တပ်မတော်မရှိလျှင် မငြိမ်းချမ်း ပြည်သူ့အားနှင့်အတူ ပြည်သူမရှိလျှင် တပ်မတော်လည်းဖြစ်မလာပါ

Type

 

စစ်သည်ဟောင်းတစ်ဦး

ကျွန်တော်တို့ရဲ့ နိုင်ငံတော်ကြီးဟာ နိုင်ငံရေး၊  စီးပွားရေး အရေးအရာ အားလုံးမှာ ရုန်းကန်နေရတာ အားလုံးအသိပါ။  ကာကွယ်ရေး၊ လုံခြုံ ရေးအသိအမြင်များနဲ့ တည်ငြိမ်မှုကို  မနည်းထိန်းသိမ်းနေရတယ်။  တစ်ဖက်နဲ့တစ်ဖက်   ရန်သူတွေကြား   အတိုက်အခိုက်တွေကြားမှာ အမျိုးသားရင်ကြားစေ့ရေးကိုလည်း မနည်းကြိုးစားနေရတယ်။  နိုင်ငံ ရဲ့ အချုပ်အခြာ ပဲ့ပါမသွားအောင်လည်း ကာကွယ်စောင့်ရှောက်နေရ တယ်။  


ပြည်သူတွေ၊  တိုင်းရင်းသားတွေရဲ့ လူမှုစီးပွားဘဝတွေ ပြန်လည် တိုးတက်လာအောင် အခက်အခဲပေါင်းစုံ၊ စိန်ခေါ်မှုပေါင်းစုံကနေ ရုန်းကန်နေရတယ်၊ အရေးကြီးဆုံးက ဒီမြေ၊  ဒီရေ၊  ဒီပိုင်နက် မဆုံးရှုံး ဖို့၊  နိုင်ငံတော်ကြီးမပြိုကွဲဖို့၊   ပြည်သူတွေ  ငြိမ်းချမ်းအေးချမ်းဖို့နဲ့ တည်ငြိမ်အေးချမ်းမှုမှတစ်ဆင့်   လူ့အဖွဲ့အစည်းအားလုံး   ဖွံ့ဖြိုး တိုးတက်သာယာဝပြောဖို့က     အဓိကဖြစ်နေတယ်။     ဒါကြောင့် သောင်းကျန်းသူကင်းမှ ဆင်းရဲခြင်းကင်းမယ်ဆိုတဲ့အတိုင်း ဦးတည် ချက်က ဘယ်တော့မှ ပျောက်ပျက်မသွားပါဘူး၊၊


သမိုင်းပေးတာဝန်အရပြင်ဆင်ရတော့မည်


ဒီတာဝန်အားလုံးကို   သမိုင်းပေးအခြေအနေအရ  တာဝန်အရ အဓိကထမ်းဆောင်ရတဲ့ အင်စတီကျူးရှင်းက တပ်မတော်ပါ။ အသက် တွေပေးပြီး ပေးဆပ်မှုများစွာနဲ့ ကျေကျေပွန်ပွန်နဲ့ ထမ်းဆောင်နေကြ ဆဲပါ။ တပ်မတော်သားတွေဟာ ခေတ်အဆက်ဆက် တာဝန်ကျေခဲ့ကြ ပါတယ်။ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း မနားခဲ့ကြဘူး။ နယ်စွန်နယ်ဖျားမကျန် ဆေးကုသမှု၊ ရေဘေးလေဘေး သဘာဝဘေး ပေါင်းစုံမှာ ကျရာအရပ်သွား  ဒုက္ခရောက်နေတဲ့ တိုင်းရင်းသားတွေရဲ့ စားရေးသောက်ရေး၊ စားရေရိက္ခာအတွက် ကူညီပါဝင်ခဲ့ကြတယ်၊ ပြည်သူ့အတွက်ဘဝတွေပေး အချိန်တွေပေးခဲ့ကြတယ်။ 
ဒါတွေပြောနေရတာက   ကျေးဇူးတင်ထိုက်သူတွေကို   ကျေးဇူး တင်မိလို့ပါ။ နိုင်ငံက ဘက်စုံတိုးတက်ဖို့ဆိုရင် လုံခြုံမှုရှိမှ၊  တည်ငြိမ် မှုရှိမှ  မိမိတို့စားဝတ်နေရေး သင့်တင့်မျှတဖို့၊ ကောင်းကောင်းအိပ်ရဖို့၊  ကောင်းကောင်းလုပ်ကိုင်စားသောက်နိုင်ဖို့၊ မိမိတို့ရင်သွေးလေးတွေ ပညာသင်နိုင်ဖို့က    မိမိတို့ရပ်ရွာလုံခြုံရေးက    အရေးကြီးလာပြီ။  ဒီအချက်ကို    စဉ်းစားရတော့မယ်။    ယနေ့ခေတ်အခြေအနေနဲ့ တောင်းဆိုချက်အရ  တပ်မတော်၊  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တစ်ခုတည်းနဲ့ မလုံလောက်တော့တဲ့အခြေအနေဖြစ်လာပြီ။ 


တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က နေရာအနှံ့ စစ်တိုက်နေ ရတာ၊ ရေရှည်အတွက်စဉ်းစားရင် ပြည်သူပါ ပါဝင်ဖို့လိုလာပါပြီ။ ပြည်တွင်းတင်မက  ပြည်ပနိုင်ငံတကာရေးရာမှာလည်း  စစ်မီးက တောက်မယ့်မီးခဲတရဲရဲ၊ ဘယ်နေရာကြည့်ကြည့် ငြိမ်းချမ်းတဲ့နေရာက ခပ်ရှားရှား၊ အနည်းဆုံး  တို့ပြည်သူတွေ  ကိုယ့်ကိုယ်ကိုယ် ခုခံနိုင်ဖို့၊ ကာကွယ်တတ်ဖို့လိုလာပြီ၊     ခေတ်ကြီးကိုက    ကမ္ဘာမီးလောင် သားကောင်ချနင်းတဲ့ခေတ်၊   မိတ်ဆွေစစ်  ရှားတဲ့ကာလ၊  ကိုယ့်လူမျိုး အချင်းချင်းတောင် စော်ကားရန်ပြုရဲနေတာ၊ ကျေးဇူးတင်ရမှန်းမသိ ကျေးဇူးကန်းမိစ္ဆာတွေကြားမှာ ဘယ်လိုရပ်တည်မလဲ၊ အားလုံးပြင်ဆင် ထားဖို့ လိုပါပြီ။


ကြောက်စိတ်မရှိဖို့ပါ


ပြောချင်တာက စစ်မှုထမ်းရမှာမကြောက်ဖို့၊ ပြည်သူ့စစ်မှုထမ်း ဥပဒေကြီးကို စိုးရိမ်မကဲဖို့ ပြောချင်တာ။ ကြောက်ရမှာက ကိုယ့်အိမ်၊ ကိုယ့်ရွာ၊ ကိုယ့်မြို့ အကြမ်းဖက်များရဲ့ မီးရှို့ဖျက်ဆီးခံရမယ့်အခြေအနေ၊ မိမိနဲ့မိမိမိသားစု  သတ်ဖြတ်ခံရမယ့်အန္တရာယ်ကြီးကြုံခါမှ  ဘာစစ် ပညာမှမတတ်၊  ဘယ်လက်နက်မှမကိုင်တတ်ခြင်းကသာ ရှက်စရာ၊ ကြောက်စရာဖြစ်ပါတယ်။ မတော်တဆ အန္တရာယ်ရန်စွယ်ကြုံရရင် တောင်၊  ကိုယ့်ဆီ  လက်နက်ရှိနေရင်တောင်   ဘာမှမလုပ်တတ်၊  မကိုင်တတ်      သူများဓားအောက်      လည်စင်းပေးရမယ့်အဖြစ်ကသာ ကြောက်စရာဖြစ်ပါတယ်။ 


ယနေ့တပ်မတော်သားတွေ ကိုင်တွယ်ပစ်ခတ်နေတဲ့ လက်နက် ငယ်    စတဲ့လက်နက်ပေါင်းစုံ   ပစ်တတ်ခတ်တတ်ခြင်းဟာ   အလွန် ဂုဏ်ယူစရာကောင်းပါတယ်။   မိမိနဲ့သင့်လျော်တဲ့   စစ်ပညာတွေ သင်ကြားခွင့်ရခြင်း၊  လေ့လာခွင့်ရခြင်းဟာ  မိမိဘဝမှာ  တကယ့် အားဆေးတစ်ခုပါပဲ။ သေချာပါတယ်.. သင်ဟာ ပြည်သူ့စစ်မှုထမ်းဥပဒေ အရ စစ်မှုထမ်းဆောင်ပြီးရင် လက်နက်ကိုင်ဆောင်ဖူး၊ ပစ်ခတ်ဖူး၊  စစ်ပညာလေ့လာသင်ကြားဖူးပြီး ကြောက်စိတ်ကင်းတဲ့ မိမိကိုယ်မိမိ ယုံကြည်ချက်ပြည့်ဝလာတဲ့     သူတစ်ယောက်ဖြစ်လာမယ်ဆိုတာ ပြောရဲပါတယ်။   ဒီလောက်ရိုးရှင်းတဲ့   အချက်ကလေးတစ်ခုကိုပဲ ရိုးသားစွာတင်ပြနေရခြင်းဟာ ကျွန်တော်တို့မိဘတွေ၊  သားသမီးတွေ ကြားမှာ     စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး    ယနေ့ဖြစ်ပေါ်နေတဲ့ ကြောက်စိတ်တွေ လျော့ပါးသွားစေဖို့သာဖြစ်ပါတယ်။ 


နည်းမှန်လမ်းမှန်နဲ့ရင်ဆိုင်ဖြေရှင်းဖို့ပဲ ကြိုးစားပါ


ဘယ်အရာမဆို      ဆန်းသစ်ဆောင်ရွက်မှုအသစ်တိုင်းမှာ အခက်အခဲပြဿနာတွေ စိန်ခေါ်မှုတွေရှိလာမယ်ဆိုတာ ကြိုတွက်ပြီး ဖြစ်ကြမှာပါ။ ကောလာဟလပေါင်းစုံလည်း တစ်ခုအပါအဝင်ပေါ့။ အထူးသဖြင့် ယခုလိုအခြေအနေနဲ့ ယခုလိုကာလမှာ ဒီလိုထုတ်ပြန် ချက်မျိုး   ထုတ်ပြန်ခြင်းဟာ    စဉ်းစားစရာအများကြီးရှိပါတယ်။ အကြောင်းရှိလို့ အကြောင်းတရားတွေပေါင်းစုံညီညွတ်ပြီး ထွက်ပေါ် လာတဲ့ အကျိုးတရားတွေပဲဖြစ်မှာပါ။ ယခုလို ထုတ်ပြန်ပြီးမှ ခါတော်မီ ပေါ်လာတဲ့ ပေါ်တာဆွဲဇာတ်လမ်းတွေ၊ အကြောက်တရားနဲ့ ဖြန့်ဝေ တဲ့ ကောလာဟလတွေဟာ ဉာဏ်ရည်နိမ့်ပါးသူတွေအတွက်တော့ သူ့ဇာတ်နဲ့သူ့အထာ အံဝင်ခွင်ကျဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ 


နိုင်ငံတော်အတွက်တော့ ဖြစ်နိုင်စရာတွေအားလုံး အစီအစဉ်တကျ စီမံပြီးဖြစ်နေပါလိမ့်မယ်။ တစ်လ ပြည်သူ့စစ်မှုထမ်းအသစ်လူဦးရေ ၆၀၀၀   နှုန်းနဲ့  လစဉ်သင်တန်းများအတွက်   တွက်ချက်ထားခြင်း က အမှန်တကယ် မြေပြင်မှာ စစ်မှုထမ်းဆောင်မယ့် မျိုးချစ်ပြည်သူ တွေ  အရန်သင့်ရှိပြီးဖြစ်တယ်ဆိုတာ   ယုံကြည်ချက်ရှိပြီးဖြစ်နိုင်လို့ပါပဲ။ ဒါ့ကြောင့်    ကျွန်တော်တို့မိဘပြည်သူတွေ   သားသမီးတွေက  မလိုအပ်ဘဲ  စိုးရိမ်သောကမများဖို့၊ မကြောက်ကြဖို့ တင်ပြလိုပါတယ်။ ကြောက်စိတ်ဆိုတာ စိုးရိမ်ခြင်း ၊ အတွေးလွန်ကဲခြင်းက လာပါတယ်၊၊ 


ဒါကြောင့် မလိုအပ်တဲ့အတွေးတွေကို ဆင်ခြင်ပညာသိနဲ့ ဖယ်ရှား နိုင်စွမ်းရှိရပါမယ်။ မိမိအတွက် အခက်အခဲပြဿနာပေါင်းစုံဆိုတာ အချိန်မရွေးတွေ့ကြုံရစမြဲပါ။ ဘဝမှာ တစ်ခုမဟုတ်တစ်ခုပါပဲ။ ကျွန်တော့် အတွက်တော့  အခက်အခဲပြဿနာတစ်ရပ်ကြုံရင် ထိုပြဿနာအပေါ် ညည်းတွား    ညည်းညူမနေဘဲ    ရင်ဆိုင်ဖြေရှင်းလိုက်တာပါပဲ။ နည်းလမ်းတော့ ရှာရမှာပေါ့။     ဒီအလုပ်ကို      ယခုမလုပ်လည်း နောင်လုပ်ရမှာပဲလို့တွေးပါ။  ပြဿနာကို   ကြာရှည်ပိုက်ထားရင် ကြာလေဆိုးလေ၊  ပိုကြီးထွားလေဖြစ်တတ်တဲ့အတွက်   နည်းမှန် လမ်းမှန်နဲ့  စနစ်တကျဖြေရှင်းလိုက်ရင် မဖြေရှင်းခင်က  အကြီးကြီးလို့ ထင်ထားတဲ့ပြဿနာဟာ   တကယ်တော့   ဘာမှမဟုတ်ဘူးဆိုတာ ဖြစ်သွားပါတယ်။ ဒါကြောင့် တင်ပြလိုတာက ပြဿနာတွေ၊ အခက်အခဲ တွေကို မကြောက်ပါနဲ့၊ ကိုယ်တိုင်ဖြေရှင်းရမယ့်တာဝန်အဖြစ် ခံယူပြီး သတ္တိရှိရှိနဲ့ဆောင်ရွက်သွားဖို့သာ အပြုသဘောအကြံပြုလိုပါတယ်။


