ပုဂ္ဂလိကကျောင်း မှတ်ပုံတင်လျှောက်လွှာ တင်သွင်းရန် အသိပေးနှိုးဆော်ခြင်း

 

ပုဂ္ဂလိကပညာရေးဥပဒေကို ၁၂-၅-၂ဝ၂၃ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ရာ  ပုဂ္ဂလိက ကျောင်းများ အားလုံးသည် ဤဥပဒေနှင့်အညီ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်  ပြည်နယ်ပညာရေးမှူးရုံးများရှိ ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ထံသို့ မှတ်ပုံတင်လျှောက်ထားကြရမည် ဖြစ်ပါသည်။
သို့ဖြစ်၍ နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြားသောကျောင်းများနှင့် အမျိုးသား သင်ရိုး  ညွှန်းတမ်းဖြင့်သင်ကြားသော ကျောင်းများအပါအဝင် ပုဂ္ဂလိက အခြေခံပညာကျောင်းများ၊ ဘာသာ စကားသင်ကျောင်းများအပါအဝင် ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်းများနှင့် ပုဂ္ဂလိက နည်းပညာနှင့် သက်မွေးဆိုင်ရာ ပညာရေးနှင့် လေ့ကျင့်ရေးကျောင်းများသည် မှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာကိစ္စရပ်များကို ၁၂-၄-၂ဝ၂၄ ရက်(သောကြာနေ့) မတိုင်မီ  ဆောင်ရွက်ကြရန်နှင့် သတ်မှတ်ကာလအတွင်း မှတ်ပုံတင်လျှောက်ထားခြင်းမရှိပါက   အဆိုပါပုဂ္ဂလိကကျောင်းများကို  ပိတ်သိမ်းမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားသည်။
    ကိုယ်ပိုင် သို့မဟုတ်  ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့
    ပညာရေးဝန်ကြီးဌာန