ဒေသခံတိုင်းရင်းသားပြည်သူတို့၏ ပူးပေါင်းပါဝင်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဆီဆိုင်မြို့အား အမြန်ဆုံး ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်၊ ထောက်ပံ့ငွေများပေးအပ်

 

နေပြည်တော်    မတ်    ၂၉


ရှမ်းပြည်နယ် (တောင်ပိုင်း) ဆီဆိုင်မြို့သည်     ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၃၁၀ တွင်တည်ရှိပြီး မြောက်ဘက်တွင် ဟိုပုံးမြို့နယ်၊    အရှေ့ဘက်တွင် မောက်မယ်မြို့နယ်၊ တောင်ဘက်တွင် ကယားပြည်နယ်၊ အနောက်ဘက်တွင်     ဖယ်ခုံမြို့နယ်၊   ညောင်ရွှေမြို့နယ်၊   တောင်ကြီးမြို့နယ်တို့နှင့်   နယ်နိမိတ်ချင်း  ထိစပ်လျက်ရှိပြီး    ပအိုဝ်းတိုင်းရင်းသားအများစု    အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်ကြသည့်    မြို့တစ်မြို့ဖြစ်သည်။


အဆိုပါ  အေးချမ်းသာယာသည့်   ဆီဆိုင်မြို့အပါအဝင်  ဟိုပုံးမြို့နယ်၊   မဲနယ်တောင်ဒေသရှိ   ပအိုဝ်း         တိုင်းရင်းသားများနေထိုင်ရာကျေးရွာများသို့ KNPP၊  KNDF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏  သွေးထိုးမြှောက်ပင့်စည်းရုံးမှုများကြောင့်  မိမိဒေသလူမျိုးများ  ပျက်စီးဆုံးရှုံးစေမှုကို  မငဲ့ကွက်တော့ဘဲ ဒေသအတွင်း မိမိဩဇာအာဏာလွှမ်းမိုးစေရန်ရည်ရွယ်သည့်  PNLO အဖွဲ့သည် အဆိုပါ အဖွဲ့ များနှင့်အတူ      အင်အားစုစည်း ၍   ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်အတွက်  ဖေဖော် ဝါရီလ ၁၆ ရက်မှစ၍ ကျေးရွာသူ ကျေးရွာသားများ    အသွင်ဖြင့် စိမ့်ဝင် ပုံဖျက်ဝင်ရောက်ပြီးနောက် ဒေသအချို့ရှိ        တပ်မတော် တပ်စခန်းများ၊   လုံခြုံရေးတပ်ဖွဲ့ များ၏    တပ်ဌာနချုပ်များအား ဝင်ရောက်တိုက်ခိုက်ခြင်း၊ ကျေးရွာ များအတွင်းရှိ   နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊   ပြည်သူများ အား    လက်နက်အားကိုးဖြင့် အနိုင်ကျင့်သတ်ဖြတ်ခြင်း၊ ဒေသခံ တိုင်းရင်းသားများ ပိုင်ဆိုင်သည့် ပစ္စည်းများအား   အတင်းအဓမ္မ လုယက်  ယူဆောင်ခြင်းစသည့် အဖျက်အမှောင့်    လုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့်    ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဒေသခံတိုင်းရင်းသား များအနေဖြင့် ဘေးလွတ်ရာနေရာ များသို့      ယာယီနေရပ်စွန့်ခွာ နေထိုင်ခဲ့ကြရသည်။
အဆိုပါဒေသများ  တည်ငြိမ် အေးချမ်းရေးအတွက်    လိုအပ် သည့်   လုံခြုံရေးလုပ်ငန်းများကို နယ်မြေခံတပ်မတော်သားများက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ဒေသခံ    ပြည်သူများအားလုံးမှ ပူးပေါင်း၍ ၃၂ ရက်ကြာ အစွမ်း ကုန် သောင်းကျန်းသူ ချေမှုန်းရေး အား   ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခုအခါ     ပြန်လည်တည်ငြိမ် အေးချမ်းလာပြီ ဖြစ်သည့်အတွက် ယာယီနေရပ်စွန့်ခွာ      ဒေသခံ တိုင်းရင်းသားများသည် ၎င်းတို့၏ သက်ဆိုင်ရာ    ကျေးရွာများသို့ ပြန်လည်အခြေချ     ဝင်ရောက် နေထိုင်လျက်ရှိရာ     နယ်မြေခံ တပ်မတော်သားများက အကြမ်း ဖက်သမားများ   ဖျက်ဆီးသွားခဲ့ သည့် မြို့၊ ရွာများ သန့်ရှင်းသာယာ လှပရေးအတွက်    မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊      ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်း သားများနှင့်အတူ     ပြန်လည် ထူထောင်ရေး     လုပ်ငန်းများနှင့်  စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ကို  ဝိုင်းဝန်းကူညီ  ဆောင်ရွက် ပေးပြီး သက်ဆိုင်ရာ တာဝန်ရှိသူ များက ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်လျက် ရှိသည်။
    ယနေ့တွင်လည်း  အကြမ်း ဖက်          သောင်းကျန်းသူများ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီး ခဲ့သည့် ဆီဆိုင်မြို့အတွင်း ပျက်စီး သွားသော       လူနေရပ်ကွက်၊ သာသနိက      အဆောက်အဦ၊ ကျန်းမာရေးနှင့်ပညာရေး စသည့် အရေးကြီး      နေရာများအား နယ်မြေခံ တပ်မတော်သားများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ ပြည်သူ့စစ် (ဌာနေ)  တပ်ဖွဲ့ဝင်များ၊ ဒေသခံ တိုင်းရင်းသားများနှင့်အတူ   ပြန် လည်ထူထောင်ရေး လုပ်ငန်းများ နှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ  ဆောင်ရွက်ပေးလျက်ရှိရာ ထိုသို့   ဆောင်ရွက်နေမှုများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ    ဗိုလ်ချုပ်   နိုင်နိုင်ဦး၊    အရှေ့ ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက   သွားရောက် ကြည့်ရှုအားပေးပြီး  လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။
ထို့ပြင် ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ ဗိုလ်ချုပ် နိုင်နိုင်ဦး၊ တိုင်းမှူးနှင့်    အဖွဲ့ဝင်များသည်  မြို့နယ်အထွေထွေ  အုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ဒေသခံတိုင်းရင်း သားပြည်သူများ၊     ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံအမှာ စကားပြောကြားပြီး တင်ပြချက် များအပေါ်     လိုအပ်သည်များ   ပေါင်းစပ်ညှိနှိုင်း    ဆောင်ရွက် ပေးကာ မြို့ဂုဏ်ဆောင်မွေတော် ဘုရားကြီးအတွက် အလှူငွေများ၊ ဌာနဆိုင်ရာ    ဝန်ထမ်းများနှင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေများ    ပေးအပ်ခဲ့ သည်။    
    အစဉ်အဆက်  တည်ငြိမ် အေးချမ်း၍ ရိုးသားအေးချမ်းစွာ နေထိုင်သော ပအိုဝ်းတိုင်းရင်းသား တို့၏ ဆီဆိုင်ဒေသသည် PNLO အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက် လုပ်ရပ်ကြောင့် ယခုကဲ့သို့ အရုပ် ဆိုးအကျည်းတန်ခဲ့ရပြီး ၎င်းအဖွဲ့ အနေဖြင့်    လက်နက်မှောင်ခိုမှု များတွင်        တိုက်ရိုက်ပါဝင် ပတ်သက်ခဲ့ရာ ၂၀၂၃ ခုနှစ် ဒီဇင် ဘာလ ၁၇ ရက်တွင်   ပင်လုံမြို့ ဆနင်းကျေးရွာဘက်မှ ရပ်စောက် မြို့နယ်၊ ပင်ဖြစ်ကျေးရွာဘက်သို့ မောင်းနှင်လာသည့်   မော်တော် ယာဉ်ပေါ်မှ Type-81 အမျိုးအစား လက်နက် ၄၉၉ လက်၊   ကျည်အိမ် ၄၉၈ ခုနှင့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း၊    ၂၀၂၄  ခုနှစ် ဇန်နဝါရီလ ၂၀    ရက်တွင်   စံဖူး ကျေးရွာ၌ မော်တော်ယာဉ်ငါးစီး ဖြင့်      တင်ဆောင်လာသည့် လက်နက်၊ ခဲယမ်းများအား လုံခြုံ ရေးတပ်ဖွဲ့ဝင်များက     ဖမ်းဆီး စစ်ဆေးစဉ် ၎င်းတို့အဖွဲ့က မီးရှို့ ဖျက်ဆီးခဲ့သဖြင့်     မီးလောင် ပျက်စီးနေသော လက်နက်မျိုးစုံ ၅၀၄ လက်၊  အာပီဂျီ ၁၀ လက်၊ ၁၀၇ မမ ရှော့တိုက်ဒုံးခြောက်လုံး နှင့်  ခဲယမ်းအချို့အား  လည်း ကောင်း  လုံခြုံရေးတပ်ဖွဲ့ဝင်များ က သိမ်းဆည်းရရှိခဲ့သည်။


အထက်ပါ    ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ PNLO အကြမ်းဖက် အဖွဲ့အနေဖြင့် NUG ၊   KNPP ၊ KNDF  နှင့်   KPDF   အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ၏   မြှောက်ပင့်စည်းရုံးမှုကြောင့် ဒေသအတွင်း      အာဏာတည် ဆောက်နိုင်ရေး၊  အကြမ်းဖက် အုပ်ချုပ်ရေးအတွက် အကြောက် တရားဖြင့် မိမိတို့ လူမျိုးတူပအိုဝ်း တိုင်းရင်းသားတို့အပေါ်  စာနာမှု ကင်းမဲ့စွာ  ၎င်းတို့၏   လက်နက် မှောင်ခိုမှုအား သတင်းပေးအဖြစ် စွပ်စွဲ၍ ပအိုဝ်းတိုင်းရင်းသားများ နေထိုင်သည့်  ကျေးရွာများအား မီးရှို့မှုများ   အကြိမ်ကြိမ်ပြုလုပ် ခဲ့သည့်အပြင်    ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်ချုပ် ခွင့်ရဒေသအတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့်  ဒေသ အတွင်း    အဓိက    ဆက်သွယ် ရေး    လမ်းကြောင်းဖြစ်သော ပြည်ထောင်စု   လမ်းမကြီးအား ဖြတ်တောက်ပိတ်ဆို့ရန်အတွက် ဖေဖော်ဝါရီလ   ၂၁   ရက်မှစ၍ ပြည်ထောင်စုလမ်းမကြီး   တစ် လျှောက်ရှိ   လုံခြုံရေးတပ်စခန်း များအား အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ပိတ်ဆို့မှုများ  ဆောင် ရွက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက အကြမ်းဖက်သောင်းကျန်း သူချေမှုန်းရေးနှင့် နယ်မြေစိုးမိုး ရေးလုပ်ငန်းများ  ဆောင်ရွက်ခဲ့ရ သည်။   လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့်  အဆိုပါအကြမ်းဖက် အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ  ၁၆ ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် ဖေဖော် ဝါရီလ ၂၉ ရက်တွင် ပြည်ထောင်စု လမ်းမကြီး    တစ်လျှောက်အား အပြည့်အဝ   ပြန်လည်ထိန်းချုပ် နိုင်ခဲ့ပြီး မတ်လ ၁ ရက်နေ့တွင် ယာယီရပ်တန့်ခဲ့သည့်  ခရီးသွား ယာဉ်များနှင့် ကုန်တင်ယာဉ်များ ပုံမှန်အတိုင်း သွားလာနိုင်ခဲ့သည်။
