
နေပြည်တော် ဇွန် ၂၇
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီသည် ဇွန် ၂၆ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် မင်းစုံအပတောရှိ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီး ဌာနက တည်ထောင်ထားသော(၁/၂၀၂၀) ကျေးရွာသုံးထင်းစိုက်ခင်း ၄၅ ဧကနှင့် သစ်တောဦးစီးဌာနက တည်ထောင်ထား သော ကျေးရွာပိုင်ထင်းစိုက်ခင်း တစ်ရွာ နှစ်ဧက၏ ရှင်သန်အောင်မြင်မှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များ မှာကြားသည်။
မှာကြား
ယင်းနောက် ပြည်ထောင်စုဝန်ကြီး သည် နွားထိုးကြီးမြို့နယ်ရှိ သဘာဝ ထိန်းသိမ်းရေး နယ်မြေတစ်ခုဖြစ်သည့် မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့ တောသို့ ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်း တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအလယ်ပိုင်းရှိ အပူပိုင်းဇုန် ခြောက်သွေ့တော ဂေဟစနစ်အတွင်းရှိ မြန်မာ့ဒေသရင်း မျိုးစိတ်များ၊ မျိုးတုံးရန် အန္တရာယ်ကျရောက်နေသော သားငှက် တိရစ္ဆာန်များ ကျက်စားရာ မူလနေရင်း ဒေသဖြစ်သည့် မင်းစုံတောင်ရေရှည် တည်တံ့စေရေးနှင့် စိမ်းလန်းစိုပြည်စေရေး၊ ဒေသခံပြည်သူတို့အတွက် သဘာဝ သယံဇာတအရင်းအမြစ်များ စဉ်ဆက် မပြတ် ရရှိစေရေးနှင့် မြန်မာ့ကြယ်လိပ် များ မျိုးတုံးပျောက်ကွယ် မသွားစေဘဲ ရေရှည်တည်တံ့စေရေးအတွက် ထိန်းသိမ်း စောင့်ရှောက်သွားရေး မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဆည်မြို့နယ် ရဒါန်းချောင်းဆုံ ကြိုးဝိုင်း အကွက်အမှတ် (၅၊ ၁၇၊ ၁၈) အတွင်းရှိ အပူပိုင်းဒေသစိမ်းလန်းစိုပြည် ရေးဦးစီးဌာနက တည်ထောင်ထားသော (၄/၂၀၂၁) အထူးစိမ်း တစ်အုပ်တစ်မ သစ်ပင် ၁၃၉၀ ၊ (၁/၂၀၂၁) ကျေးရွာသုံး စိုက်ခင်း ဧက ၂၀၊ (၁/၂၀၂၀) ကျေးရွာသုံး စိုက်ခင်း ၂၅ ဧက၊ (၃/၂၀၂၀)အခြား စိုက်ခင်း ၃၅ ဧက၊ (၄/၂၀၂၀) အထူးစိမ်း အပင် ၃၀၀၀ နှင့် (၃/၂၀၂၁) အခြားစိုက်ခင်း ၂၅ ဧက၏ ရှင်သန်အောင်မြင်နေမှုများကို လည်းကောင်း ရဒါန်းချောင်းဆုံကြိုးဝိုင်း အကွက်အမှတ် (၁၆၊ ၁၇) အတွင်းရှိ သစ်တောဦးစီးဌာနက တည်ထောင်ထား သည့် (၃/၂၀၁၉) ဂေဟစနစ် ဖြည့်တင်းရေး စိုက်ခင်း ၆၅ ဧက၊ (၂/၂၀၂၀) ဂေဟစနစ် ဖြည့်တင်းရေးစိုက်ခင်း ၇၉ ဧက၏ရှင်သန် အောင်မြင်နေမှုများကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် မန္တလေး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များ ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ၂၀၂၁ မိုးရာသီတွင် မန္တလေးတိုင်းဒေသကြီး အတွင်း လမ်းဘေးဝဲယာ တစ်အုပ်တစ်မ စိုက်ပျိုးမည့် အစီအမံများ၊ ကျေးရွာသုံး ထင်းစိုက်ခင်းများ တည်ထောင်မည့် အစီအမံများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ သတ္တုကဏ္ဍဆိုင်ရာ ကိစ္စရပ်များ၊ ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီတို့ အပြန်အလှန် ပေါင်းစပ်ဆောင်ရွက်ရမည့် ကိစ္စရပ်များ နှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးရာ တက်ရောက်လာသူများက လက်ရှိ ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များ ကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
သတင်းစဉ်