
နေပြည်တော် မတ် ၂၉
၂၀၂၄ ခုနှစ် မတ် ၂၇ ရက်တွင် ကျရောက်သည့် (၇၉) နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုသော အားဖြင့် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ပင်လောင်း မီးပွိုင့်လမ်းဆုံနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ဝင်းအတွင်း ၌ မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်ပြီး ဇာတိသွေး၊ ဇာတိ မာန်တက်ကြွစေမည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်သည်များ၏ လှုပ်ရှားမှုပုံရိပ်များကို ဖော်ကျူး ထားသော ပိုစတာကြီးများကို စိုက်ထူထားရှိသည်။
အလားတူ ပင်လောင်းလမ်းဆုံမှ စစ်ရေးပြကွင်းကြီးသို့ သွားရောက် သည့် လမ်းတစ်လျှောက်တွင် လည်း တပ်မတော်၏ ဆောင်ပုဒ် များကို မြန်မာ - အင်္ဂလိပ် နှစ်ဘာသာဖြင့် စိုက်ထူထားပြီး စစ်ရေးပြကွင်းအဝင်ဝရှိ မုခ်ဦးကြီး ကိုလည်း ခမ်းနားထည်ဝါစွာ တွေ့မြင်နိုင်သည်။
စစ်ကြောင်းကြီးများ ချီတက် ရာ လမ်းကြောင်းတစ်လျှောက်၌ စစ်ကြောင်းများ၏ ကိုယ်စားပြု အရောင် အလှမီးများ၊ မီးအလှ ထွန်းသည့် Truss Beam များ၊ မီးဆိုင်းများ၊ Light Box များ၊ Lighting Pole များဖြင့်လည်း ကောင်း၊ စစ်ရေးပြကွင်းကြီး၏ အဝင်မုခ်ဦးတွင် LED Strip Light များ လမ်းဘေးဝဲယာတစ်လျှောက် ၌ မိုးစက်မီးများ၊ Up Light များ၊ Program LED Strip Light များ၊ ရောင်စုံအလှမီးများဖြင့် ဆင်ယင် ထားပြီး စစ်ကြောင်းကြီးများကို ဂုဏ်ပြုကြိုဆိုပါ၏ စာတန်းများ၊ နိုင်ငံတော်အလံနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အလံများကို Lighting Effect မီးအလှများဖြင့် ပုံဖော်၍လည်းကောင်း၊ စစ်ရေးပြ ကွင်းအတွင်း အလေးပြုခံ စင်မြင့် မျက်နှာမူရာရှိ သစ်ပင်များ၌လည်း Handmade အလှမီးများဖြင့် လည်းကောင်း၊ မင်းကြီးသုံးပါး ရုပ်တုအောက်ခံ၌ တပ်မတော် အလံပုံဖော်ထားသည့် ကြယ် တံဆိပ်နှစ်ခုအား LED Strip Light များဖြင့်လည်းကောင်း အသီးသီး ပုံဖော် အလှဆင်ထားသည်ကို ခမ်းနားထည်ဝါစွာ တွေ့မြင်နိုင် မည်ဖြစ်သည်။
ထို့အပြင် ၂၀၂၄ ခုနှစ် (၇၉)နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် နေပြည် တော် စစ်ရေးပြကွင်းကြီးရှေ့ရှိ တပ်မတော် ပန်းခြံတွင်လည်း မီးအလှများဖြင့် ဖန်တီးပုံဖော် ထားသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်း အမှတ်တံဆိပ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များတွင် အသုံးပြုသည့် ယာဉ်ယန္တရားပုံစံ ငယ်များ၊ ရေယာဉ်ပုံစံငယ်များ၊ လေယာဉ်ပုံစံငယ်များ၊ ရဟတ် ယာဉ်ပုံစံငယ်များကို ပြသထား သည်။ ပန်းခြံအတွင်း ဖိုင်ဘာဖြင့် ပြုလုပ်ထားသည် စစ်သည်ရုပ်တု ငယ်များ၊ ပုံဖော်ထားသည့် ပန်း အလှများ၊ သစ်ပင်များတွင် တပ်ဆင်ထားသည့် မီးရောင်စုံများ၊ မီးရောင်စုံများဖြင့် ပြုလုပ်ထား ရှိရာ ယနေ့တွင်လည်း လာရောက် အပန်းဖြေ လည်ပတ်ကြသူများ ဖြင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်