အဆိုပါဖြစ်စဉ်များတွင်လည်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရအဖွဲ့၏ အုပ်ချုပ်မှုအောက် ပအိုဝ်းတိုင်းရင်းသားကျေးရွာတိုင်း မှ ကျေးရွာလူထု အားလုံးနီးပါးက လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ စစ်(ဌာနေ)    တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းလက်တွဲ၍ ဆောင်ရွက်ခဲ့ ခြင်းကြောင့်လည်း    ယခုကဲ့သို့ အချိန်တိုအတွင်း    အကြမ်းဖက် သောင်းကျန်းသူများအား တိုက် ခိုက်ချေမှုန်းနိုင်ခဲ့ခြင်း ဖြစ်သည်။
NCA လက်မှတ်ရေးထိုးသော် လည်း ဒေသခံမဟုတ်သည့်အခြား သော အကြမ်းဖက်သောင်းကျန်း သူများ၏   မြှောက်ပင့်စည်းရုံးမှု အပေါ် အာဏာတည်ဆောက်နိုင် ရေး စိတ်ကူးယဉ်မှုနှင့်အတူ PNLO အကြမ်းဖက်အဖွဲ့၏ မိမိလူမျိုးချင်း အပေါ် သစ္စာမဲ့စွာ  လုပ်ဆောင်ခဲ့ သည့်   အကြမ်းဖက်လုပ်ရပ်များ အပေါ် သည်းမခံနိုင်တော့သဖြင့် ဆီဆိုင်မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာ များမှ ပအိုဝ်းတိုင်းရင်းသားများ အနေဖြင့်     ရွာလုံးကျွတ်နီးပါး အင်အားစုစည်း၍ တပ်မတော်၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ နှင့် ပူးပေါင်းလက်တွဲ၍ဖေဖော် ဝါရီလ ၂၇ ရက်တွင် စတင်တိုက် ခိုက်ခဲ့ရာ ဖေဖော်ဝါရီလ ၂၈ ရက် တွင်   ဟိုခဲဘုန်းကြီးကျောင်းနှင့် ဆေးရုံကို လည်းကောင်း၊ မတ်လ ၂ ရက်နေ့တွင်  ဆေးရုံဝန်ထမ်း အိမ်ရာနှင့်   ရဲစခန်းကို  လည်း ကောင်း၊ မတ်လ ၁၃ ရက်နေ့တွင် မွေတော်ဘုရားကုန်းကို  လည်း ကောင်း၊ မတ်လ ၁၈ ရက်နေ့တွင် စံဖူးကျေးရွာကို လည်းကောင်း၊ မတ်လ ၁၉ ရက်နေ့တွင် ကျောက် ကချားကို လည်းကောင်း၊ မတ်လ ၂၅ ရက်နေ့တွင် ဘုရားဖြူလမ်း ဆုံကို  လည်းကောင်း  သိမ်းပိုက် နိုင်ခဲ့ပြီး ဆီဆိုင်မြို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။    တိုက်ပွဲ ဖြစ်စဉ်များအတွင်း အကြမ်းဖက် သောင်းကျန်းသူ အလောင်းအချို့ နှင့် လက်နက်၊ ခဲယမ်း၊ ဆက်စပ် ပစ္စည်းများ   သိမ်းဆည်းရရှိခဲ့ပြီး စစ်သည်အချို့၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်အချို့နှင့်      ဒေသခံ တိုင်းရင်းသားအချို့    ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
ယခုကဲ့သို့   ဆီဆိုင်ဒေသကို PNLO ၊ KNDF ၊ KPDF  အကြမ်း ဖက်ပူးပေါင်းအဖွဲ့များ၏ လက်မှ အမြန်ဆုံးပြန်လည်ရယူထိန်းချုပ် နိုင်ခဲ့ပြီး    နိုင်ငံတော်အစိုးရ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်း များ ဆောင်ရွက်နိုင်ခဲ့ခြင်းသည် ဒေသခံတိုင်းရင်းသားပြည်သူတို့ အနေဖြင့် တပ်မတော်၊ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များနှင့် အားတက် သရောအသက်စွန့်၍ ဒေသအကျိုး အတွက် ပူးပေါင်းဆောင်ရွက်ခဲ့ ခြင်းကြောင့်ပင်     ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်းစဉ်