အကျိုးတရားတွေ အရှည်မြင်တတ်ရန်လိုပါသည်


အမှန်တကယ် စစ်မှုထမ်းဖြစ်ခဲ့ရင် ရလာနိုင်တဲ့အကျိုးကျေးဇူးတစ်ခုကို ဖွင့်ဟလိုပါတယ်။ ပြောင်းလဲလာနိုင်တဲ့ စစ်ဘက် - အရပ် ဘက်ဆက်ဆံရေးကြောင့် မူလက တပ်မတော်နဲ့ တပ်မတော်သားတွေ အပေါ် မြင်နေတဲ့အမြင်တွေ ခံယူချက်တွေဟာ ပြောင်းပြန်ဖြစ်သွား နိုင်ပါတယ်လို့ ယူဆပါတယ်။ ယခင်က  အဖွဲ့အစည်းနဲ့လူတွေအပေါ် မလိုမုန်းထားမှုတွေ မှုန်ဝါးနေတဲ့အမြင်တွေဟာ  အပြန်အလှန်ခံစား ပေးမှု၊ နားလည်ပေးမှုတွေကတစ်ဆင့် လျော့ပါးကြည်လင်သွားနိုင်ပါ တယ်။ ယခင်က   တပ်မတော်သားကို   ကောင်းကောင်းမမြင်ဖူးခဲ့၊ မကြုံဖူးခဲ့သူတွေ အများကြီးရှိပါတယ်။ တကယ်တမ်း ဆက်ဆံကြည့် တဲ့အခါ သူတို့အပေါ်  ယခင်ကရှိခဲ့တဲ့  ကြောက်စိတ်ဟာ  ရှိတော့မှာ မဟုတ်တဲ့အပြင် စစ်ဘက် အရပ်ဘက်ဆက်ဆံရေးလည်း ပြန်လည် ကောင်းမွန်လာမှာဖြစ်တယ်လို့ ယုံကြည်ပါတယ်။  


အားသာချက်ချည်းလည်းမဟုတ်     အားနည်းချက်တွေလည်း ရှိကြောင်း တွေ့လာရမှာပါပဲ။ ဒါကြောင့် သူများစကားမှာ လမ်းမဆုံးဘဲ ကိုယ်တိုင်လုပ်ကြည့်မှ သိရမယ့်အရာတွေဟာ မိမိတို့ဘဝမှာ အများ ကြီးရှိတယ်လို့သာ တင်ပြချင်တယ်။ ဘယ်တော့မှ သူများစကားမှာ မချင့်ချိန်၊ အယုံမလွယ်ဘဲ ကိုယ်တိုင်သိ၊  ကိုယ်တိုင်လုပ်ပြီးမှ ကိုယ်တိုင် ယုံကြည်လက်ခံလာအောင်   ကြိုးစားသင့်ပါတယ်၊   အမြင်လည်း ကြည်လာမှ ယုံကြည်ချက်၊ ခံယူချက်များ ခိုင်မာလာမှာ ဖြစ်လို့ပါပဲ။
နောက်တစ်ချက် အကြောက်တရားတစ်ခုက စစ်သားဖြစ်ရင် သေဘေးနဲ့နီးမှာ၊ ဒဏ်ရာရ ကိုယ်အင်္ဂါချို့တဲ့နိုင်တာ၊ ပင်ပန်းဆင်းရဲမှာ၊ ဒါတွေလည်း  ကြည့်မယ်ဆို  လက်ရှိတာဝန်နဲ့အတူ  ယှဉ်တွဲလာတဲ့ အရှိတရားတွေပါပဲ။  စစ်ပွဲတွေမှာ ပန်းနဲ့ပေါက်ပြီးတိုက်တဲ့ စစ်ပွဲဆိုတာ  မရှိပါဘူး။ သေချာဆန်းစစ်ရင် လက်ရှိ အရာရှိစစ်သည်တွေက ယခုလို ဘေးအန္တရာယ်တွေကို သိရှိပြီးမှ မျိုးချစ်စိတ်တစ်ခုတည်းနဲ့ တပ်မတော် ထဲ ဝင်ခဲ့ကြသူတွေပါ။ မသေလို့ ကျန်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတွေလည်း အများကြီးရှိပါတယ်။    တစ်သက်မှာတစ်ခါပဲ     သေရမယ့်ဘဝမှာ မြတ်သောသေခြင်းနဲ့သာသေမယ်။      

 

 


