ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

 

နေပြည်တော်   မတ်   ၃၀ 


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဧရာဝတီတိုင်းဒေသကြီး  ဝန်ကြီး ချုပ်    ဦးတင်မောင်ဝင်း၊   သယံဇာတရေးရာဝန်ကြီး ဦးအုံးမြင့်၊  ဌာနဆိုင်ရာ  တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်း၌ ဧရာဝတီတိုင်းဒေသကြီး ပုသိမ် မြို့ရှိ  တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးတွင် တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ တိုင်း/ခရိုင် / မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊  ဝန်ထမ်းများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။ 
ဦးစွာ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာက တိုင်းဒေသကြီးအတွင်း   လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးနေမှု၊   ဓာတ်အားပျောက်ဆုံးမှုနှင့်   ဓာတ်အား ပြတ်တောက်မှု              လျော့နည်းကျဆင်းစေရေး ဆောင်ရွက်ထားရှိမှု၊ ဘဏ္ဍာရေးနှစ်အလိုက် ဆောင် ရွက်သွားမည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြ သည်။ 
တင်ပြမှုများအပေါ်   ပြည်ထောင်စုဝန်ကြီးက လက်ရှိ    ဓာတ်အားထုတ်လုပ်နေမှုကို   တိုးတက် မထုတ်လုပ်နိုင်သေးမီကာလတွင် မြို့နယ်အဆင့်များ တွင် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး ရည်မှန်းချက်ထား  ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ မြို့နယ်များအတွင်း ဓာတ်အားခကြွေးကျန်များ အပြည့်အဝရရှိရေးနှင့် တရားမဝင်ဓာတ်အား ရယူ သုံးစွဲမှုများ    မရှိစေရေး   တာဝန်ရှိသူအဆင့်ဆင့်မှ စစ်ဆေးကြပ်မတ်သွားရန် လိုအပ်ကြောင်း၊ မိမိတို့ ဌာနအနေဖြင့်        အများပြည်သူနှင့်       ဆက်ဆံ၍ ဝန်ဆောင်မှုပေးနေရသည့် ဌာနဖြစ်သဖြင့် ယဉ်ကျေး ပျူငှာစွာဆက်ဆံပြီး    ပြည်သူကို   အကောင်းဆုံး ဝန်ဆောင်မှုပေးရန်နှင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကို အလေအလွင့် ဆုံးရှုံးမှုမရှိစေရေး ဂရုစိုက်ဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊    ဝန်ထမ်းများအနေဖြင့် မိမိအား ပေးအပ်ထားသောတာဝန်ကို   ကျေပွန်စွာ ထမ်းဆောင်သွားရန်     လိုအပ်ပြီး    ဝန်ထမ်းများ၏ ဆောင်ရွက်မှုများအပေါ်     မြို့နယ်လျှပ်စစ်အင်ဂျင် နီယာ/ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများက  အဆင့်ဆင့် စစ်ဆေးကြပ်မတ်      ဆောင်ရွက်သွားရန်    လိုအပ်ပါ ကြောင်း ၊  မိမိတို့ဝန်ကြီးဌာန၏  ပုံရိပ်ကို  မြှင့်တင်၍ ပြည်သူလူထုလေးစားရသော ဝန်ထမ်းများ ဖြစ်လာ စေရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း လုံခြုံရေးအသိ၊ သတိဖြင့် ဆောင်ရွက်ကြရန်   လိုအပ်ကြောင်း  မှာကြားပြီး  ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိရှိထားသင့်သည့် အချက်အလက်များကို ရှင်းလင်း ဆွေးနွေးမှာကြားကာ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍   ဝန်ထမ်းများ၏  တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက်  ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်တို့သည် တာဝန်ရှိသူများနှင့်အတူ ကန်ကြီးထောင့်မြို့နယ်ရှိ  လျှပ်စစ်ဓာတ်အားပို့လွှတ် ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ပုသိမ်ပင်မဓာတ်အားခွဲရုံသို့ရောက်ရှိပြီး    ဝန်ထမ်းများအား   ရင်းရင်းနှီးနှီး   တွေ့ဆုံနှုတ်ဆက်၍ ဝန်ထမ်းများအတွက်   ထောက်ပံ့ ငွေများ   ပေးအပ်ချီးမြှင့်ကာ Switch Yard အတွင်း 230 kV Transformer တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် လက်ရှိဓာတ်အားလိုင်းများနှင့်      ထရန်စဖော်မာများ၏ ဝန်အားထိန်းညှိဖြန့်ဖြူးပေး နေမှုအခြေအနေတို့ကို  လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။  


သတင်းစဉ်