ပြည်သူ့ကြားက ပြည်သူ့စကား အစီအစဉ်ထုတ်လွှင့်မည်

 

နေပြည်တော်    မတ်   ၅
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊  တရား ဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များ နှင့် ပတ်သက်၍  ပရိသတ်များ၏  ရင်တွင်းခံစားချက်  စကားသံများ အား သဇင် FM ၏  “ပြည်သူ့ကြားက ပြည်သူ့စကား”  အစီအစဉ်မှ  “မရပ်တန့်နိုင်သေးတဲ့ အကြမ်းဖက်သတ်ဖြတ်မှုများ”   ခေါင်းစဉ်ဖြင့် မတ် ၆ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွား မည်ဖြစ်သည်။ 
လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “မိဘနှင့်ခွဲခွာပြီး   တစ်မြို့တစ်ရွာတွင်  ပညာသင်ကြားနေရသည့် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ ဖမ်းဆီးခြိမ်းခြောက်ခံရမှုများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့်  ပါဝင် ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့်  အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ   ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ် ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်း နှင့်    ပါဝင်လာသည့် ပရိသတ်များ၏  ဖုန်းနံပါတ်များနှင့်  ကိုယ်ရေး အချက်အလက်များအား    လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း သိရသည်။                        သတင်းစဉ်