တို့နိုင်ငံ၊   တို့ပြည်သူ၊   တို့ဘာသာသာသနာကို     ကာကွယ်ရင်း သူရဲကောင်းပီသစွာ  အသက်စွန့်မယ်ဆိုတဲ့  စိတ်ဓာတ်နဲ့ တပ်ထဲ ဝင်ခဲ့ကြသူတွေပါ။ ဒါကြောင့် စစ်မှုထမ်းတိုင်းလည်း မသေပါဘူးဆိုတာ တင်ပြရင်းနဲ့  ယောက်ျားပီပီသသနဲ့  အရွယ်ကောင်းတုန်း၊ ကျန်းမာ တုန်း နိုင်ငံ့တာဝန်ထမ်းကြဖို့သာ တိုက်တွန်းလိုပါတယ်။ 


အမျိုးသမီးစစ်မှုထမ်းတွေအတွက် သင့်တော်သည့်ကဏ္ဍများရှိသည်


ယနေ့ခေတ်စစ်ပွဲတွေဟာ လူသားအရင်းအမြစ်၊ စီးပွားရေးအရင်း အမြစ် စတဲ့အရင်းအမြစ်တွေအပေါ်မှာ အများကြီးတည်မှီလာပါပြီ။ အထူးသဖြင့်လူသားအရင်းအမြစ်ပါ။ ယောက်ျား၊ မိန်းမ မဟူ တန်းတူ ယှဉ်နေတဲ့ခေတ်ကြီးမှာ မိန်းမတွေကို အားနွဲ့တဲ့ ထိခိုက်လွယ်အုပ်စုထဲ ထည့်သွင်းထားခြင်းဟာ သူတို့အပေါ် ချိုးနှိမ်ရာကျတယ်လို့  မြင်ပါ တယ်။ မြန်မာအပါအဝင် ယနေ့ခေတ်တပ်မတော်များမှာ အမျိုးသမီး စစ်သည်များအနေနဲ့ ကြည်း၊ ရေ ၊  လေ တိုက်ပွဲဝင်တပ်ဖွဲ့အသီးသီးမှာ ယောက်ျားတွေနဲ့ ရင်ပေါင်တန်း  ပါဝင်ထမ်းရွက်နေကြပါပြီ။ ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်သန်းခေါင်စာရင်းအရလည်း မြန်မာနိုင်ငံ ခန့်မှန်းလူဦး ရေ ၅၅ သန်းမှာ အမျိုးသမီးက ၂၈ ဒသမ ၇ သန်း၊ အမျိုးသားက ၂၆ ဒသမ ၃ သန်းနဲ့ အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် ပိုများတာ တွေ့ရတယ်။ နောက်ပိုင်းအခြေအနေတွေအရလည်း အမျိုးသားဦးရေက ယခုဂဏန်းထက် ပိုနည်းပါးနိုင်ခြေလည်းရှိမယ်။ ဘယ်လိုဖြစ်ဖြစ်ပါ။


အမျိုးသမီးလူသားအရင်းအမြစ်ကို တပ်မတော်မှာ သူ့နေရာနဲ့သူ ကျွမ်းကျင်မှုကဏ္ဍအလိုက်   ထိထိရောက်ရောက်   အသုံးချနိုင်ရင် သင့်တော်မယ်ထင်ပါတယ်။ ဥပမာ- ဆေးတပ်ဖွဲ့၊ ဆက်သွယ်ရေး၊ တပ်ထိန်း၊ ပြန်ကြားရေးနဲ့ဖြေဖျော်ရေးလို ကဏ္ဍတွေကို ဆိုလိုပါတယ်။ လက်ရှိအခြေအနေမှာ အမျိုးသမီးတွေကို စစ်မှုထမ်းခွင့်ပေးမထားရင် တောင် ဗော်လံတီယာတောင်းဆိုချက်တွေရှိလာရင် သီးခြားစဉ်းစား ပေးနိုင်ဖို့လည်း အကြံပြုလိုပါတယ်၊၊ 


 တကယ်တမ်း   နိုင်ငံနဲ့   ပြည်သူအတွက်    အရေးကြုံလာရင် အားကိုးရန်က   တပ်မတော်ပဲရှိပါတယ်။ ပြည်သူတွေရဲ့အသက်ကို ကာကွယ်စောင့်ရှောက်ရမယ့်တာဝန်ကလည်း   တပ်မတော်မှာပဲ ရှိပါတယ်။ သို့သော် ပိုပြီးလုံခြုံသွားအောင်၊ ပိုပြီးကာကွယ်နိုင်အောင် အတွက် တပ်မတော်နဲ့ပြည်သူ   အပြန်အလှန်စေတနာထားကြဖို့ လိုအပ်လာပါပြီ။ လက်ရှိအခြေအနေမှာ တပ်မတော်ရဲ့အင်အား ချည့်နဲ့ သွားလို့ မဖြစ်ပါဘူး။ ပြည်သူရဲ့အားဟာ တပ်မတော်အတွက် အားဆေး တစ်ခွက်ဖြစ်သလို တပ်မတော်သားတွေရဲ့ အသက်ခန္ဓာဟာလည်း ပြည်သူ့အတွက်ပဲ  ဖြစ်ပါတယ်။ ဒီအချက်က တပ်မတော်ရဲ့ အလွန် ခိုင်မာတဲ့ခံယူချက်ဖြစ်ပါတယ်။ 


ပြည်သူတွေရဲ့အားနဲ့ တည်ဆောက်ထားတဲ့ တပ်မတော်ရှိနေသရွေ့ တိုင်းပြည်လည်း   အင်အားတောင့်တင်းနေပါမယ်။   နိုင်ငံမလုံခြုံရင် ငါတို့လည်းမလုံခြုံဟု လုံခြုံရေးအမြင်ရှိနေတဲ့ ပြည်သူတွေရှိနေတဲ့ တိုင်းပြည်ရဲ့ ကာကွယ်ရေးအင်အားဟာ ဘယ်တော့မှ ဆုတ်ယုတ်နိုင် ဖွယ်ရာ  မရှိပါဘူး။  ယခုအတည်ဖြစ်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ က နိုင်ငံနဲ့ ပြည်သူကို ကာကွယ်ဖို့ရန် အဓိကဖြစ်ပြီး စစ်ကိုမုန်းလွန်းလို့ ထုတ်ပြန်ခဲ့ခြင်းသာ ဖြစ်ပါတယ်။ နောက်ထပ်နောက်ထပ် စစ်ပွဲတွေ ထပ်မဖြစ်အောင်နဲ့   စစ်ဖြစ်ချင်သူတွေက   ဖန်တီးလာမယ့်စစ်ကို ဟန့်တားနိုင်ဖို့သာ ရည်ရွယ်ထားပါတယ်။ အကယ်၍ ကျူးကျော်စစ် ဖြစ်ခဲ့ရင်လည်း ထိုပြည်သူ့ကာကွယ်ရေးအင်အားနဲ့ပဲ ကျူးကျော်သူ တွေကို အနိုင်ယူဖို့ ဖြစ်ပါတယ်။ အရေးကြီးတာက ကြောက်စိတ်မရှိဖို့၊  မစိုးရိမ်ကြဖို့ပါ။   ကြောက်စိတ်ဆိုတာ    အောင်မြင်မှုရဲ့ရန်သူပါပဲ။ ထို့ကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့အတူ ကြောက်စိတ်မှ ကင်းဝေး ဖို့နဲ့ ထိတ်လန့်မှုတွေ၊ သောကတွေကနေ ဝေးကွာဖို့ ပြည်သူ့စစ်မှုထမ်း ရေးမှာ  နိုင်တဲ့ဘက်က  ပါဝင်ကြဖို့သာ  ရေးသားတင်ပြလိုက်ရ ပါတယ်။            ။