
နေပြည်တော် ဇွန် ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ Novosibirsk မြို့၊ Tolmachevo လေဆိပ်မှ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်သို့ အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်း(MAI)မှ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာရာ Siberian ဒေသ ဒုတိယအုပ်ချုပ်ရေးမှူး Mr. Petuhov Yuri Frogravich ၊ Higher Military Command School ကျောင်းအုပ်ကြီး၊ တပ်မ ၄၁ ယာယီတပ်မမှူးနှင့် တာဝန်ရှိသူ များ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး မှ သံရုံးယာယီတာဝန်ခံ ဦးဇော်လင်းဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ်ကျော်စိုးမိုးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် လိုက်လံ ပို့ဆောင်နှုတ်ဆက်ကြသည်။
ပြန်လည်လိုက်ပါလာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များ အဖြစ် လိုက်ပါသွားကြသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယ ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာမောင်မောင် နိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးသန်းအောင်ကျော်နှင့် မြန်မာ့ တပ်မတော်မှ ထူးချွန်ဆုရ အရာရှိများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ပြန်လည်လိုက်ပါလာခဲ့ကြသည်။
ခရီးစဉ်အတွင်း (၉) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ညီလာခံ (MCIS-2021)သို့ ပါဝင်တက်ရောက် ဆွေးနွေးခြင်း၊ စစ်ဘက်၊ အရပ်ဘက်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း တို့အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက် လေ့လာခဲ့ကြပြီး နှစ်နိုင်ငံ အစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှုနှင့် စစ်ဘက်နည်းပညာဆိုင်ရာ ကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ သုတေသနလုပ်ငန်းကဏ္ဍ၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ နှင့် ယဉ်ကျေးမှုကဏ္ဍတို့တွင် ပိုမိုတိုးတက် ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် မြန်မာစံတော်ချိန် ယနေ့ ည ၁၁ နာရီခန့်တွင် နေပြည်တော် တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိ ကြရာ ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိ ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Nikolay A.Listopadov နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်