEIYO HARMONY သင်္ဘောပေါ်သို့ ပြောင်းတန်ချိန် ၂၉၅၀၀ သင်္ဘောတင်နေမှုကို   လည်းကောင်း၊    စပိန်နိုင်ငံသို့ တင်ပို့မည့်   MV.  TURANC   သင်္ဘောပေါ်သို့   ဆန်တန်ချိန် ၁၂၀၀၀ သင်္ဘောတင်နေမှုကို   လည်းကောင်း၊ Adani  ဆိပ်ကမ်း၌  ဗီယက်နမ်နိုင်ငံသို့   တင်ပို့မည့် MV. Dorg An သင်္ဘောဖြင့် ပြောင်းတန်ချိန် ၆၆၀၀ သင်္ဘောတင်နေ မှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ ၂၀၂၄-၂၀၂၅    ဘဏ္ဍာနှစ်တွင်     ပို့ကုန် လျာထားချက် ပြည့်မီကျော်လွန်အောင် တင်ပို့နိုင်ရေးဆောင်ရွက်ရန်၊ တင်ပို့ရာ တွင်  ဝယ်ယူသည့်နိုင်ငံမှ    သတ်မှတ်ထား သော အရည်အသွေး စံချိန်စံညွှန်းအတိုင်း   တင်ပို့နိုင်ရေး   အလေးထားဆောင်ရွက်ရန်၊   တင်ပို့သည့်နိုင်ငံများ  ဈေးကွက်မပျောက် စေရေး ထိန်းသိမ်းရန်နှင့် ဈေးကွက်အသစ် နိုင်ငံများရရှိရေး   ကြိုးစားဆောင်ရွက်ရန်၊ ပြောင်းစေ့ကို        တိရစ္ဆာန်အစားအစာ အဖြစ် ပြောင်းလဲထုတ်လုပ်တင်ပို့နိုင်ရေး   စီစဉ်ဆောင်ရွက်ရန်၊ သင်္ဘောများ အချိန်မီ ရရှိရေးနှင့် တင်ပို့ကုန်စည်များကို သင်္ဘော ပေါ်     အချိန်မီတင်နိုင်ရေး၊        ကုန်စည်များ     အချိန်အခါမဟုတ်  ရွာသွန်းသည့်မိုးဒဏ် မထိခိုက်စေရေး    စီမံဆောင်ရွက်ရန်နှင့်      ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက် ရန်တို့ကို        မှာကြားခဲ့ကြောင်း     သိရ သည်။
သတင်းစဉ်