ရန်ကုန်မြို့တော်ဝန် ရေစီးရေလာနှင့် လမ်းလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဇွန် ၂၈ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၇ နာရီခွဲက ရေစီးရေလာစီမံခန့်ခွဲမှု ဌာနမှ ဆောင်ရွက်နေသော မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက် သမိုင်းလမ်းဆုံအနီး သမိုင်း ချောင်းနှင့် အင်းစိန်လမ်းမြောင်း အတွင်းမှ နုန်းနှင့် အမှိုက်များ ဆယ်ယူရှင်းလင်းနေမှုကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ မှာကြား ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့ သည် မရမ်းကုန်းမြို့နယ် (၄)ရပ်ကွက် ကျိုက်ဝိုင်းဘုရားလမ်း နှင့် မင်းဓမ္မလမ်းဆုံအနီး ဆည်မြောင်းချောင်းသို့ ရောက်ရှိ ပြီး ဆည်မြောင်းချောင်းအတွင်း ၂၁ တန် Long Arm Excavator ဖြင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှု၊ ချောင်းအတွင်းမှ နုန်းများ၊ အမှိုက်များဆယ်ယူနေမှု နှင့် ရေစုကန်တူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားခဲ့သည်။ ဆက်လက်၍ မြို့တော်ဝန်နှင့် အဖွဲ့သည် လမ်းနှင့်ယာဉ်ရပ်နား စခန်းများ စီမံခန့်ခွဲမှုဌာနမှ ဆောင်ရွက်နေသာ မင်္ဂလာဒုံ မြို့နယ် ပြည်လမ်းမဘေး ကွန်ကရစ် ဘလောက်တုံးခင်း လူသွားစင်္ကြံ ပြုလုပ်နေမှုကို ကြည့်ရှုပြီး လိုအပ် သည်များ မှာကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ်