(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချပွဲ စည်ကားသိုက်မြိုက်စွာကျင်းပမည်

 

နေပြည်တော်   ဖေဖော်ဝါရီ   ၈

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲ နှင့်  ရိုးရာအစားအစာများ  ခင်းကျင်းပြသရောင်းချပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ  တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ 


အဆိုပါပြပွဲတွင်   တိုင်းဒေသကြီးနှင့်  ပြည်နယ်များမှ   MSME ထုတ်ကုန်များ၊ ဒေသထွက်ကုန်ပစ္စည်းများ၊ လယ်ယာလုပ်ငန်းနှင့် EV ဆိုင်ရာ လျှပ်စစ်ယာဉ်များ၊ ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချ သွားမည့်အပြင် ဂီတဖျော်ဖြေပွဲများကိုလည်း  ထည့်သွင်းကျင်းပသွား မည်ဖြစ်သည်။ 


ထို့ကြောင့်   ပြပွဲအတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ဒေသထွက် MSME ထုတ်ကုန်များ၊ ရိုးရာအစားအစာများကို တစ်နေရာ တည်းတွင် လေ့လာဝယ်ယူစားသုံးနိုင်ပြီး  တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကိုလည်း   လေ့လာနိုင်မည်ဖြစ်သည့် အတွက်  မည်သူမဆို နံနက် ၈နာရီမှ ည ၁၀နာရီ အထိ လွတ်လပ်စွာ လာရောက်လေ့လာဝယ်ယူစားသုံးနိုင်ကြောင်း သိရသည်။ 


    သတင်းစဉ်