ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဝန်ထမ်းမိသားစုများ၏ စုပေါင်း ဒုလ္လဘရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာအခမ်းအနားတက်ရောက်ကြည်ညို

 

ရန်ကုန်    ဧပြီ   ၂


သာသနာရေးနှင့်   ယဉ်ကျေးမှု ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်    အမှူးပြုသော အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်    ဝန်ထမ်း မိသားစုများ၏   စုပေါင်း   ဒုလ္လဘ ရဟန်းခံ၊   ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာ   ရှင်လောင်း လှည့် အခမ်းအနားကို ယမန်နေ့  ညနေပိုင်းက            ရန်ကုန်တိုင်း ဒေသကြီး           မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြု       တက္ကသိုလ်တွင် ကျင်းပသည်။  
ဦးစွာ    ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့ ဦးဆောင်သော ရှင်ရဟန်း ဒါယကာ၊   ဒါယိကာမတို့က သင်္ကန်း၊  သပိတ်၊ ပရိက္ခရာ တို့ဖြင့် ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းစဉ်လာ များနှင့်အညီ  အစီအစဉ်အတိုင်း ရွှေတိဂုံစေတီတော်မြတ်ကြီးကို လက်ယာရစ်  လှည့်လည်ပူဇော်ကြ သည်။ 
ထို့နောက် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်နှင့်   စွယ်တော် မြတ်စေတီတော်သို့    အစီအစဉ် အတိုင်း လှည့်လည်ပူဇော်ကြသည်။
ယင်းနောက်   အပြည်ပြည် ဆိုင်ရာ  ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်သို့ ပြန်လည်ရောက်ရှိ ကြပြီး    ထေရဝါဒပသာရဏီ သိမ်တော်အနီး၌   ဒုလ္လဘရဟန်း လောင်း ၃၉ ဦး၊   ရှင်သာမဏေ လောင်း ၂၁ ဦး၊  သာသနာ့နွယ်ဝင် သီလရှင်လောင်း   ၁၀  ဦးတို့ကို အပြည်ပြည်ဆိုင်ရာ   ထေရဝါဒ ဗုဒ္ဓသာသနာပြု        တက္ကသိုလ် သင်ကြားဆရာတော်များ၊ သီလရှင် ဆရာကြီးများက   ကေသစ္ဆေဒန မင်္ဂလာ      စုပေါင်းဆံချခြင်း၊ ရှင်ရဟန်းလောင်း အားလုံးတို့က ပါမောက္ခချုပ်ဆရာတော်   အဂ္ဂ မဟာပဏ္ဍိတ  မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တ ဆေကိန္ဒထံ သင်္ကန်းကပ်၊ သင်္ကန်း တောင်းခြင်း၊      ဥပဇ္ဈာယ်ယူ ဆယ်ပါးသီလ ခံယူဆောက်တည် ခြင်းတို့ ဆောင်ရွက်၍ သာမဏေရ ပဗ္ဗဇ္ဇမင်္ဂလာ  ရှင်သာမဏေအဖြစ် လည်းကောင်း၊ သာသနာ့နွယ်ဝင် သီလရှင်လောင်း   တို့ကလည်း သင်ကြား  သီလရှင်ဆရာကြီးတို့ ထံတွင် သီလရှင်ဝတ်ခြင်း စသည် တို့ ဆောင်ရွက်ကြပြီး ပါမောက္ခ ချုပ် ဆရာတော်ထံမှ ရှစ် ပါးသီလ ခံယူဆောက်တည်၍   သာသနာ့ နွယ်ဝင်   သီလရှင်အဖြစ်လည်း ကောင်း သာသနာ့အမွေ ခံယူခဲ့ကြ သည်။
ယနေ့       နံနက်ပိုင်းတွင် တက္ကသိုလ်ရှိ ထေရဝါဒပသာရဏီ သိမ်တော်တွင်      အပြည်ပြည် ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်   ပါမောက္ခချုပ်ဆရာ တော်  ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ အမှူးပြုသော  သင်ကြားဆရာ တော်  ၃၁ ပါးတို့က  ဒုလ္လဘရဟန်း အဖြစ်    ခံယူကြမည့်   ရဟန်း လောင်း၊   ရှင်သာမဏေလောင်း ၃၉ ပါးတို့ကို    ရဟန်းခံယူခြင်း ဆိုင်ရာ ဆောင်ရွက်ဖွယ်ရာ သံဃာ့ ကိစ္စများဖြစ်သည့်   ဥပဇ္ဈာယ်ယူ ခြင်း၊ ရဟန်းလောင်း  ဆုံးမခြင်း၊ ဥပသမ္ပဒကမ္မဝါ ရွတ်ဖတ်ဥပသမ္ပဒ ကံဆောင်ခြင်းတို့ကို  ဆောင်ရွက် ကြသည်။ 
ဆက်လက်၍    ပြည်ထောင်စု ဝန်ကြီးနှင့်ဇနီး   ဦးဆောင်သည့် ဌာနဆိုင်ရာ      အကြီးအကဲများ၊ အလှူရှင်များက    ပါမောက္ခချုပ် ဆရာတော်အမှူးပြုသည့် သင်ကြား   ဆရာတော်  ၃၁ ပါး၊ ဒုလ္လဘရဟန်း တော် ၃၉ ပါး၊ စုစုပေါင်းအပါး   ၇၀    တို့အား    သိမ်ဆင်းလောင်းလှူ  ပူဇော်ကြသည်။ 
ယင်းနောက် စုပေါင်းရဟန်းခံ ရှင်ပြု သီလရှင်ဝတ် အလှူတရား တော်နာ ရေစက်ချအခမ်းအနား ကို တက္ကသိုလ်ရှိ  ဘာဝနာမဟာ သဘာတရားထိုင်ခန်းမ၌ ဆက်လက် ကျင်းပရာ    ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ဧည့်ပရိသတ်များ က ပါမောက္ခချုပ်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြ ကာ   သံဃာတော်အရှင်မြတ်များ ရွတ်ပွားသရဇ္ဈာယ်   ချီးမြှင့်တော်မူ သော   မေတ္တသုတ်  ပရိတ်တရား တော်များ       နာယူကြည်ညိုကြ သည်။
ထို့နောက်     ပြည်ထောင်စု ဝန်ကြီးနှင့်ဇနီးက    ဦးဆောင်၍ အကြီးအကဲများနှင့် အလှူရှင်များ က    ပါမောက္ခချုပ်ဆရာတော် အမှူးပြုသည့် သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ  ဆက်ကပ် လှူဒါန်းပြီး သင်ကြားဆရာကြီး လေးပါးတို့ကို     ပြည်ထောင်စု ဝန်ကြီး၏ဇနီးနှင့် အမြဲတမ်းအတွင်း ဝန်၏ ဇနီးတို့က လှူဖွယ်ပစ္စည်း များ လှူဒါန်းကြကာ ပြည်ထောင်စု ဝန်ကြီးက    ဝမ်းမြောက်စကား လျှောက်ထားသည်။ 
ဆက်လက်၍ လှူဒါန်းမှုအစုစု တို့အတွက် ပါမောက္ခချုပ်  ဆရာ တော် ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒထံ မှ အနုမောဒနာတရား နာကြား၍ ရေစက် သွန်းချ အမျှပေးဝေကြကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”      သုံးကြိမ်ရွတ်ဆို ဆုတောင်း၍  ရုပ်သိမ်းလိုက်သည်။ 


သတင်းစဉ်