
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်သော
ကိုယ်စားလှယ်အဖွဲ့ (၂၈) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနှင့်
ဆွေးနွေးပွဲများ သို့တက်ရောက်ရန် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတသို့တက်ရောက်ရန် လာအိုလွမ်ပရာဘွမ်မြို့ သို့ ထွက်ခွာ
ရန်ကုန် ဧပြီ ၂
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လွမ်ပရာဘွမ်မြို့တွင် ၂၀၂၄ ခုနှစ် ဧပြီ ၃ ရက်မှ ၆ ရက်အထိ ကျင်းပပြုလုပ်မည့် (၂၈) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေး၊ ဆက်စပ်အစည်း အဝေးများနှင့် ဆွေးနွေးပွဲများသို့တက်ရောက်ရန် ယနေ့နံနက်ပိုင်း တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Air Asia လေကြောင်း ခရီးစဉ်ဖြင့်ထွက်ခွာသွားရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဌာန ဆိုင်ရာအကြီးအကဲများက လေဆိပ်တွင် လိုက်ပါပို့ဆောင်နှုတ်ဆက် ကြသည်။
(၂၈) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနှင့် ဆွေးနွေးပွဲများအား ယခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက်သည့် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ယူ ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်