ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ  မြန်မာကွန်ဗင်းရှင်းစင်တာကို ကိုဗစ်-၁၉ ကုသရေးစင်တာအဖြစ် ဖွင့်လှစ်


 

ရန်ကုန်   ဇွန်    ၂၈


ရန်ကုန်တိုင်းဒေသကြီး  စီမံအုပ်ချုပ်ရေးကောင်စီ ၏ ကြီးကြပ်မှုဖြင့်   ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက   အကောင်အထည်ဖော်ဆောင်ရွက် ပြီးစီးခဲ့သည့်     မရမ်းကုန်းမြို့နယ်   မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာကို   ကိုဗစ်-၁၉  ကုသရေး စင်တာဖွင့်လှစ်ခြင်းကို    ယနေ့  နံနက် ၉ နာရီက ကျင်းပသည်။
“ကိုဗစ်ရောဂါပိုး       ကူးစက်ခံရသူများကို        ကျန်းမာရေးနှင့်          အားကစားဝန်ကြီးဌာနက        ဖွင့်လှစ်ထားသော         ပြည်သူ့ဆေးရုံကြီးများတွင်    ကုသပေးနေသော်လည်း          ယခင်နှစ်ရန်ကုန်တွင်   ထိတွေ့ကူးစက်မှုနှုန်းအရ         ဆေးရုံခုတင်များ    လုံလောက်မှုမရှိသည့်အတွက် အစိုးရ၊  တပ်မတော်၊      စေတနာရှင်အလှူရှင်များနှင့်    ပရဟိတအဖွဲ့များ အစီအစဉ်ဖြင့်       ကိုဗစ်-၁၉ ကုသရေးစင်တာများ  ထပ်မံ   ဖွင့်လှစ်ကုသပေးခဲ့ကြောင်း။
ယနေ့ဖွင့်လှစ်သော  စင်တာ၏  နေရာထိုင်ခင်း၊  ခုတင်မွေ့ယာ၊  အသုံးအဆောင်များကို    ရန်ကုန် မြို့တော်         စည်ပင်သာယာရေးကော်မတီက လည်းကောင်း ၊     စားသောက်ရေး၊   ပရဟိတအဖွဲ့များ ကူညီပံ့ပိုးရေးနှင့်         သယ်ယူပို့ဆောင်ရေးတို့ကိုတိုင်းဒေသကြီး      စီမံအုပ်ချုပ်ရေးကောင်စီက လည်းကောင်း၊        
ဆေးရုံအုပ်ချုပ်ရေးနှင့်        ရောဂါကုသရေးကို  တိုင်းဒေသကြီး   ကျန်းမာရေးဦးစီးဌာနနှင့် ရန်ကုန် မြို့တော်   စည်ပင်သာယာရေးကော်မတီမှ  ဆရာဝန် များက     ပူးပေါင်းဆောင်ရွက်ရန်    စီစဉ် ဆောင်ရွက် ထားရှိကြောင်း” ကိုဗစ်-၁၉ ကုသရေးစင်တာဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး     စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးက ပြောကြားသည်။
ယနေ့အခြေအနေမှာ   တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉   ထိတွေ့ကူးစက်ခံရသူ    ၈၆၈   ဦးကို ဆေးရုံနှင့်စင်တာအသီးသီးတွင်   လက်ခံကုသပေး လျက်ရှိပြီး မြန်မာကွန်ဗင်းရှင်းစင်တာရှိ ကိုဗစ်-၁၉ ကုသရေးစင်တာတွင်   လူနာ ၁၄ ဦး လက်ခံထားရှိပြီး စုစုပေါင်းလူနာ   ၂၅၀ လက်ခံကုသပေးနိုင်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့်  ကိုဗစ်-၁၉  ကူးစက်ခံရသူများအတွက် ဆေးရုံနှင့်   ကုသရေးစင်တာ ၁၅  နေရာတွင်  ပိုးတွေ့ လူနာ ၂၇၀၀ ကို လက်ခံကုသပေးနိုင်ရန်  အဆင်သင့် ပြင်ဆင်ထားရှိပြီး ခရိုင်လေးခရိုင်တွင် Community – Based Facility Quarantine Center နေရာပေါင်း ၆၀ တွင် လူဦးရေ ၃၆၀၀ ကို  ထားရှိနိုင်ရန်  စီစဉ် ထားပြီးဖြစ်ကြောင်းနှင့်    ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ အစီအစဉ်ဖြင့်     လှိုင်မြို့နယ်ရှိ   စစ်ကြောရေးနှင့်တည်းခိုရေးစခန်းအပါအဝင် တပ်မတော်ဆေးရုံကြီး များတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူလူနာ ၁၈၀၀ ထား ရှိနိုင်ရန်      စီစဉ်ဆောင်ရွက်ထားရှိကြောင်း   သိရ သည်။                       ဆန်းကျော်ဦး (ပြန် /ဆက်)