
နေပြည်တော် ဖေဖော်ဝါရီ ၈
ကယားပြည်နယ် ရှားတောမြို့နယ် ၌ ဖေဖော်ဝါရီ ၅ ရက်က နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည် အမျိုးသမီး သုံးဦးနှင့် ကလေးသုံးဦးကို တပ်မ တော်က ပစ်သတ်ခဲ့သည်ဟုမဟုတ် မမှန် ဝါဒဖြန့်သတင်းများကို လူမှု ကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေ လျက်ရှိသည်ကို တွေ့ရှိရသည်။
ထိုသတင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဒေသနယ်မြေလုံခြုံ ရေးတာဝန်ရှိသူတစ်ဦး၏ ပြော ကြားချက်အရ ဖေဖော်ဝါရီ ၅ ရက် တွင် ရှားတောဒေသအတွင်း တပ်မတော်မှ နယ်မြေလှုပ်ရှား သွားလာမှု မရှိကြောင်းနှင့် စစ်ဘေးရှောင်များကို သတ်ဖြတ် ခဲ့သည်ဆိုသည်မှာလည်း အခြေ အမြစ်မရှိသည့် သတင်းမှားသာ ဖြစ်ကြောင်းနှင့် အကြမ်းဖက် အားပေးပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ကောလာဟလ သတင်းများကို လုပ်ကြံရေးသား ဝါဒဖြန့်ချိနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်